နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

AA တပ်ဖွဲ့ဝင်များကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်၊ ခေတ်မျက်လုံး။

ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ကျပ်ငွေ ၅၁ ဒသမ ၈၇ ဘီလီယံ တန်ဖိုးရှိတဲ့အိုက်စ် (မက်သ်အဖက်တမင်း) နှစ်တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း (၈၀၀) ကီလိုနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိပြီး အဲ့ဒီအထဲမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ စစ်ကောင်စီပိုင်သတင်းဌာနတွေမှာ ဒီနေ့ ဒီဇင်ဘာလ (၁၉) ရက်မှာ ဖော်ပြလာပါတယ်။

စစ်ကောင်စီရဲ့ အဆိုအရ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ရှမ်းပြည်နယ် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးမှာ ရန်နိုင်စိုး (ခ) ရန်နိုင် မောင်းနှင်လာတဲ့ တိုယိုတာ ALPHARD မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာမှာ ကားပေါ်မှာ အိုက်စ် (မက်သ် အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာလ (၄) ရက်နေ့မှာ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ (၁) ရပ်ကွက်၊ ပုလဲလမ်းမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) အဖွဲ့က ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း (ခ) နောနော်နဲ့ ဒုဗိုလ်အဆင့်ရှိ စိုးထွန်းတို့ကို မော်တော်ယာဉ် ၁ စီး၊ ရွှေပြည်သာ (၁) ရပ်ကွက်ကနောင်မင်းသားကြီးလမ်းရှိ ဂိုဒေါင်မှာ ရက္ခိုင့်တပ်တော် (AA) က ဗိုလ်အဆင့်ရှိ ထွန်းလင်း (ခ) ပြုံးချိုတို့ကို အိုက်စ် (၈၆၅) ကီလိုနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြဌာပါတယ်။

အဲ့ဒီနောက် ဇော်မင်းထွေး (ခ) သန်းဝင်းနဲ့ မသင်းမြတ်ဆွေ (ခ) ရင်ရင်လှတို့ကို အောင်မင်္ဂလာ အဝေးပြေး ကားဝင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ ရန်ကုန်မြို့မှာ လက်ခံရယူပြီး ပြည်ပကို ရေကြောင်းနဲ့ သယ်ဆောင်ရန် စီမံခန့်ခွဲသူ သားကြီး (ခ) ဦးလှဝင်းကို တောင်ငူမြို့ရှိ ဟိုတယ်တစ်ခုမှာ ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်းမှာ စိုးပိုင် (ခ) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သားအဆင့်ရှိ ကျော်လင်းဆန်းနဲ့ တပ်သားဦးထွန်းနုတို့ (၆) ဦးတို့ကို ပြည်ပသို့ ပင်လယ်ရေကြောင်းကတဆင့် မူးယစ်ဆေးဝါးများသယ်ဆောင်တဲ့ တနင်္သာရီ (၁) ကုန်တင်သင်္ဘောတစ်စီးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီမူးယစ်ဆေးဝါးတွေနဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေကို AA အဖွဲ့က ဗိုလ်မှူးကြီး အဆင့်ရှိသူ ကျော်မြတ်ဦး (ခ) ဝေသာထွန်းရဲ့ ဦးစီးစီမံခန့်ခွဲမှုနဲ့ သယ်ဆောင်တာဖြစ်တယ်လို့ ဖော်ပြထားပြီး သူတို့အဖွဲ့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ဆက်လက်စစ်ဆေးနေပြီး အမှုမှာ ဆက်စပ်ပါဝင်သူတွေနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဖို့ ဆက်လက်ဆောင်ရွက်မယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ။

စစ်ကောင်စီထုတ်ပြန်ထားသော မူးယစ်မှောင်ခိုဂိုဏ်းနှင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 13 Views
ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ ဒီဇင်ဘာလ (၉)ရက်။ ဒီဇင်ဘာလ (၇)ရက်နေ့
မြန်မာသတင်း

သစ်တောဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရတာ‌တို့ကြောင့် သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ သယံဇာတဝန်ကြီးဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 17 Views
ဒီဇင်ဘာလ (၉)ရက်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍရဲ့ သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 29 Views
အစိုးရအဖွဲ့ ပြုပြင်ပြောင်း‌လဲရေး အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုပြုပြင်ပြောင်းလဲတာ ပထမအဆင့်လို့ဆို ဒီဇင်ဘာလ (၉)ရက်။ NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်သူထံ အသိပေးတဲ့မိန့်ခွန်းမှာ
မြန်မာသတင်း

ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားအနီး အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 26 Views
ဒီဇင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေလူကူးတံတားအအနီးမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်ထံက သိရပါတယ်။ “ ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားနားမှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တာနဲ့ မနက်ဖြန်ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ
မြန်မာသတင်း

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးနှင့် တိုဟိုကုဒေသများတွင် အင်အား မဂ္ဂနီကျူ ၇ ဒဿမ ၆ ပြင်းအားရှိသော ငလျင်လှုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 31 Views
ဒီဇင်ဘာလ (၈) ရက်။ အရေးပေါ်သတင်း။ ဒီနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ဟိုကိုင်းဒိုး (Hokkaido) နှင့် တိုဟိုကု (Tohoku) ဒေသများတွင် မဂ္ဂနီကျူ ၇ ဒဿမ
မြန်မာသတင်း

စစ်ကောင်စီနဲ့ အပစ်ရပ်ရေးထိုးတာ တော်လှန်ရေးကို မထိခိုက်စေဘဲ ခရီးဆုံးအထိ ဆက်လျှောက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 29 Views
ဒီဇင်ဘာလ (၈)ရက်။ စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲရေး ရေးထိုးတာဟာ တော်လှန်ရေးပန်းတိုင်နဲ့ မျှော်မှန်းချက်ကို ထိခိုက်မှာမဟုတ်ဘူးလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲဖို့ ရေးထိုးထားပေမယ့် ခရီးလမ်းဆုံးတံ့အထိ ဆက်လျှောက်လှမ်းနေမှာဖြစ်တယ်လို့
မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ခန်းမ ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲ (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 26 Views
ဒီဇင်ဘာလ (၈)ရက်။ ဒီဇင်ဘာလ (၆)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က မြောက်ဥက္ကလာပမြို့နယ်ခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို လက်လုပ်မိုင်း၊ နာနတ်သီးတွေနဲ့ တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ လုံခြုံရေးယူထားတဲ့ ရဲခွေးတွေ
မြန်မာသတင်း

ဂွအခြေစိုက် ခမရ(၅၆၃)က စစ်တပ်ဘက်က ဒုတပ်ကြပ်အပါအဝင် (၄)ဦး ဘက်ပြောင်းလာတယ်လို့ PRA-Magway ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 31 Views
ဒီဇင်ညာလ (၈)ရက်။ အမ်း-ပဒန်းလမ်းပိုင်းရှိ ဇင်ပြွန်းရွာအနီးမှာ စစ်တပ်ရဲ့ ဒုတပ်ကြပ်အပါအဝင် တပ်ဖွဲ့ဝင် (၄)ဦး ပြည်သူ့ဘက်ကူးပြောင်းလာခဲ့တယ်လို့ PRA-Magway ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ တပ်ဖွဲ့ဝင် (၄)ဦးဟာ ဂွမြို့အခြေစိုက် ခမရ(၅၆၃) လက်အောက်ခံတပ်ရင်းကဖြစ်ပြီး