နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

BGF ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ ဦးဆောင်သောအဖွဲ့မှ တပ်ရင်း ၁၃ ရင်းမြန်မာစစ်အစိုးရလက်အောက်မှ နှုတ်ထွက်

ဇန်နဝါရီလ (၂၃) ရက်။

BGF ခေါင်းဆောင်ဗိုလ်ချုပ်စောချစ်သူ ဦးဆောင်သောအဖွဲ့မှ တပ်ရင်း ၁၃ရင်း သည် မြန်မာစစ်အစိုးရလက်အောက်မှ နှုတ်ထွက်ခဲ့ပြီး BGF တပ်ဖွဲ့ ဗိုလ်ချုပ် စောချစ်သူ ဦးစီးသည့်တပ်ဖွဲ့သည် မယ်ဟောင်ဆောင်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း မြန်မာစစ်သားများထံ ရိက္ခာများ ပေးပို့ခြင်းအား ရပ်ဆိုင်းထားခြင်းကြောင့်မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို အကြီးအကျယ် ထိခိုက်စေခဲ့သည်ဟု ထိုင်းသတင်းများတွင် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် KNLA မှ ရရှိသည့် သတင်းရင်းမြစ်တခုက ဗိုလ်ချုပ်စောချစ်သူ ဦးဆောင်သော BGF ၏ နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၃၀၀ ခန့်ရှိ တပ်သားအားလုံးသည် တပ်မဟာ (၅) ခြေမြန်တပ်မ နယ်မြေ၊ မယ်ဟောင်ဆောင်ခရိုင်၊တဖက်ကမ်းမှ သဆောင်ယန်းမြို့နှင့် ထိစပ်နေသော တာ့စ်ခရိုင် (ဘားအံဖက်) ရှိ ၎င်းတို့၏ တပ်စခန်းသို့ ဆုတ်ခွာသွားကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် BGF တပ်ရင်း၊ အမှတ် ၁၀၁၂၊ ၁၀၁၅ နှင့် ၁၀၁၆ တို့လည်း လက်ရှိအခြေချနေသည့်နယ်မြေမှ ဆုတ်ခွာသွားခဲ့ကြသည်။ ကရင်ပြည်နယ် ဘားအံမြို့နယ် ပင်မအခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

BGF သည် မြန်မာစစ်တပ်ထံမှ လစာနှင့် ခံစားခွင့်များကို ယူတော့မည် မဟုတ်ကြောင်း ဗိုလ်ချုပ်စောချစ်သူက မြန်မာအာဏာပိုင်များထံ အကြောင်းကြား အသိပေးပြီးနောက် ၎င်း၏တပ်များ ဆုတ်ခွာသွားခြင်းဖြစ်ပြီး ဗိုလ်ချုပ်မောင်ချစ်သူ၏ BGF သည် ဘက်မလိုက်ဘဲ တော်လှန်နေသည့် မည်သည့်အတိုက်အခံဖက်ကိုမျှ ပါဝင်မည်မဟုတ်သလို မြန်မာအစိုးရဖက်ကိုလည်း ပါဝင်မည်မဟုတ်ဘဲ ကြားနေ ရပ်တည်သွားမည် ဖြစ်ကြောင်း ရေးသားထားသည်။

ငြိမ်းချမ်းရေးအတွက် ၎င်းတို့ကိုယ်တိုင် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ယခင်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ညွှန်ကြားချက်အရ စစ်ကောင်စီအဖွဲ့မှ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ကရင်ပြည်နယ်အုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဌ ဦးဇော်မင်းဦးနှင့် ၎င်းတို့၏ အဖွဲ့ဝင်များသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးရှိ ဗိုလ်ချုပ်စောချစ်သူနှင့် အတွင်းရေးမှူးတို့ တွေ့ဆုံရန် သွားရောက်ခဲ့သည်။ ၎င်းတွေ့ဆုံမှုတွင် BGF အတွင်းရေမှူးနှင့် စီးပွားရေးအကြံပေးပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

BGF တပ်ဖွဲ့ကို တပ်မတော်အောက်မှ ခွဲထွက်ပြီး သီးခြားရပ်တည်ရန်ကိစ္စကို စဉ်းစားဖို့ပြောရာ BGF တပ်ရင်း ၁၀၁၁ မှ တပ်ရင်း ၁၀၂၃ အပါအဝင် စုစုပေါင်း တပ်ရင်း ၁၃ ရင်းအနေနှင့် မြန်မာစစ်အစိုးရထံမှ ထောက်ပံ့ခြင်းကို မယူတော့ဘဲ ခွဲထွက်ဖို့ ၎င်းတို့အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်မင်းအောင်လှိုင် စေလွှတ်လိုက်သည့် ညှိနှိုင်းရေးကော်မတီကို အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဗိုလ်ချုပ်စောချစ်သူက မြန်မာစစ်တပ်၏အန္တရာယ်မှ မိမိကိုယ်ကိုကာကွယ်ရန်အတွက် ရွှေကုက္ကိုလ်နှင့် မြဝတီတဝိုက်ရှိ၎င်း၏တပ်ဖွဲ့ဝင်များကို အသင့်အနေအထား ရှိစေရန်အ မိန့်ပေးထားပြီး ဖြစ်ကြောင်းသိရသည်။

မည်သို့ဖြစ်စေ ကရင်ပြည်နယ်ရှိ အခြေစိုက်စခန်း အသီးသီးတွင်ရှိနေသော KNU ၏ KNLA တပ်ဖွဲ့များနှင့် ရောယှက်နေသော နယ်မြေများတွင် ရှိသည့် BGF တပ်ဖွဲ့များသည် အဆိုပါ နယ်မြေအတွင်း ပူးပေါင်းဆောင်ရွက်ကာ လူထုကို ကူညီလျက်ရှိ ကြသော်လည်း စစ်ရေးအရမူ ပူးပေါင်းဆောင်ရွက်မှု မရှိသေးကြောင်း ဆိုသည်။

ဗိုလ်ချုပ်စောချစ်သူဦးဆောင်သည့် နယ်ခြားစောင့်တပ်၏ ခွဲထွက်ကြောင်း ကြေညာချက်သည် ၎င်း၏ ကိုယ်ပိုင်နယ်မြေကို ထိမ်းချုပ်ရန် BGF ၏ ကြိုးပမ်းမှုဟု ယူဆရသည်။ ၎င်း၏နယ်မြေတွင် မြန်မာစစ်အစိုးရ သြဇာလွှမ်းမိုးလာမှာကို မလိုလားကြောင်း၊ အကယ်၍ လက်မခံပါက မြန်မာစစ်တပ်နှင့် BGF တို့အကြား တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း AEC အာဆီယံနယူးစ်တွင် ရေးသားဖေါ်ပြထားသည်။

Source/Photo: AEC အာဆီယံနယူးစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 92 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 19 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 26 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 19 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 39 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 43 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းကို မတ်လ (၁၁)ရက်နေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 46 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 42 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။