နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 27 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်ရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ မြေပုံမှာ စစ်ကောင်စီက စစ်ရေးပြင်ဆင်နေ

ဇန်နဝါရီလ (၂၄)ရက်။

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ မြေပုံမြို့တို့မှာ စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်နေတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဒေသတွေမှာ စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်တာတွေအပါအဝင် စစ်အင်အားတိုးချဲ့နေရာချထားတာတွေကို ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသထဲ စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းနဲ့ ရက်ဆက် အင်အားဖြည့်တင်းလာတွေကြောင့် စစ်ဘောင်ကျယ်ပြန့်လာမယ့် အနေအထားရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ပလက်ဝဒေသထဲက အိန္ဒိယနယ်စပ်ကို ထွက်ပြေးသွားကြတဲ့ တပ်ဖွဲ့ဝင်အချို့ကို စစ်ကောင်စီက ရခိုင်ဒေသထဲရှိ စစ်မျက်နှာစာအသီးသီးမှာ နေရာချထားဖို့ ပြင်ဆင်နေတယ်လို့ ရေးသားထားပါတယ်။

ဇန်နဝါရီလ (၂၃)ရက်နေ့က ပေါက်တော၊ မင်းပြား၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့တွေမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီနေ့ ည(၇)နာရီခွဲအချိန်ကလည်း မြောက်ဦးအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ(၃၇၇)တပ်ရင်းက မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အောင်မင်္ဂလာရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲကာ လူနေအိမ် (၆)လုံး မီးလောင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဓာတ်ပုံ။

အိန္ဒိယနယ်စပ်ကို ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို အိန္ဒိယနိုင်ငံ မိဇိုရမ်လေယဉ်ကွင်းတွင် လာကြိုသည့်လေယာဉ် လမ်းချော်သွားသဖြင့် နောက်လေယာဉ်ကို စောင့်မျှော်နေသည်ကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CNC-Matupi ဟာ မတူပီပြည်သူလူထုကို လုံးဝကိုယ်စားမပြုဘူးလို့ MRO/CDF-Matupi ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 20 Views
ဇူလိုင်လ (၂၆)ရက်။ ချင်းအမျိုးသားကောင်စီ-မတူပီ(CNC-MATUPI)ဟာ ချင်းပြည်သူလူထုကို လုံးဝ(လုံးဝ)ကိုယ်စားမပြုဘူးလို့ MRO/CDF-MATUPI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချင်းပြည်အရေး၊ မြန်မာ့အရေးမှာ
မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးအထိသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 20 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က ပုလောမြို့ ဇရပ်ဆိပ်ရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတာအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲဝင်လာတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 21 Views
ဇူလိုင်လ (၂၆)ရက်။ ဇူလိုင်လ (၁၇)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲ ဝင်လာခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဇူလိုင်လ
မြန်မာသတင်း

GZA ကို ယောဒေသထဲက မောင်းထုတ်ဖို့ ဂန့်ဂေါမြို့နယ် ပသုံးလုံးက တောင်းဆိုတာတွေရှိနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 15 Views
ဇူလိုင်လ (၂၃)ရက်။ Generation Z Army(GZA)ကို ယောဒေသထဲ ဆက်လက်နေထိုင်ခွင့်မပြုဖိုဆိုပြီး ဂန့်ဂေါနဲ့ ထီးလင်းမြို့ရှိ ပအဖနဲ့ ပကဖတာဝန်ခံတွေက ဂန့်ဂေါခရိုင်-PDF ထံ ဇူလိုင်လ (၁၉) ရက်နေ့မှာ တင်ပြတောင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို တင်ပြတာကို
ပြည်တွင်းသတင်း မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တုပေါများသော မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့က အပြည့်အဝ ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပြီး ကမ္ဘာတဝှမ်းတွင် ဖြန့်ကျက်နေပြီဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 20 Views
ဇူလိုင်လ ၂၃ ရက်။ Bloomberg ဂျပန်မှဆောင်းပါးကို ဘာသာပြန်ထားပါသည်။ ကချင်လွတ်လပ်ရေးတပ်မတော်သည် ယမန်နှစ်ကလည်း မြေရှားသတ္တု ပေါများသည့်ဒေသကို သိမ်းပိုက်ပြီး အစိုးရတပ်များကို နှင်ထုတ်ခဲ့သည်။ တရုတ်ကြားခံကုမ္ပဏီ၏ ဖောက်သည်စာရင်းတွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများ ပါဝင်သည်။ တရုတ်နိုင်ငံနှင့် နယ်စပ် ကီလိုမီတာ
မြန်မာသတင်း

စစ်မှုထမ်းဆောင်ခဲ့သူတွေကို အလုပ်အကိုင်ရရှိဖို့ဆိုပြီး စစ်ကောင်စီက ကော်မတီတရပ်ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 18 Views
ဇူလိုင်လ (၂၁)ရက်။ စစ်မှုထမ်းဆောင်ခဲ့သူတွေကို အလုပ်အကိုင်ရရှိဖို့အတွက်ဆိုပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်တဲ့ ကော်မတီတရပ်ကို ဇူလိုင်လ (၈)ရက်နေ့ရက်စွဲနဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီက “ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူတွေ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်တီ” ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအနေနဲ့ ကာကွယ်ရေးဝန်ကြီးအပါအဝင်
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 17 Views
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရ ဇူလိုင်လ (၂၁)ရက်။ မနေ့က နံနက် (၇)နာရီ (၂၂)မိနစ်အချိန် ရန်ကုန်-မန္တလေ အမြန်လမ်း မိုင်တိုင်(၃၁၈)ကို မောင်းလာတဲ့ စစ်ကောင်စီကားတစ်စီးကို တိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရ၊ တစ်စီး နစ်မြုပ်ကာ (၃)စီး မီးလောင်ခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 20 Views
ဇူလိုင်လ (၂၁)ရက်။ ဇူလိုင်လ (၁၇)ရက်နေ့က မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို