ဇန်နဝါရီလ (၂၇) ရက်။
လယ်ဒိုမြို့ရှိ အနန်းဘော်ရွာက စစ်ရှောင်ပြည်သူ (၁၇) ဦးဟာ ရွာထဲ ရိက္ခာပြန်ယူတဲ့အချိန် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ရှောင်ပြည်သူ (၁၇)ဦးဟာ ရိက္ခာပြန်ယူဖို့ ရွာထဲ၀င်တဲ့အချိန် ဇန်နဝါရီလ (၂၀) ရက်နေ့ မနက် (၈) နာရီ (၁၂) မိနစ်အချိန်က အနန်းဘော်ရွာနဲ့ ကုန်းချောင်း၀ရွာကြားမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ (၁)ဦးမြင့်အောင်၊ (၂) ဦးတင်စိုး၊ (၃)ဦးကိုဖြိုး၊ (၄)ဦးထွန်းကြည်၊ (၅)ဒေါ်စန်းတင်၊ (၆)ဒေါ်ရွှေအိ၊ (၇)ဒေါခင်ဌေး၊ (၈)ဒေါ်သန်းဦး၊ (၉)မအေးသိန်းဦး၊ (၁၀)မထားထားနွယ်၊ (၁၁)ဒေါ်ပေါရီ၊ (၁၂)မမြစံပယ်၊ (၁၃)မနှင်းသက်ခိုင်၊ (၁၄)ဦးအောင်ဝင်း၊ (၁၅)ကိုချစ်ပြည့်စုံတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲ သားအမိနှစ်ဦး ပျောက်ဆုံးနေကာ သူတို့နှစ်ဦးဟာ ဒေါ်သင်းသင်းနဲ့ သားမောင်စန်းလင်းတို့ဖြစ်ကြပြီး စစ်ကောင်စီတပ်တွေက အားလုံးကို အခုအချိန်အထိ ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ဇန်နဝါရီလ (၂၅)ရက်နေ့ ည(၁၀)နာရီအချိန်က စစ်ကောင်စီရဲ့ ခမရ(၃၀၇)တပ်ရင်းဟာ ကျောင်းစိုးကျေးရွာကို လက်နက်ကြီး အလုံး(၃၀)ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီလိုပစ်ခတ်တာကြောင့် ကျောင်းစိုးကျေးရွာက (၁) ဦးတင့်ဝင်း၊ (၂) ဦးကျော်ဝင်း၊ (၃) ဦးအောင်နိုင်ဝင်း၊ (၄) ဦးစိုးတင့်၊ (၅) ဦးသိန်းလွင်၊ (၆) ကိုဇော်ကြီး၊ (၇) မနွဲ့မ၊ (၈) ညားဆိ၊ (၉) ကိုမင်းမင်း၊ (၁၀) မဌေး၊ (၁၁) ဦးစိုးလွင်၊ (၁၂) ကိုစိုးသိန်း၊ (၁၃) ကိုမောင်မြင့်၊ (၁၄) ဦးသန်းဝင်း၊ (၁၅) မောင်ကြီး၊ (၁၆) မတင့်ညို တို့ရဲ့ နေအိမ် (၁၆) လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။