နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခမ်းပါတ်မြို့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ CNDF ရဲဘော်ရုပ်အလောင်းတွေ့ရှိ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။

ဒီဇင်ဘာလ ၅ ရက်နေ့ ခမ်းပါတ်မြို့အဝင်မှာ စစ်ကောင်စီက ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့ကြတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အဖွဲ့ဝင်တစ်ဦးရဲ့ရုပ်အလောင်းကို မနေ့လ ဒီဇင်ဘာလ (၁၃) ရက်နေ့ ခမ်းပါတ်မြို့အနီးမှာ တွေ့ရှိပြီလို့ CNO/CNDF UCR က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတဲ့သူဟာ ရဲဘော် ဆလိုင်းထောင်ဟူလျန် (Salai Thawng Hu Lian) လို့ သိရပါတယ်။

ဒီဇင်ဘာလ (၆) ရက်နေ့ မနက်စောစောမှာ ခမ်းပါတ်မြို့အဝင်တွင် စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးရဲဘော် ၆ ဦးကို ဖမ်းဆီးခဲ့ရာ နေရာမှာပင် လေးဦးကို သတ်ဖြတ်ခဲ့ပြီး ရဲဘော် ဆလိုင်းထောင်ဟူလျန်နဲ့ နောက်တစ်ဦးကိုတော့ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ ၎င်းတို့ထဲက တစ်ဦးကတော့ ဒဏ်ရာတွေနဲ့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

နယ်မြေခံ ဒေသခံတွေက ခမ်းပါတ်ပကဖတွေဆီကို စစ်ကောင်စီစစ်ေကြာင်းတွေ ပြန်လည်တက်လာနေတယ်လို့ သတင်းပေးခဲ့ပေမယ့် မယုံကြည်ခဲ့တဲ့အတွက် အခုလို အဖြစ်ဆိုး ကြုံခဲ့ရတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ခေတ်မျက်လုံးကို ဆက်သွယ်ပြောကြားလာပါတယ်။ အသတ်ခံရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးရဲ့ ဓာတ်ပုံတွေကိုလည်း ပို့ပေးခဲ့ပါတယ်။

ကြည့်ရှုလိုသူတွေ ခေတ်မျက်လုံးရဲ့ ဝက်ဆိုဒ်က အောက်ကလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ရဲဘော် ဆလိုင်းထောင်ဟူလျန်ရဲ့ အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ယာယီစခန်းချတဲ့နေရာမှာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်းတခြား ကိုယ်တခြား ဖြစ်နေတယ်လို့ သိရပါတယ်။ လက်တဖက်လည်း လက်မောင်းရင်းကနေ ဖြတ်ထားတယ်လို့ သိရပါတယ်။ ရဲဘော်ဆလိုင်းထောင်ဟူလျန်ရဲ့ ရုပ်အလောင်းကို မနေ့က ဒီဇင်ဘာလ ၁၃ ရက်နေ့ ညမှာပဲ သဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို တိုင်းပြည်နဲ့ လူမျိုးအတွက်အသက်ပေးလှူသွားကြတဲ့ရဲဘော်များကို နှမြောသလို ဝမ်းနည်းကြောင်းနဲ့ ကျန်ရှိ နေသေးတဲ့လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ CNO/CNDF UCR က မနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယ နယ်စပ်ဖြစ်တဲ့ ကလေးမြို့နဲ့ တမူးမြို့ကြားက ခမ်းပါတ်မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ နိုဝင်ဘာလ (၇) ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားသလို NUG, MOD ကလည်း ခမ်းပါတ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ခမ်းပါတ်မြို့ဟာ အိန္ဒယ-မြန်မာ ဆက်သွယ်ရေး လမ်းမကြီးဖြစ်ပြီးစစစ်ကောင်စီအတွက် အလွန်အရေးပါတဲ့မြို့ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း အင်အားတိုးချဲ့ပြီး ပြန်သိမ်းဖို့လုပ်နေသလို လေကြောင်းကနေလည်း နေ့တိုင်းနီးပါး တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ခမ်းပါတ်မြေပြင်တိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။ လက်ရှိအချိန်မှာ Federal Wing ဒရုန်းတပ်က ဒရုန်းတစ်လုံးတည်းနဲ့ တိုက်ခိုက်နေရပြီး ဘက်ထရီက လေးလုံးတည်း ရှိတဲ့အတွက် တခါပျံသန်းပြီးရင် ဘက်ထရီအား ပြန်သွင်းရတဲ့အတွက် ထင်သလောက် ခရီးမပေါက်ဘူးလို့ ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆောမြို့မှာ ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျတရားခံတဦး ထွက်ပြေးလွတ်မြောက်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 17 Views
ဇွန်လ (၁၅)ရက်။ ဆောမြို့မှာ NUG လက်အောက်ခံ မြို့နယ်ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျခံနေရတဲ့ တရားခံတဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ကော်သူးလေတည်ထောင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 17 Views
ဇွန်လ (၁၅)ရက်။ “ ကော်သူးလေ” တည်ထောင်ဖို့ကို အင်တိုက်အားတိုက် ကြိုးပမ်းတည်ဆောက်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၇)နှစ်မြောက် ကော်သူးလေနေ့မှာ
မြန်မာသတင်း

စိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ ရပ်တန့်ဖို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 17 Views
ဖမ်းမိတဲ့သူတွေထဲ လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးရဲဘော်အနေနဲ့ တာဝန်ပေးမယ်လို့ဆို ဇွန်လ (၁၅)ရက်။ ‌တော်လှန်ရေးစိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ အကြီးအကျယ် လုပ်ကိုင်နေတာကို တိုင်ကြားလာတာတွေရှိတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလောင်းကစားဝိုင်းတွေကြောင့် အိုးမဲ့အိမ်မဲ့ စာရိတ္တတွေ ပျက်စီးတဲ့အထိ
မြန်မာသတင်း

မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေထဲ တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွားခဲ့၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 18 Views
ဇွန်လ (၁၅)ရက်။ မေလနဲ့ အခုလပထမအပတ်ထဲ မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေမှာ ပြောက်ကျားတိုက်ပွဲပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြောက်ကျားတိုက်ပွဲတွေထဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးနယ်မြေထဲ
မြန်မာသတင်း

CDF-Zophie ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ဇိုဖေရမ်ကောင်စီ ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 15 Views
စစ်အုပ်စုရဲ့ လိမ်လည်တာတွေကို နားမယောင်ဘဲ ဆက်လက်တော်လှန်ဖို့ တိုက်တွန်းထား ဇွန်လ (၁၃)ရက်။ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့‌အပေါ် ပြင်းပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဇိုဖေရမ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇိုဖေရမ်ကောင်စီရုံးစိုက်ရာနေရာဖြစ်တဲ့ CDF-Zophei
မြန်မာသတင်း

ချောင်းဦးမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး (၄)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 19 Views
ဇွန်လ (၁၃)ရက်။ အခုလပထမအပတ်ထဲ ချောင်းဦးမြို့ကို စစ်တပ်က (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်စစ်ကြောင်းဟာ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့ရာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

“မြန်မာ့အချုပ်အခြာတရုတ်လက်ထဲထိုးအပ်လိုက်ပြီလား”

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 13 Views
ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၁)မှာ ဆွေးနွေး တင်ပြမဲ့အကြောင်းအရာကတော့ “မြန်မာ့အချုပ်အခြာ တရုတ်လက်ထဲ ထိုးအပ် လိုက်ပြီလား”ဖြစ်ပါတယ်။ တရုတ်အစိုးရကမြန်မာနိုင်ငံပြည်တွင်းရေးကိုနိုင်ငံခြားပယောဂတွေဝင်လာမှာ ဝင်ရောက် စွက်ဖက်တာကို လုံးဝလက်မခံဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကပြောခဲ့သလို မင်းအောင်လှိုင် လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း ထောက်ခံ အသိအမှတ်
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 17 Views
ဇွန်လ (၁၃)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်ထားတယ်လို့ People Movement Platform ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်လုံးကျွတ်လှုပ်ရှားမှုကို ဇွန်လ (၁၉)ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့