နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တအာင်းဒေသ နမ့်ဆန်မြို့ကို တအာင်းတပ်မတော် (TNLA) သိမ်းပိုက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။

ဒီနေ့ ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ ၆ ရက်ကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တအာင်းဒေသ နမ့်ဆန်မြို့ကို တအာင်းတပ်မတော် (TNLA) က သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းဌာန ရွှေဖီမြေမှာ ဖော်ပြလာပါတယ်။

တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး နောက်ဆုံး ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ ဗျူဟာကုန်းကို ဒီနေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းနဲ့ အကြိမ်များစွာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၈ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗျူဟာကုန်း သိမ်းပိုက်ရရှိပြီးနောက် ထွက်ပြေးသွားတဲ့ ဗျူဟာမှူးနဲ့ အဖွဲ့ဝင် ၅ ဦးကို စစ်တပ်ဘက်က ရဟပ်ယာဉ်နဲ့ လာရောက် ကယ်ဆယ်ဖို့ လုပ်ပေမဲ့ မကယ်နိုင်ခဲ့ဘဲ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲပြီးသွားပေမဲ့ စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီသတင်းဌာနတွေနဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ဖော်ပြထားတာမရှိသေးပါဘူး။

ဒေသခံတွေကို ခေတ်မျက်လုံးက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။

အသေးစိတ်ထုတ်ပြန်ချက်များကို ဆက်လက်ဖော်ပြသွားပါ့မယ်။

ဓာတ်ပုံ။ ရွှေဖီမြေသတင်းဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မတ္တရာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 9 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က မတ္တရာမြို့နယ်ရှိ ဆောက်ခြုံပေါက်ရွာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့
မြန်မာသတင်း

မင်းတုန်းမြို့နယ်ထဲ ဘယ်လက်နက်ကိုင်အဖွဲ့မဆို စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေဆီ ခွင့်ပြုချက်ယူရမယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 10 Views
နိုဝင်ဘာလ (၂၁)ရက်။ မင်းတုန်းမြို့နယ်ထဲ ဘယ်အဖွဲ့မဆို လက်နက်တွေနဲ့ သွားလာတာ၊ စစ်ရေးလှုပ်ရှားတာနဲ့ စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေက သဘောတူခွင့်ပြုမှသာ ပြုလုပ်ဖို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

မြင်းခြံမြို့ (၇)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီရဲ့ (၂)ပွင့်ဗိုလ်အပါအဝင် (၃၆)ဦး သေ‌ဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 3 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ မြင်းခြံမြို့တောင်ဘက် (၅)မိုင်ခန့်အကွာက Myingyan Black Tiger ရဲ့ စစ်ကြောင်း(၃) စစ်ရေးလှုပ်ရှားနယ်မြေထဲကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးတပ်တွေဘက်က ခုခံစစ်အနေနဲ့ တိုက်ခိုက်ခဲ့ရာ
မြန်မာသတင်း

မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် ညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 6 Views
နိုဝင်ဘာလ (၂၁)ရက်။ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့ကပြုလုပ်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ မူလခန့်မှန်းခြေနဲ့ ပြုပြင်ပြီးခန့်မှန်းခြေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မူလက
မြန်မာသတင်း

အာရက္ခရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား (၂၀)ဦးကို AA က ပြန်လွှဲပြောင်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 3 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၇)ရက်နေ့က ‌အာရက္ခရေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က ငါးခိုးဖမ်းနေတဲ့
မြန်မာသတင်း

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 14 Views
နိုဝင်ဘာလ (၂၀)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာအကဲခတ်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့သလို တရုတ်ဝန်ကြီးချုပ်အပါအဝင် (၄)နိုင်ငံက ဝန်ကြီးချုပ်တွေနဲ့ သီးခြားတွေ့ဆုံချိန်
မြန်မာသတင်း

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက‌နေ စုံစမ်းတွေ့ရှိတဲ့ မဲစာရင်းတွေကို လေ့လာနိုင်ဖို့ဆိုပြီး စစ်ကောင်စီပြင်ဆင်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 9 Views
နိုဝင်ဘာလ (၂၀)ရက်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက မဲစာရင်းတွေကို ‌လေ့လာနိုင်ဖို့ဆိုပြီး  Website နဲ့ Mobile Application တို့ကို စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းတွေနဲ့ပတ်သက်ပြီး
မြန်မာသတင်း

တန့်ယန်းမှာ ကျားဖျန့်လုပ်ကိုင်သူ (၁၀၀၀)ကျော်ကို “ ဝ” တပ်ဖမ်းဆီး၊ တရုတ်နိုင်ငံသား (၇၀၀)ကျော်ကို တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 9 Views
နိုဝင်ဘာလ (၂၀)ရက်။ “ ဝ” တပ် UWSA ဝင်ရောက်ခဲ့တဲ့ တန့်ယန်းမြို့ထဲ ကျားဖျန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် (၁၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ WSTV ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UWSA တပ်စွဲကင်းလှည့်နေတဲ့ တန့်ယန်းမြို့အနီးတဝိုက်မှာ