နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

1027 Operations

1027 Operations

သိန္နီမြို့နယ် ရွာသူကြီးများကို ကိုးကန့်တပ် (MNDAA) က အစည်းအဝေးခေါ်ပြီး အရေးကြီးအချက် ၆ ချက် အမိန့်ပေး ညွှန်ကြားဟုဆို

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်၊ ခေတ်မျက်လုံး။

ရှမ်းပြည် သိန္နီမြို့နယ်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နိုင်ရန် ကျေးရွာက ရွာသူကြီးတွေကို အစည်းအဝေး ခေါ်ယူတွေ့ဆုံပြီး အရေးကြီး အချက် (၆) ချက်ကို အမိန့်ပေးခဲ့တယ်လို့ ရှမ်းပြည်အခြေစိုက် သတင်းဌာနများမှာ ဖော်ပြလာပါတယ်။

ဒီဇင်ဘာလ ၁၆ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ သိန္နီမြို့နယ်အတွင်းမှာရှိတဲ့ စယ်အူနဲ့ နမ့်စလပ်ကျေးရွာအုပ်စုတွေက ရွာသူကြီးတွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဆင့်ခေါပြီး သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် အချက် (၆) ချက် ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ အချက်တွေကတော့ (၁) ကိုးကန့်တပ်ဖွဲ့ထံ ဆရာဝန်၊ ဆရာ/ ဆရာမများကို စာရင်းပေးပို့ရန်၊ (၂) ကိုးကန့်စစ်သားများ ပြည်သူများကို အနိုင်ကျင့်လျှင် တိုင်ကြားရန် (၃) ကိုးကန့်တပ်က ဦးဆောင်ပြီး ကူးသန်းရောင်းဝယ်ရေး အဆင်ပြေရန် လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်း။ (၄) ကိုးကန့်တပ်ထိန်းချုပ်နယ်မြေထဲ အခြားတပ်များက ဆက်ကြေးလာကောက်ရင် လုံးဝ မထည့်ရန် (၅) အင်တာနက်သုံးတဲ့ လူစာရင်းပေးရန် (၆) မူးယစ်ဆေးဝါး၊ ရာမဆေးပြား သုံးတဲ့သူတွေကို ဖမ်းမိရင် ပြန်မလွှတ်ပေးဘဲ စစ်သားအဖြစ် စုဆောင်းရမယ် ဆိုတဲ့အချက်တွေဖြစ်ပါတယ်။

ကိုးကန့်တပ် MNDAA က ဆင့်ခေါ်သည့် ဒီအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်က စယ်အူအထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပြီး သိန္နီမြို့နယ်အတွင်းရှိ စယ်အူနဲ့ နမ့်စလပ်ကျေးရွာအုပ်စုများမှ ရွာသူကြီးတွေနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA က တာဝန်ရှိသူတွေ စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ်တပ်က ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်ဟာ ကိုးကန့်တပ် MNDAA က သတ်မှတ်ထားတဲ့ အထူးဒေသ (၁) မှာ ပါဝင်ပြီး ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီ (မူပန်) ခရိုင်နဲ့ မုံးကိုးခရိုင် ဆိုပြီး ဖွဲ့စည်းထားကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်သတင်းဌာနကို ပြောဆိုထားပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေတယ်လို့ကြေညာထားတဲ့ ပန်ဆိုင်း (ကြူကုတ်) မြို့မှာလည်း သန်းခေါင်စာရင်း ကောက်ယူနေပြီး အသက် ၁၅ နှစ်အထက် အမျိုးသားများတင်မကဘဲ အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ဒီဇင်ဘာ ၄ ရက်နေ့က လာရောက်ခေါ်ဆောင်နေကြောင်း ပန်ဆိုင်းမြို့ ဒေသခံတွေ ပြောကြားတယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က အသက်မပြည့်သေးတဲ့လူငယ်တွေ အပါအဝင် အမျိုးသား ၂၀ နီးပါးခန့်ကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အချို့လူငယ်တွေ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပြီး အခုတကြိမ် ခေါ်ယူတဲ့ အစည်းအဝေးမှာ စစ်မှုထမ်းကိစ္စကို ပြောဆိုခဲ့ခြင်း ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” စတင်တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကစတင်ပြီး သိန္နီမြို့နယ်ကို စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး လက်ရှိအချိန်အထိ သိန္နီမြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလျက်ရှိပြီး သိန္နီမြို့နယ်ဒေသခံ ထက်ဝက်ကျော်လောက်မှာလည်း အခြားဒေသတွေကို စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး စာဖတ်သူတစ်ဦးကတော့ “ ကျားကြောက်လို့ ရှင်ကြီးကိုးပါတယ်ဆို ပေါ်တာက ဆွဲခံနေရသေးတယ်” လို့ မှတ်ချက်ပေးထားပါတယ်။

