ဇန်နဝါရီလ (၁၆)ရက်။
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့ အထူးကြိုးစားဆောင်ရွက်ပေးနေတယ်လို့ NUG ရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုကာလဟာ နွေဦးတော်လှန်ရေးရဲ့ အရေးကြီးတဲ့အချိန်ဖြစ်ကာ ပြည်ပရောက်တွေရဲ့ ထောက်ပံ့မှု မြှင့်တင်နေတဲ့ အချိန်ဖြစ်တာကြောင့် ကိုရီးယားနိုင်ငံရဲ့ ကူညီဖေးမတာတွေ ပျက်ပြယ်မသွားဖို့က အထူးအရေးကြီးတယ်လို့ ဆိုပါတယ်။
ကိုရီးယားနိုင်ငံမှာ ဗီဇာရပ်စဲတဲ့အထိ အရေးယူတာတွေရှိတာကြောင့် အမှုအခင်းမဖြစ်ဖို့ အထူးသတိပြုဆင်ခြင်ဖို့နဲ့ ရဲမှုခင်းကို အမှုရင်ဆိုင်ပြီးပေမယ့် လဝကဥပဒေအရ ပြည်နှင်ဒဏ်ခံရရင် များစွာနစ်နာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ဘယ်လိုဗီဇာအမျိုးအစားနဲ့ နေထိုင်တာဖြစ်စေ နေထိုင်တဲ့ အိမ်လိပ်စာအမှန်ကို ပေးဖို့လိုပြီး အမှန်တကယ် မနေထိုင်တဲ့ လိပ်စာဖြစ်ပါက လိမ်လည်တင်ပြမှုနဲ့ အမှုစွဲခံရကာ ထောင်ဒဏ် ဒါမှမဟုတ် ကြီးလေးတဲ့ ငွေဒဏ်နဲ့ အရေးယူခံရနိုင်တယ်လို့ သတိပေးထားပါတယ်။
အဲ့ဒီအတွက်ကြောင့် ဗီဇာနဲ့ နေထိုင်ခွင့်ကိစ္စတွေ ဆောင်ရွက်တဲ့အခါ ခက်ခဲတာတွေ၊ အဆင်မပြေတာတွေ၊ လွဲချော်တာတွေ ဆုံးရှုံးတာတွေကိုအခြေခံပြီး ဥပဒေနဲ့အညီ အထူးသတိပြုနေထိုင်ဖို့ တိုက်တွန်းရတာဖြစ်တယ်လို့ သိရပါတယ်။