နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) ထံသို့ ဆရာဝန်တဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်လာ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။

ဒီလ ဒီဇင်ဘာလ (၂) ရက်နေ့က စစ်ကိုင်းတိုင်းကနီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတပ်ကြပ်စိုးထက်အောင်ဟာ ခဲယမ်းကျည်၊ လက်ထိပ်တစ်ခု၊ ဆိုင်ကယ်တစ်စီးကို ယူလာပြီး မိသားစုနဲ့အတူ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) (ယင်းမာပင်ခရိုင်တပ်ရင်း ၃၀) ဆီကို အလင်းဝင်ရောက်လာခဲ့တယ်လို့ ADPRA က ဒီနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၅) ရက်နေ့ကလည်း ကနီပြည့်သူ့ဆေးရုံ ငှက်ဖျားဌာနက PS ရာထူးအဆင့်ရှိ ဦးနေဇာအောင်လည်း လူနာတင်ယာဉ်တစ်စီးနဲ့အတူ ADPRA ဆီကို အလင်းဝင်ရောက်လာခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသူတွေကို ADPRA က ကောင်းမွန်စွာကြိုဆိုခဲ့ပြီး သူတို့ရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ADRPA တာဝန်ခံက ခေတ်မျက်လုံးကို ပြောပါတယ်။

ထပ်မံအလင်းဝင်လာမယ့်သူတွေကိုလည်း ကြိုဆိုသွားမှာဖြစ်ပြီး ထိုက်သင့်တဲ့ဆုကြေးလည်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း လက်နက်ချသူတွေကိုတော့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူမယ်လို့ သိရပါတယ်။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) ဟာ တော်လှန်ရေးအစကတည်းက ကိုယ်ပိုင် အိမ်ခြံမြေတွေ ရောင်းချပြီး ကိုယ်ပိုင်ငွေများနဲ့ တည်ထောင်ထားတဲ့ တပ်ဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

တော်လှန်ရေးအစမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Fundraiser အကြား ပြဿနာများ ဖြစ်ခဲ့ကြပြီးကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် ဦးနိုင်ထူးအောင်က ADPRA ဆိုတာ ဘယ်အဖွဲ့လည်း မသိကြောင်း ပြောဆိုခံခဲ့ရတဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာနက ADPRA ရဲ့ တပ်ရင်းတစ်ခုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၀ အနေနဲ့ အသိအမှတ်ပြုထားပြီး အခြားတပ်ရင်းတွေကိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ရပ်တည်နေတဲ့အဖွဲ့တစ်ခု ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီမယ်ဆိုပြီး BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 33 Views
စက်တင်ဘာလ (၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီသွားမယ်ဆိုပြီး နယ်ခြားစောင့်တပ်(BGF)က စက်တင်ဘာလ (၃)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ BGF ရဲ့
မြန်မာသတင်း

(၈)လတာထဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 42 Views
စက်တင်ဘာလ (၅)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၁၈)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့
မြန်မာသတင်း

“ ဝ” ဒေသထဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 59 Views
စက်တင်ဘာလ (၅)ရက်။ UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်နဲ့ ပန်လုံမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်ဆိုပြီး အသိပေးပြောဆိုတာတွေရှိတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ “ ဝ” ပြည်နယ်
မြန်မာသတင်း

ကျောက်ကြီး-မုန်းကားလမ်းပိုင်းကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 54 Views
စစ်တပ်ဘက်က ဒုရင်းမှူးနဲ့ တပ်ခွဲမှူးအပါ (၆)ဦးသေဆုံးပြီး (၁၆)ဦးဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန် စက်တင်ဘာလ (၅)ရက်။ စက်တင်ဘာလ (၂)ရက်နေ့က ကျောက်ကြီး-မုန်း ကားလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးပိုင်းဆိုင်ရာအခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ သားဖြစ်သူပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 44 Views
စက်တင်ဘာလ (၅)ရက်။ စစ်တပ်ရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် အရေးပေါ်စိုးရိမ်ချက်ဆိုကာ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့မှာ ပြောဆိုလာခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော့မိခင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၀)ရှိပြီဖြစ်ပြီး နှလုံးပိုင်းဆိုင်ရာ အခြေအနေတွေ
မြန်မာသတင်း

ကျောက်မဲမြို့ရှိ ကျေးရွာ(၂)ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ၊ 

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 69 Views
ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး စေတီပုထိုးနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ စက်တင်ဘာလ (၄)ရက်။ ဒီကနေ့ တရက်ထဲ ကျောက်မဲမြို့ရှိ ပန်သပြေရွာနဲ့ ပန်ကွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိသူတဦး သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 73 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိတဲ့ မြတ်ကိုကိုဆိုသူဟာ သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ သူက ဟုမ္မလင်း ချင်းတွင်းမြစ်ကူးတံတားထိပ် ကတ်သာရွာဘက်ခြမ်းမှာ လုံခြုံရေးကျနေတဲ့အချိန် သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ပြီး
မြန်မာသတင်း

မတ္တရာရှိ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 73 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်မှာ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီလောက် စစ်တပ်က မတ္တရာရှိ ဆည်တော်ကြီး