နောက်တယောက်ကတော့ “ လူရမ်းကားတစ်ယောက်ကြောင့် အခုလိုဗရမ်းဗတာ ပြဿနာတွေ ဖြစ်လာရတာ၊ ပုံမှန်လမ်းကြောင်းကိုရောက်ဖို့ အတော်ကိုပြန်ပြီး အချိန်ယူကြိုးစားရတော့မယ်” လို့ မှတ်ချက်ပေးထားပါတယ်။

နိုင်ငံရေးသုံးသပ်သူတစ်ဦးကလည်း လက်နက်ကိုင်တပ်တွေဟာ ကြားကာလတစ်ခုပဲ နိုင်ငံရေးလုပ်ငန်းတွေမှာ ဝင်ပါသင့်ပြီး အခြေအနေတွေ တည်ငြိမ်လာရင် ဒေသခံပြည်သူတွေရွေးချယ်တဲ့ခေါင်းဆောင်ကို တင်မြှောက်ပြီး ကိုးကန့်တပ်က နိုင်ငံရေးမှာ ဆက်လက်မပါတော့ဘဲ နယ်မြေကာကွယ်ရေးကိုပဲ ဦးစားပေး လုပ်ရမှာ ဖြစ်တယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

စစ်တပ်က CDM လုပ်လာတဲ့သူ အဆင့်မြင့်အရာရှိတစ်ဦးကလည်း ကျနော်အမြင်ကတော့ သေနတ်ကိုင်ထားရင် တကယ်ကို မန်တက်တတ်ပါတယ်။ အနည်းနဲ့အများ လက်နက်အားကိုးပြီး အာဏာပြချင်တဲ့စိတ်က ဖြစ်ကို ဖြစ်ပါတယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။ အဲ့ဒီလိုမျိုး ဖြစ်တတ်တဲ့သဘာဝကို နားလည်ပြီး ကိုယ့်ကိုကိုယ် ထိန်းဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

Source: Shan News

ဓာတ်ပုံ။

သိန္နီမြို့နယ်အတွင်း ပျက်စီးမှုများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 2 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့
1027 Operations မြန်မာသတင်း

ချက်ချင်းအပစ်ရပ်ပြီး ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို တရုတ်နဲ့ ပူးပေါင်းသွားမယ်လို့ MNDAA ပြော၊ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှာ မဟုတ်ဘူးလို့  MNDAA ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 11 Views
ချက်ချင်းအပစ်ရပ်ပြီး ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို တရုတ်နဲ့ ပူးပေါင်းသွားမယ်လို့ MNDAA ပြော၊ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး
1027 Operations မြန်မာသတင်း

တောင်းခမ်းမှာ တိုက်ပွဲတွေဆက်ဖြစ်၊ သီပေါကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 7 Views
စက်တင်ဘာလ (၁၇) ရက်။ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ သီပေါမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက သီပေါရှိ ခြေလျင်တပ်ရင်း (ခလရ ၂၃) တပ်စခန်းနေရာကို ဗုံးအလုံး ၈၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်
1027 Operations မြန်မာသတင်း

သီပေါမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံးအလုံး (၅၀)ကျော် ကြဲချကာ အရပ်သားတစ်ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 16 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီကနေစပြီး (၁၀)နာရီထိ သီပေါမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ (၅၀)ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လေယာဉ်နဲ့
1027 Operations မြန်မာသတင်း

သိန္နီခရိုင်ထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 21 Views
စက်တင်ဘာလ (၁၄)ရက်။ မနေ့က ည (၇)နာရီအချိန်မှာ သိန္နီခရိုင်၊ သံလွင်လျင်ဟိုမြို့နယ်ရှိ နန်ဘိုင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နန်ဘိုင်းရွာရှိ လူနေအိမ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ
1027 Operations မြန်မာသတင်း

လားရှိုးမြို့မှာ စစ်ကောင်စီမိုင်းနင်းမိပြီး အမှိုက်ကောက်သူတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 23 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၉)ရက်နေ့က လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ရင်း(၄၁)အနီးမှာ အမှိုက်ကောက်သူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိတာကြောင့် အမှိုက်ကောက်တဲ့ အမျိုးသားရဲ့
1027 Operations မြန်မာသတင်း

အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို မှတ်တမ်းတင်ထားတယ်လို့ ညီနောင်(၃)ဖွဲ့ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 33 Views
စက်တင်ဘာလ (၁၀)ရက်။ အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအဖွဲ့တွေဆီ ပေးပို့သွားမယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံအနှံ့အပြားမှာ စစ်ရှုံးစစ်ကောင်စီဟာ သူတို့ရဲ့
1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 27 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့ ဒီကနေ့မှာ ငြင်းဆိုထားချက်အရ သိရပါတယ်။ “ MNDAA တပ်သား (၂)ဦးကို သေနတ်နဲ့