နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အာဏာရှင်အဖွဲ့ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း EU နဲ့ အဖွဲ့၀င်နိုင်ငံတွေ ပူးတွဲကြေညာချက်ထုတ်ပြန်

ဖေဖော်ဝါရီလ (၁)ရက်။

စစ်အာဏာရှင်အဖွဲ့ရဲ့ ကျူးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ဥရောပသမဂ္ဂအပါအ၀င် အဖွဲ့၀င်နိုင်ငံခြားရေး၀န်ကြီးတွေက ဒီကနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းတာ (၃)နှစ်‌ပြည့်မြောက်တဲ့အပေါ် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်အပါအ၀င် သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတို့က နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ လက်အောက်မှာ လူထောင်ပေါင်းများစွာ ထောင်ချခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ သတ်ဖြတ်ခံရတာတွေနဲ့အတူ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်တာ‌တွေ မြင့်မားလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် လူပေါင်း ၂.၆သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ကြရပြီး လူပေါင်း ၁၈သန်းကျော် အကူအညီလိုအပ်လျက်ရှိရာ ကြီးမားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုကျယ်ပြန့်လာစေဖို့ တွန်းအားပေးနေတယ်လို့ ရေးသားထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်ကို ဦးတည်ချက်လမ်းစဉ် ပြောင်းလဲလုပ်ဆောင်ဖို့၊ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့ပြင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အပြည့်အဝပေးအပ်ခွင့်ပြုဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့အတူ အများပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးတာအတွက် အခင်းအကျင်းပေါ်ပေါက်လာအောင် ဖန်တီးပေးဖို့ကိုလည်း ထပ်မံတောင်းဆိုထားပါတယ်။

အာဆီယံဥက္ကဌနဲ့ အထူးကိုယ်စားလှယ်တို့ရဲ့ အပြုသဘောဆောင်တဲ့ အားထုတ်တာတွေကိုလည်း ချီးကျူးအသိအမှတ်ပြုထားကာ ဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ဖို့နဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုများပြုလုပ်ဖို့ စစ်အာဏာရှင်အဖွဲ့ကို့ ထည့်သွင်းတောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့ လိုအပ်တဲ့ လက်နက်နဲ့ စက်ပစ္စည်းကိရိယာတွေရရှိဖို့ ရပ်တန့်သွားအောင် ဆောင်ရွက်ဖို့ အစရှိတဲ့ အားထုတ်လုပ်ဆောင်တာတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက အဖွဲ့ဝင်နိုင်ငံတွေအားလုံး ထောက်ခံအားပေးပါဝင်ကြဖို့ ပူးတွဲကြေညာချက်မှာ တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းတာ သုံးနှစ်ကြာမြင့်ခဲ့တဲ့အချိန်မှာ မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တစ်ခု ပေါ်ထွက်လာဖို့အတွက် ၄င်းတို့ထားရှိတဲ့ ဆန္ဒလိုလားချက်တို့နဲ့အတူ တစ်သားတည်း ဆက်လက်ရပ်တည်နေတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 47 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 51 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 43 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