နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၃)နှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ် (၂၁)ဦးသေဆုံးခဲ့

ဖေဖော်ဝါရီလ (၂)ရက်။

စစ်အာဏာသိမ်းပြီးနောက် (၃)နှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ် (၂၁)ဦး သေဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သေဆုံးခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် (၂၁)ဦးဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇)ဦးနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ထွက်ပြေးတိမ်းရှောင်ရင်း သေဆုံးခဲ့သူ (၁၁)ဦးရှိခဲ့ပြီး တိမ်းရှောင်နေချိန် ဖမ်းဆီးသတ်ဖြတ်ခံရသူ (၁)ဦးနဲ့ ဖမ်းဆီးခံထားရချိန် ဆေးကုသခွင့်မရတာကြောင့် သေဆုံးသူ (၂)ဦးတို့ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ လွှတ်တော်ကိုယ်စားလှယ် (၁၄၅)ဦးကို ဖမ်းဆီးခဲ့ရာ ဒီကနေ့အချိန်အထိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၉)ဦးနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၈)ဦးကို ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် လွှတ်တော်ကိုယ်စားလှယ် (၁၉၈)ဦးတို့ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်တာတွေလဲ ဥပဒေမဲ့ ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ် (၃)ဦးရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

တော်လှန်ရေးကို အမြန်ဆုံးအောင်မြင်ဖို့နဲ့ စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်တာအတွက် လက်ရှိနိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် ပထမနေ့အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် (၂၁၁)ဦး တက်ရောက်ခဲ့ပြီး အစီအစဉ် (၁၈)ရပ်နဲ့ ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပျုစောထီးရွာတွေက နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း(၄)ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 1 Views
နိုဝင်ဘာလ (၂၃)ရက်။ ဂန့်ဂေါမြို့နယ်ထဲရှိ ပျူစောထီးရွာတွေကနေ နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း (၄)ကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

စစ်ကောင်စီရဲ့ နှစ် (၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်း တပတ်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 1 Views
နိုဝင်ဘာလ (၂၃)ရက်။ စစ်ကောင်စီရဲ့ နှစ်ပေါင်း(၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်းကို တစ်ပတ်ကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရေးမြို့ရှိ အာယုတောင်ရွာက အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 1 Views
နိုဝင်ဘာလ (၂၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၅)မိနစ်အချိန်က ရေးမြို့ရှိ အာယုတောင်ရွာ အုပ်ချုပ်ရေးမှူးရုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနက်က ကန်တာကားတစ်စီးနဲ့ အာယုတောင်အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်တွေနဲ့ ပစ်သွားတာ။
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းပြီးနောက် အကျဉ်းထောင်ထဲ နိုင်/ကျဉ်း (၁၀၈)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 1 Views
နိုဝင်ဘာလ (၂၃)ရက်။ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၁၀၈)ဦးရှိတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အကျဉ်းထောင်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား
မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 1 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်ရှိ စိန်ပန်းကုန်းကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ရောင်နီနွေဦးအဖွဲ့ထံက သိရပါတယ်။ “ မနေ့က (၁၁)နာရီခွဲလောက် တံတားဦးဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စိန်ပန်းကုန်းကျေးရွာအနီးတဝိုက်ကို
မြန်မာသတင်း

ကျွန်းလှမြို့ထဲ စစ်ကောင်စီက (၃)ရက်ဆက်တိုက် မီးရှို့တာနဲ့ လေကြောင်းပစ်ခတ်တာကြောင့် ဒေသခံ (၈၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၀)ရက်နေ့ကစပြီး (၂၂)ရက်နေ့အထိ ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးမီးရှို့တာ၊ လေကြောင်းပစ်ခတ်တာနဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတို့ ပြုလုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံကြည်းတပ်ဦးစီးချုပ်‌တွေ အစည်းအဝေး စစ်ကောင်စီတက်ရောက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၁)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်တွေ အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အစည်းအဝေးကို ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ကိုယ်စား စစ်ကောင်စီရဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီ (၄၈)မိနစ်အချိန်က စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မထောအခြေစိုက်တပ်စခန်းဟာ စစ်ကောင်စီရဲ့ စကခ(၈)လက်အောက်ခံ ခမရ(၄၀၇)၊ ခမရ(၄၀၈)နဲ့