နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွိုင်ကော်မြို့ထဲ အရပ်ဝတ်နဲ့ WY ဆေးပြားတွေသယ်ဆောင်သွားလာတဲ့ ရဲတပ်သားတစ်ဦးကို KNDF ဖမ်းမိ

ဒီဇင်ဘာလ (၁၅)ရက်။

ကရင်နီပြည်၊ လွိုင်ကော်မြို့ထဲမှာ အရပ်ဝတ်နဲ့ WY ဆေးပြားတွေ သယ်ဆောင်သွားလာနေတဲ့ ရဲတပ်သားတစ်ဦးကို ဒီဇင်ဘာ (၁၁)ရက်နေ့က ဖမ်းမိခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီရဲတပ်သားနဲ့အတူ သယ်ဆောင်လာတဲ့ အိတ်ကို စစ်ဆေးခဲ့ရာ လက်ပစ်ဗုံး(၃)လုံး၊ WY ဆေးပြား (၁၂)ပြား၊ လက်ကိုင်ဖုန်း (၂)လုံးနဲ့ ငွေသားအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိခဲ့တဲ့ ရဲတပ်သားဟာ တင်မောင်နိုင်ဆိုသူဖြစ်ပြီး လွိုင်ကော်မြို့၊ တောင်ဈေးအနီးက KBZ ဘဏ်မှာ တပ်စွဲထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူဟာ WY ဆေးပြားတွေကို အပြင်ကဝယ်ယူကာ တပ်ဖွဲ့ဝင်တွေထံ ပြန်လည်ရောင်းချနေသူဖြစ်ပြီး အခုဖြစ်စဉ်မှာလည်း အပြင်မှာ ဆေးပြားတွေဝယ်ယူဖို့ အရပ်ဝတ်နဲ့ သွားလာနေချိန် KNDF ရဲဘော်တွေက ဖမ်းမိခဲ့တာပါ။

ဖမ်းဆီးရမိခဲ့တဲ့ ရဲတပ်သား တင်မောင်နိုင်ကို သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန(KSP)လက်ထဲကို အပ်နှံခဲ့ပြီးဖြစ်တယ်လို့ KNDF တပ်ရင်းအမှတ်(၅)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 11 Views
ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ ဒီဇင်ဘာလ (၉)ရက်။ ဒီဇင်ဘာလ (၇)ရက်နေ့
မြန်မာသတင်း

သစ်တောဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရတာ‌တို့ကြောင့် သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ သယံဇာတဝန်ကြီးဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 15 Views
ဒီဇင်ဘာလ (၉)ရက်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍရဲ့ သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 29 Views
အစိုးရအဖွဲ့ ပြုပြင်ပြောင်း‌လဲရေး အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုပြုပြင်ပြောင်းလဲတာ ပထမအဆင့်လို့ဆို ဒီဇင်ဘာလ (၉)ရက်။ NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်သူထံ အသိပေးတဲ့မိန့်ခွန်းမှာ
မြန်မာသတင်း

ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားအနီး အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 26 Views
ဒီဇင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေလူကူးတံတားအအနီးမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်ထံက သိရပါတယ်။ “ ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားနားမှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တာနဲ့ မနက်ဖြန်ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ
မြန်မာသတင်း

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးနှင့် တိုဟိုကုဒေသများတွင် အင်အား မဂ္ဂနီကျူ ၇ ဒဿမ ၆ ပြင်းအားရှိသော ငလျင်လှုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 31 Views
ဒီဇင်ဘာလ (၈) ရက်။ အရေးပေါ်သတင်း။ ဒီနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ဟိုကိုင်းဒိုး (Hokkaido) နှင့် တိုဟိုကု (Tohoku) ဒေသများတွင် မဂ္ဂနီကျူ ၇ ဒဿမ
မြန်မာသတင်း

စစ်ကောင်စီနဲ့ အပစ်ရပ်ရေးထိုးတာ တော်လှန်ရေးကို မထိခိုက်စေဘဲ ခရီးဆုံးအထိ ဆက်လျှောက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 27 Views
ဒီဇင်ဘာလ (၈)ရက်။ စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲရေး ရေးထိုးတာဟာ တော်လှန်ရေးပန်းတိုင်နဲ့ မျှော်မှန်းချက်ကို ထိခိုက်မှာမဟုတ်ဘူးလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲဖို့ ရေးထိုးထားပေမယ့် ခရီးလမ်းဆုံးတံ့အထိ ဆက်လျှောက်လှမ်းနေမှာဖြစ်တယ်လို့
မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ခန်းမ ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲ (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 25 Views
ဒီဇင်ဘာလ (၈)ရက်။ ဒီဇင်ဘာလ (၆)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က မြောက်ဥက္ကလာပမြို့နယ်ခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို လက်လုပ်မိုင်း၊ နာနတ်သီးတွေနဲ့ တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ လုံခြုံရေးယူထားတဲ့ ရဲခွေးတွေ
မြန်မာသတင်း

ဂွအခြေစိုက် ခမရ(၅၆၃)က စစ်တပ်ဘက်က ဒုတပ်ကြပ်အပါအဝင် (၄)ဦး ဘက်ပြောင်းလာတယ်လို့ PRA-Magway ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 31 Views
ဒီဇင်ညာလ (၈)ရက်။ အမ်း-ပဒန်းလမ်းပိုင်းရှိ ဇင်ပြွန်းရွာအနီးမှာ စစ်တပ်ရဲ့ ဒုတပ်ကြပ်အပါအဝင် တပ်ဖွဲ့ဝင် (၄)ဦး ပြည်သူ့ဘက်ကူးပြောင်းလာခဲ့တယ်လို့ PRA-Magway ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ တပ်ဖွဲ့ဝင် (၄)ဦးဟာ ဂွမြို့အခြေစိုက် ခမရ(၅၆၃) လက်အောက်ခံတပ်ရင်းကဖြစ်ပြီး