နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အရပ်သားတွေကို အစ္စရေးစစ်တပ်ဖမ်းဆီးထားတဲ့ ဗီဒီယိုဖိုင်များထွက်ပေါ်လာ

ဂါဇာဒေသမှာ အစ္စရေးစစ်တပ်က ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေရဲ့ ရုပ်ပုံတွေ ဂါဇာလူမှုကွန်ယက်စာမျက်နာတွေပေါ်မှာ ကြာသပတေးနေ့က ပြန့်နှံ့လာခဲ့ပါတယ်။ အဲဒီရုပ်ပုံတွေမှာ ဖမ်းဆီးခံထားရသူတွေဟာ အဝတ်စားတွေချွတ်ပြီး မျက်လုံးကို ပုဝါနဲ့စည်းကာ လမ်းမပေါ်မှာ ဒူးထောက်နေကြရတာပါ။ တချို့ရုပ်ပုံတွေမှာတော့ ဖမ်းဆီးထားသူတွေကို အစ္စရေးစစ်ကားတွေရဲ့ နောက်ခန်းထဲမှာ ထည့်ထားတာကိုတွေ့ရပါတယ်။

လူမှုကွန်ယက်ပေါ်ပြန့်နှံ့လာတဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေနဲ့ နေ့ရက်အတိအကျကို မသိရပေမယ့် အချို့အကျဉ်းသားတွေကိုတော့ ဘယ်သူဘယ်ဝါဆိုတာ ပြောလို့ရတယ်လို့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ပြောပါတယ်။ အများစုကတော့ ဟားမက်စ်စစ်သွေးကြွတွေနဲ့ စပ်ဆက်မှုမရှိကြဘူးလို့ မိသားစုဝင်တချို့က CNN ကို ပြောပါတယ်။

ဥရောပနဲ့ မြေထဲပင်လယ်ဒေသရဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ အဲဒီထဲက ထိန်းသိမ်းခံရသူတစ်ဦးရဲ့ ရုပ်ပုံကို ဖော်ပြပြီး အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းအရပ်သားဒါဇင်ပေါင်းများစွာကို ဖမ်းဆီးနှိပ်စက်မှုတွေပြုလုပ်နေတယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ ဖော်ပြထားပါတယ်။ “ဆရာဝန်တွေ၊ ပညာရှင်တွေ၊ ဂျာနယ်လစ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဒုက္ခသည်တွေကို အစ္စရေးစစ်တပ်က ဖမ်းဆီးနှိပ်စက်တယ်ဆိုတဲ့ အစီရင်ခံစာတွေ မိမိတို့လက်ခံရရှိထားပါတယ်”လို့ ဥရောပ-မြေထဲပင်လယ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဖော်ပြခဲ့တာပါ။

လူမှုကွန်ယက်ပေါ်က ရုပ်ပုံတွေနဲ့ပတ်သက်ပြီးတော့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က မှတ်ချက်ပြုပြောဆိုဖို့ ငြင်းဆိုထားပါတယ်။ အစ္စရေးမီဒီယာတွေကလည်း အဲဒီရုပ်ပုံတွေနဲ့ပတ်သက်တဲ့ ရင်းမြစ်တွေကို ဖော်ပြခြင်းမရှိဘဲ လက်နက်ချက်အညံ့ခံတဲ့ ဟားမက်စ်အဖွဲ့ဝင်တွေအဖြစ်သာဖော်ပြခဲ့ပါတယ်။ ရုပ်ပုံတွေအရတော့ အဲဒီနေရာဟာ ဂါဇာမြို့တော်ရဲ့မြောက်ဘက် ဆင်ခြေဖုံးရပ်ကွက်တစ်နေရာဖြစ်တယ်လို့ သိရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့မေးမြန်းမှုအပေါ် IDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက “အဲဒီနေရာမှာ ပုန်းအောင်းနေရာကနေ ထွက်လာတဲ့ ဟားမက်စ်တွေကို ကျတော်တို့ ဖမ်းဆီးထားတာပါ။ ဘယ်သူတွေက ဟားမက်စ်တွေနဲ့ ဆက်နွယ်မှုရှိသလဲဆိုတာကို စစ်ဆေးမေးမြန်းမှာဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့ ရုပ်ပုံတွေထဲမှာ News Arab သတင်းဌာနရဲ့ သတင်းထောက်တဦးလည်းပါနေတယ်လို့ မိသားစုဝင်တစ်ဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 35 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 41 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်