နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူသတ်အလောင်းဖျောက်ခဲ့တဲ့ ဝက်လက် ပ.က.ဖနဲ့ တပ်ရင်း(၂) တို့ကို အရေးယူပေးဖို့ NUG ယာယီသမ္မတထံ ထပ်မံတိုင်ကြားထား

ဇန်နဝါရီလ (၁၇)။

စစ်ကိုင်းမှာ တစ်နှစ်ကျော်ကြာတဲ့အထိ အရေးယူတာမရှိသေးဘဲ လူသတ်အလောင်းဖျောက်ခဲ့တဲ့ ဝက်လက်မြို့နယ်ပ.က.ဖနဲ့ တပ်ရင်းအမှတ်(၂) လက်နက်ကိုင်အဖွဲ့တွေကို အရေးယူပေးဖို့ NUG ယာယီသမ္မတနဲ့ CRPH ဥက္ကဌထံ ထပ်မံတိုင်ကြားထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ၂၀၂၂ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့ နံနက်(၁၀)နာရီခန့်က ဝက်လက်မြို့နယ် ပ.က.ဖ တာဝန်ခံ ဦးနေမျိုးအောင် ဦးဆောင်တဲ့ တပ်ရင်း(၂)တပ်ဖွဲ့ဝင် (၆၀)ခန့်ဟာ လက်နက်အပြည့်အစုံနဲ့ ဗိုလ်ကျားကြီးဦးဆောင်တဲ့ ကာကွယ်ရေးအဖွဲ့ရှိရာ ရွှေညောင်တောင်ကုန်းကို တစ်ဖက်သတ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်လိုအကြောင်းအကျိုး ပြန်ကြားဆွေးနွေးတာ တစ်စုံတစ်ရာမရှိဘဲ တစ်ဖက်သတ် ဝင်ရောက်ပစ်ခတ်တာကြောင့် တပ်ဖွဲ့ဝင် ကိုရန်လင်းထွန်းနဲ့ ကိုစိုင်းမောင်မောင်တို့ သေဆုံးခဲ့ကာ CDM ဆရာမအပါအဝင် ဒဏ်ရာရရှိသူနဲ့ အရပ်သား (၁၂)ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

မြို့နယ်ပ.က.ဖ ဦးနေမျိုးအောင်နဲ့ တပ်ရင်း(၂)တို့ဟာ တစ်ဖက်သတ် စွပ်စွဲချက်နဲ့ ပစ်ခတ်တိုက်ခိုက်ကာ ကိုရန်လင်းထွန်းနဲ့ ကိုစိုင်းမောင်မောင်တို့ သတ်ဖြတ်ခံရတဲ့အပြင် အလောင်းတွေကိုပါ ဖျောက်ဖျက်ခဲ့ပြီး အပြစ်မဲ့သူတွေကို မတရားဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီလို တစ်ဖက်သတ်ဖမ်းဆီးတဲ့အချိန်က ဗိုလ်ကျားတပ်ဖွဲ့ရဲ့ ဆိုင်ကယ် (၁၀)စီး၊ ဖုန်း (၆)လုံးနဲ့ ပြည်သူလှူဒါန်းငွေ (၁၀)သိန်းကိုလည်း မတရားယူဆောင်သွားပြီး တပ်ရင်း(၂)စစ်ကြောင်းတာဝန်ခံဖြစ်တဲ့ KIA က ဒူချွန်စိုင်းသူပါဝင်တာကြောင့် KIA ဗိုလ်ချုပ်ကြီး ဂွမ်မော်ထံကိုလည်း တိုက်ရိုက် တင်ပြတိုင်ကြားထားတယ်လို့ ဆိုပါတယ်။

