နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

PDF အထူးစစ်ဆင်ရေးသင်တန်းဆင်းရဲဘော်တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ MOD ထုတ်ပြန်

ဇန်နဝါရီလ (၉)ရက်။

တောင်ပိုင်းစစ်ဒေသက PDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ မွမ်းမံသင်တန်းဆင်းရဲဘော်တွေကို လက်နက်တပ်ဆင်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လက်နက်တပ်ဆင်တဲ့ အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်ကို အလေးပြုတာနဲ့ သစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုပြီး အဓိဌာန်ပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားကို တောင်ပိုင်းစစ်ဒေသခွဲအမှတ်(၃)၊ ဒုစစ်ဒေသခွဲမှူး-(၂) ရဲဘော်ဂျူပီ တက်ရောက်ခဲ့ပြီး MOD ရဲ့ တိုင်းစစ်ဌာန(တနင်္သာရီ)ထဲ စစ်ဆင်ရေးရည်မှန်းချက်တွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် နွေဦးတော်လှန်ရေး (၂)နှစ်ကျော်ကာလမှာ အာဏာရှင်အမြစ်ပြတ်ချေမှုန်းဖို့အတွက် စိတ်ဓါတ်မာကျောစွာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိကို ချီးမွမ်းဂုဏ်ပြုစကား ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက် PDF သင်တန်းဆင်းရဲဘော်တွေကိုယ်စား တင်ရင်းတာဝန်ရှိသူတွေက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ (၆)ရက်နေ့ကလဲ တနင်္သာရီတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ရာမာ (၂) (Rama II) လမ်းတွင် ကရိန်းပျက်ကျပြီး မြန်မာ ၃ ဦး၊ ထိုင်း ၁ ဦးသေဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 1 Views
နိုဝင်ဘာလ (၂၉) ရက်။ တနင်္လာနေ့ နံနက်စောစောပိုင်းက ရာမာ(၂) လမ်းတွင် ကရိန်းနှင့် ကွန်ကရစ် အစိတ်အပိုင်း ပြိုကျသဖြင့်လူ ၄ဦးသေဆုံးပြီး
မြန်မာသတင်း

ထီးလင်းမြို့ စခန်းကြီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးခဲ့၊ ထီးလင်းမြို့ကို အထိနာခဲ့တဲ့ စစ်ကောင်စီက အင်အားထပ်ဖြည့်ဖို့ရှိနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 1 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့က နံနက် (၉)နာရီခန့်ကစပြီး ထီးလင်းမြို့ရဲ့ အရှေ့ဘက်မြို့အနီးရှိ စခန်းကြီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတက်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

ခါချဉ်တောင်ပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊ 

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးပြီး (၁၅)ဦးထက်မနည်း ဒဏ်ရာ ခါချဉ်တောင်ပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊  စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးပြီး (၁၅)ဦးထက်မနည်း ဒဏ်ရာရခဲ့ နိုဝင်ဘာလ (၂၉)ရက်။ နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က ခါချဉ်တောင်ပေါ်တက်လာတဲ့ အင်အား(၈၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို
1027 Operations မြန်မာသတင်း

မူဆယ်မြို့မှာ စစ်ကောင်စီက စက်သုံးဆီနဲ့ စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ပိတ်ပင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့ကစပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီက ဒေသခံတွေရဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကစပြီး မူဆယ်မှာ စားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူတာကို
မြန်မာသတင်း

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေ၊ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေကို မြို့နယ်ပလဖ သတိပေးချက်ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
နိုဝင်ဘာလ (၂၉)ရက်။ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ဝန်ထမခးတွေအပါအဝင် ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေကို မြို့နယ်ပလဖက ဒီကနေ့မှာ အသိပေးချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့ပေါ်မှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးကောက်ခံနေတဲ့ လျှပ်စစ်ဝန်ထမ်း၊ အကောက်ခွန်ဝန်ထမ်း၊ ပတ်စ်ပို့ဝန်ထမ်းနဲ့
မြန်မာသတင်း

လက်နက်ကိုင်အင်အားစုတွေကို စုစည်းပြီး CoC တခုထဲက သွားနိုင်အောင်လုပ်ဖို့ NUG ဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
နိုဝင်ဘာလ (၂၉)ရက်။ ဒေသအလိုက် လက်နက်ကိုင်အင်အားစုတွေကို စုစည်းပြီး CoC တခုထဲက သွားနိုင်အောင် လုပ်ဆောင်ကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အဆင့်ဆင့်ဒေသက တာဝန်ရှိသူတွေက ဒေသအလိုက်
မြန်မာသတင်း

မူးမြို့နယ်ထဲ စစ်ကောင်စီမြေမြုပ်မိုင်းကြောင့် မိသားစုလိုက် ထိခိုက်ခဲ့ပြီး ဖခင်နဲ့ သမီးဖြစ်သူတို့ သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့က မူးမြို့နယ်ရှိ ညောင်ပင်သာရွာနဲ့ ပေါက်ဇလုပ်ရွာကြားမှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်း ပေါက်ကွဲခဲ့တယ်လို့ KSPN ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မူးမြို့ ညောင်ပင်သာနဲ့ ပေါက်ဇလုပ်ရွာကြားက လမ်းပိုင်းမှာ စစ်ကောင်စီ‌ထောင်ထားတဲ့
မြန်မာသတင်း

ဒီနေ့တိုးတက်လာနေတဲ့နိုင်ငံရေး အခြေအနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 9 Views
ဒီနေ့တိုးတက်လာနေတဲ့နိုင်ငံရေး အခြေအနေကို ပင်တိုင်ဆွေး‌နွေးသူ ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့နှစ်ဦးက(၁) အဝေးရောက်အစိုးရ မဖြစ်အောင် NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်း ပြန်လာဖို့ ယာယီသမ္မတကြီးရဲ့တိုက်တွန်းချက်အပေါ် သုံးသပ်ချက် (၂) လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ရေး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင့်သင့်ရှိတယ်လို့ တအာင်းအဖွဲ့