နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG ကာကွယ်ရေးဒုဝန်ကြီး ရေးမြို့နယ်ရှိ တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ MOD ထုတ်ပြန်

ဒီဇင်ဘာလ (၁၄)ရက်။

NUG ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းက တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒီဇင်ဘာလ (၁၁) ရက်မှာ တွေ့ဆုံခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ စစ်ဆင်ရေးကိစ္စရပ်တွေ၊ PDF တပ်ဖွဲ့စည်းမှုဆိုင်ရာကိစ္စရပ်တွေ၊ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) ကိစ္စရပ်တွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပြည်သူ့တော်လှန်ရေးရဲဘော်တွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေနဲ့ အခြေအနေတွေကိုလည်း တင်ပြဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲမှာ ပြည်သူ့တော်လှန်ရေးအလံတော်ကို အလေးပြုတာနဲ့ နွေဦးတော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆန့်ကျင်တာတွေမှာ ကျဆုံးခဲ့သူတွေကို ဂုဏ်ပြုဦးညွှတ်တဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

တွေ့ဆုံပွဲကို တောင်ပိုင်းတိုင်းစစ်ဒေသတာဝန်ရှိသူတွေ၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း (၁)၊ ရေးပြောက်ကျားတပ် (YGF)၊ YDF၊ MSRO နဲ့ Ye Air Force စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA ပူးပေါင်းတပ်‌တို့ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 10 Views
ဇူလိုင်လ (၈)ရက်။ မနေ့က မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 8 Views
မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့ ဇူလိုင်လ (၈)ရက်။ ဒီကနေ့
မြန်မာသတင်း

မြစ်ကြီးနားရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 12 Views
ဇူလိုင်လ (၈)ရက်။ မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဖြစ်တာကတော့ စီတာပူရပ်ကွက်ထဲက စကစအဖွဲ့ဝင် ဒေါ်ဒွဲဘူနေအိမ်
မြန်မာသတင်း

ဖယ်ခုံအနောက်ဘက်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ကလေးငယ်တစ်ဦးအပါအဝင် စစ်ရှောင်မိသားစုဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 13 Views
ဇူလိုင်လ (၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ဖယ်ခုံအနောက်ဘက်ရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။ “ ဖယ်ခုံအနောက်ဘက်က စစ်ရှောင်စခန်းကို စကစက လေကြောင်းကနေ ဗုံးကြဲတာ။ (၃)လုံး (၁)နေရာနဲ့
မြန်မာသတင်း

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 26 Views
မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ ဇူလိုင်လ (၇)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်ခန့်က မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို လက်ပစ်ဗုံးနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army(TPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

နောင်ချိုမြို့ရှိ ‌ကျေးရွာအချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 20 Views
ဇူလိုင်လ (၇)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ်ရှိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊
မြန်မာသတင်း

အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 20 Views
ဇူလိုင်လ (၇)ရက်။ စစ်အုပ်စုရဲ့ယန္တရားဟာ တဖြည်းဖြည်းယိုယွင်းလာနေပြီး အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၆၃)နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့
မြန်မာသတင်း

လယ်ဒိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 17 Views
ဇူလိုင်လ (၇)ရက်။ ဇူလိုင်လ (၅)ရက်နေ့ ညနေ (၅)နာရီ (၅၀)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ တောကြောင်ပေါက်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နတ်သံကွင်းအထိုင်တပ်စခန်းကနေ ဒရုန်းနဲ့