တရားမဲ့ပြုကျင့်တဲ့ ဝက်လက်မြို့နယ် ပ.က.ဖနဲ့ ဝက်လက်မြို့နယ် တပ်ရင်းအမှတ်(၂) လက်နက်ကိုင်အဖွဲ့ဝင်တွေကို အရေးယူပေးဖို့ တိုင်ကြားခဲ့ပေမယ့် ဒီကနေ့အထိ ဖော်ထုတ်အရေးယူတာ မရှိတဲ့အတွက် နစ်နာသူမိသားစုဝင်တွေနဲ့ ကိုယ်စားလှယ်လွှဲအပ်ခံရသူတွေက အားကိုးတကြီးနဲ့ NUG ယာယီသမ္မတနဲ့ CRPH ဥက္ကဌထံ အခုလို ထပ်မံတိုင်ကြားတာလို့ ဖော်ပြထားပါတယ်။

မိသားစုဝင်တွေအနေနဲ့လည်း လူမဆန်စွာ သတ်ဖြတ်ခံရတဲ့ ကိုရန်လင်းထွန်းနဲ့ ကိုစိုင်းမောင်မောင်တို့ကို ဒီကနေ့အထိ သက်ပျောက်ဆွမ်းမကပ်သေးသလို အဖွဲ့အစည်းကလဲ အမိန့်ပြန်တမ်း မပြုလုပ်သေးဘဲ တရားမျှတမှုရရှိတဲ့နေ့မှသာ သက်ပျောက်ဆွမ်းကပ်ကာ အမိန့်ပြန်ပြီး အမျှအတမ်းပေးဝေမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 8 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကော်သူးလေသမ္မတနိုင်ငံတော် တည်ထောင်တယ်လို့ KTLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 17 Views
ဇန်နဝါရီလ (၇)ရက်။ ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei)ကို တည်ထောင်လိုက်တယ်လို့ ကော်သူးလေအစိုးရ(G.O.K)က ဇန်နဝါရီလ (၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ
မြန်မာသတင်း

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 22 Views
ဇန်နဝါရီလ (၇)ရက်။ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ (၅)ရက်နေ့အထိ တိုင်းနဲ့ပြည်နယ်တွေမှာ ရွေးကောက်ပွဲဥပဒေနဲ့ စစ်တပ်က အရေးယူမှု (၂၄၀)မှာ အမျိုးသား (၂၇၅)ဦးနဲ့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 22 Views
တွေ့ဆုံပွဲသတင်းထဲ ရွေးကောက်ပွဲပထမပိုင်းကျင်းပခဲ့တဲ့ နေ့ရက်ကို စစ်တပ်က မှားယွင်းထုတ်ပြန် ဇန်နဝါရီလ (၇)ရက်။ မနေ့က နေ့လည်ပိုင်းအချိန်က နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ‌တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံအနေနဲ့
မြန်မာသတင်း

‌စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်တွေပါတဲ့ယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 21 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က မြို့သစ်မြို့ ရွှေပန်းရွာအနီးမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ Naypyitaw-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွှေပန်းရွာအနီး ကန်ပြားလမ်းပိုင်းတနေရာမှာ စစ်တပ်ရဲ့ ကား(၄)စီးပါယာဉ်တန်းကို
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် (၂)လသားအရွယ်အပါအဝင် (၃)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 37 Views
ဇန်နဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီခွဲကျော်အချိန်က ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ပေါက်ကန်ဘူတာရွာကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ (၉)နာရီ (၄၇)မိနစ်မှာ တကြိမ်၊
မြန်မာသတင်း

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 31 Views
ဇန်နဝါရီလ (၆)ရက်။ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်း ဗုံးကြဲခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 33 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့က ည (၈)နာရီခွဲခန့်က ခင်ဦးနယ်အရှေ့ခြမ်း ကုန်းကြီးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ ခင်ဦးနယ်အရှေ့ခြမ်း လမ်းဆုံအရှေ့ဘက်က ကုန်းကြီးရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲ့ဒီစာသင်ကျောင်းမှာက မန္တလေး