နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

တစ်နှစ်အတွင်း လူသားချင်းစာနာမှုအကူအညီအနေနဲ့ ငွေကျပ်(၅.၁၂)ဘီလီယံ ပံ့ပိုးပေးခဲ့တယ်လို့ NUG ထုတ်ပြန်

ဖေဖော်ဝါရီလ (၃)ရက်။

၂၀၂၃)ခုနှစ် ဇန်နဝါရီလ (၁)ရက်ကနေ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ တစ်နှစ်တာကာလထဲ ငွေကျပ် (၅.၁၂)ဘီလီယံကို တော်လှန်ရေးမှာ အမှန်တကယ်လိုအပ်နေသူတွေကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ မမေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီ ငွေကျပ် (၅.၁၂)ဘီလီယံကို ဦးစားပေးကဏ္ဍကြီး (၈)ခုအနေနဲ့ နေရပ်စွန့်ခွာသူတွေ၊ တော်လှန်ရေးမှာ ပါ၀င်ရင်း ထိခိုက်ကျဆုံးသူတွေရဲ့ မိသားစုတွေ၊ မသန်စွမ်းတွေနဲ့ ထိခိုက်လွယ်အုပ်စုတွေကို ခွဲဝေပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် CDM ၀န်ထမ်းတွေ၊ သဘာ၀ဘေးဒဏ်ခံရသူတွေ၊ နိုင်/ကျဉ်းတွေနဲ့ မိသားစု၀င်တွေ၊ သဘာ၀ဘးကြောင့် ထိခိုက်ခံစားရသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လူသားချင်းစာနာမှု အကူအညီလိုအပ်သူတွေလည်း ပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်ထဲ အရေးကြီးတဲ့ ဆောင်ရွက်ချက်တွေအနေနဲ့ NUG ရဲ့ လူသားချင်းစာနာမှု၀န်ကြီးဌာနက ပြည်သူမှပြည်သူ အလှူငွေကို အသုံးပြုပြီး တစ်လကို ပျမ်းမျှ နေရပ်စွန့်ခွာသူ (၃၄၀၀၀၀)ခန့်ကို ထောက်ပံ့နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းပြည်သူ (၃၁၄၃)ဦး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ/ရဲဘော် (၃၁၅၃)ဦးတို့ကို အရေးပေါ်အကူအညီတွေ ပံ့ပိုးတာအပြင် မီးရှို့ခံရတဲ့ နေအိမ်တွေထဲက နေအိမ် (၁၀၁၀)ကို ယာယီတဲ့ တည်ဆောက်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မိုးတွင်းနဲ့ ဆောင်းတွင်းကာလတွေမှာ စစ်ရောင်တွေအတွက် မိုးကာစ(တာပေါ်လင်စ)တွေ ပံ့ပိုးတာ၊ ဗုံးခိုကျင်းတူးဖို့ ဆောင်ရွက်တာ၊ မိုခါမုန်တိုင်းဘေး အရေးပေါ်တုန့်ပြန်မှုလုပ်ငန်းတွေ ဆောင်ရွက်ထောက်ပံ့ပေးတာအပြင် စစ်ရှိန်မြင့်ဒေသတွေမှာ အရပ်သားထိခိုက်တာ လျှော့ချဖို့နဲ့ ဘေးဒဏ်ကြံကြံခံနိုင်ဖို့ မြေပြင်သင်တန်းပေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေး (၃)နှစ်တာအတွင်း တော်လှန်ရေး‌ အောင်မြင်ဖို့ အဖက်ဖက်အကြပ်အတည်းတွေကြားက ကြံ့ကြံ့ခံကာ ပါ၀င်တော်လှန်နေတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို လေးစားဂုဏ်ယူမိကြောင်း ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 14 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 21 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 27 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 28 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 25 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 32 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 28 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