နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ စစ်ရေးသတင်း မြန်မာသတင်း

ရက္ခိုင့်တပ်‌တော် (AA) စစ်ကောင်စီရဲ့ အရေးပါတဲ့ ပလက်ဝက “နှုးဘူးဗျူဟာ” ကို တိုက်ခိုက်သိမ်းပိုက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ခေတ်မျက်လုံး။

နောက်ထပ်အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးတဲ့ “နှုးဘူးဗျူဟာ” ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်မှာ ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီနှုးဘူးဗျူဟာကို နိုဝင်ဘာလ (၁၄) ရက်၊ မနက် (၉) နာရီ (၂၅) မိနစ်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၂၇) ရက်မြောက်အကြာမှ ဗျူဟာကုန်းတစ်ခုလုံးအား သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပလက်ဝမြိုနယ်အတွင်းရှိ စစ်ကောင်စီ အခိုင်အမာ စခန်းချထားတဲ့ ဗျူဟာကုန်း (၂) ခု ဖြစ်တဲ့ “တရွန်အိုင်ဗျူဟာ” နဲ့ “နှုးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ကစပြီး ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ “ တရွန်အိုင်ဗျူဟာ” ကုန်းတစ်ခုလုံးအား ထိုးစစ် (၂၁) ရက်အကြာ၊ ဒီဇင်ဘာလ (၄) ရက်နေ့၌ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်‌တော်ဘက်က ထိုးစစ်ကို တစ်ရက်မှရပ်နားခဲ့ခြင်းမရှိခဲ့ဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့ပေမယ့် ဗျူဟာကုန်းစခန်းကို မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ရပြီးနောက် ရယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ နှုးဘူး” ဗျူဟာမှူး အလောင်းအပါအဝင် ရန်သူ့အလောင်းချို့နဲ့ လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးတဲ့ စခန်းတွေကိုဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပေါက်တောမြိုတွင်းတိုက်ပွဲဟာလည်း အရင်ရက်တွေလိုပဲ ပုံမှန်ဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၁) ရက်၊ ညနေ (၆) နာရီ (၁၀) မိနစ်ဝန်းကျင်မှာ အမ်းမြိုနယ်အတွင်းရှိ စစ်ကောင်စီရဲ့ ကဇူးကိုင်း၊ “ တောဟိန်းတောင်” ဗျူဟာကနေ အမ်းမြိုနယ်၊ တဲဖျားရွာအနီးနဲ့ ညနေ (၇) နာရီ (၅၆) မိနစ် အချိန်ခန့်မှာ အမ်းမြိုနယ်၊ ဒလက်ချောင်းအတွင်းရှိ စစ်ကောင်စီ စခန်းကုန်းတစ်ခုမှ အမ်းမြိုနယ်၊ သက်ချောင်းဘုရား အနောက်တောင်ဘက် တောင်တန်းရှိ ရက္ခိုင့်တပ်တော်၊ တပ်ဖွဲဝင်တွေရှိရာကို လက်နက်ကြီးတွေအိမ်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ်အတွင်း အခိုင်အမာ စခန်းချကာ ပြည်သူလူထုအား နှစ်ရှည်လများ ဒုက္ခပေးနေခဲ့တဲ့ “နှုးဘူး ဗျူဟာကုန်း” စခန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ အာရက္ခ စစ်သည်တော်တွေနဲ့ ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်တွေအားလုံးကို လေးနက်စွာဂုဏ်ပြု မှတ်တမ်းတင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့နေရာ ဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကုလားတန်စီမံကိန်းထဲမှ ပလက်ဝ-ဇိုရမ်ပူကားလမ်း ပြန်လည်ဖောက်လုပ်နေမှုကို ၅ နှစ်အတွင်း အပြီးဆောင်ရွက်မယ်လို့ စစ်ကောင်းစီဘက်က ပြောထားပါတယ်။

အိန္ဒိယနိုင်ငံအတွက်လည်း အရေးကြီးတဲ့စီမံကိန်းတခုဖြစ်တဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွဲ့ဖြိုးတိုးတက်ရေး စီမံကိန်းကို မြန်မာအစိုးရနဲ့ အိန္ဒိယ အစိုးရကြား ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၀၉ခုနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကုန်းတွင်းပိုင်းဒေသတွေအတွက် ကုန်ပစ္စည်းတွေကို ဘင်္ဂလားပင်လယ်အော်က တဆင့် ရခိုင်ပြည်နယ် စစ်တွေနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို ဖြတ်ပြီး ရေလမ်း ကုန်းလမ်းကနေ ပို့ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 22 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 20 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 24 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 26 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ တအာင်းပညာရေးရန်ပုံငွေထီကို တအာင်းပြည်ရဲ့ ပညာရေးကို ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ နိုင်ငံရေးမတည်ငြိမ်တာနဲ့
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 35 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း