နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

CDF ကန်ပက်လက် တပ်ရင်း (၅) ရင်းက “ချင်းညီနောင်” နဲ့အတူ လက်တွဲမယ်လို့ ကြေညာ

ဖေဖော်ဝါရီလ (၁) ရက်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) တပ်ရင်း (၇) ခုထဲက တပ်ရင်း (၅) ခုက “ချင်းညီနောင်” နဲ့ အတူ လက်တွဲမယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ရဲ့ Tumee တပ်ရင်း၊ Khonu တပ်ရင်း၊ Vakok တပ်ရင်း၊ Victoria တပ်ရင်းနဲ့ Mahuyar တပ်ရင်း (၅) ခုက ချင်းညီနောင်ဖြစ်ကြတဲ့ ZFU/PDF Zoland, CNC – Mindat/CDF Mindat, CNO/CNDF တို့နဲ့ ပူးပေါင်းပါဝင်မယ်လို့ ကြေညာလာတာပါ။

ကြေညာချက်ထဲမှာ တော်လှန်ရေးကာလ (၃) နှစ်တာကာလ ရောက်လာချိန်မှာ နိုင်ငံရေးဆိုင်ရာ လက်ဦးမှု ရယူလိုတဲ့အနေနဲ့ CNA/CNF၊ တော်လှန်ရေးတပ်ဖွဲ့တစ်ချို့၊ မြို့နယ်အသီးသီးရှိ ချင်းလွတ်တော်အမတ်တစ်ချို့က Chinland Council ဖွဲ့စည်းကာ ချင်းပြည်သူလူထုနဲ့ ချင်းတပ်ဖွဲ့ဝင် အားလုံးမပါဝင်ဘဲ မိမိအလိုကျ ဥပဒေရေးဆွဲအတည်ပြုခြင်း၊ သက်ဆိုင်ရာမြို့နယ်ဒေသရဲ့သဘောထားမပါဘဲ နီးစပ်ရာလူကိုဆွဲခေါ်ပြီး ချင်းအမည်နာမကို အသုံးပြုကာ အစိုးရဖွဲ့ရန် ပြင်ဆင်မှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အလားတူပဲ Maraland Territorial Council ကလည်း ချင်းညီနောင်မှာ ပူးပေါင်းပါဝင်လာတဲ့ ကြေညာချက်ကို မနေ့က ဇန်နဝါရီ (၃၁) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Maraland Territorial Council ရဲ့ လက်နက်ကိုင်အဖွဲ့ဟာ Maraland Defence Force (MDF) ဖြစ်ပြီး လတ်တလောမှာ CDF-Mara အဖွဲ့နဲ့ စစ်ရေးတင်းမာနေပြီး အချင်းချင်း ပစ်ခတ်မှုမှာ CDF-Mara အဖွဲ့ဝင် ၁ ဦးနဲ့ CDF-Mara ရဲ့ မဟာမိတ် CNA ရဲဘော်တဦး စုစုပေါင်း နှစ်ဦး ကျဆုံးခဲ့ပါတယ်။

ဓာတ်ပုံ။

CDF-Kanpetlet တပ်ရင်း ၅ ခု၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ ထုတ်ပြန်ချက်
Maraland Territorial Council ၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ ထုတ်ပြန်ချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို