၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်၊ ခေတ်မျက်လုံး
ကျောက်မဲခရိုင် မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်နေတယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
မိုင်းငေါ့မြိုအတွင်းကို ဂျက်ဖိုက်တာနဲ့ (၂) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုကြောင့် မိုင်းငေါ့မြို မန်တုံရပ်ကွက်နဲ့ ဈေးရပ်ကွက်ရှိ လူနေအိမ် (၃)လုံး ကျည်ထိမှန် မီးလောင်ခဲ့ဆုံးရှုးခဲ့တယ်လို့ သိရပါတယ်။
ကွတ်ခိုင်မြိုနယ် စစ်ကောင်စီ ကွတ်ခိုင်မြို့တပ်စခန်းမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော် (TNLA) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မိုင်းငေါ့မြိုနယ် စစ်ကောင်စီတပ်က ချုံးသစ်ကျေးရွာ၊ ချုံးဟောင်းကျေးရွာအနီးတဝိုက်မှာလည်း Y12 နဲ့ (၁၇) ကြိမ် ဗုံး (၇၄) လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ။
မိုင်းငေါ့မြို မန်တုံရပ်ကွက်နဲ့ ဈေးရပ်ကွက်ရှိ အပျက်အစီးများကို တွေ့ရစဉ်။