နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး အဆိုပြုထားသည့် သဘောတူညီချက်ကို တုံ့ပြန်သည့်အနေဖြင့် ဟားမတ်စ်က အဆင့် ၃ ဆင့် အစီအစဉ်ကို အဆိုပြု

ဖေဖော်ဝါရီလ (၈) ရက်။

အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ခြင်းဆိုင်ရာ အစ္စရေး၏ အဆိုပြုချက်အား ဟားမတ်စ်၏ တုံ့ပြန်မှုမှာ ဂါဇာတွင် ထိန်းသိမ်းခံထားရသော ဓားစာခံများ လွတ်မြောက်ရေးအတွက် အဆင့်သုံးဆင့်ဖြစ်ပြီး အဆင့်တစ်ဆင့်စီအတွက် ၄၅ ရက် ကြာမြင့်မည်ဖြစ်သည်။

ယင်းတုံ့ပြန်မှုတွင် အစ္စရေးတပ်ဖွဲ့ဝင်များ ဂါဇာကမ်းမြောင်မှ ဆုတ်ခွာရေး၊ ကြီးမားသော လူသားချင်းစာနာမှု အကူအညီများပေးရန်နှင့် ဂါဇာတခွင်တွင် လူများကို လွတ်လပ်စွာ သွားလာခွင့်တို့ ပါဝင်မည်ဖြစ်သည်။

ဟားမတ်စ်၏ “မူဘောင်သဘောတူညီချက်” ကို ကာတာနှင့် အီဂျစ်ကြားဝင်ဖျန်ဖြေသူများထံ ပေးပို့ခဲ့သည်ဟု အဖွဲ့အစည်းက ပြောကြားခဲ့သည်။

CNN သည် ဟားမတ်စ်၏တုံ့ပြန်မှု မိတ္တူကို ရရှိထားပြီး ဟားမတ်စ် အကြီးတန်း အရာရှိ မိုဟာမက်နက်ဇယ် (Muhammad Nazzal) က ၎င်းသည် စစ်မှန်ကြောင်း အတည်ပြုခဲ့သည်။

စေ့စပ်ညှိနှိုင်းမှုများနှင့်ပတ်သက်ပြီး အစ္စရေးအရာရှိတစ်ဦးက CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာတွင် အစ္စရေးသည် ဟားမတ်စ်၏ တန်ပြန်အဆိုပြုချက်ကို လက်ခံနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ဓားစာခံ သဘောတူညီချက်နဲ့ ပတ်သက်ပြီး အစ္စရေးက အပစ်အခတ်ရပ်စဲပြီး ဂါဇာမှ အစ္စရေး တပ်ဖွဲ့တွေကို ဆုတ်ခွာပေးဖို့ ဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး” ဟု ဆွေးနွေးပွဲတွင်ပါဝင်သော အမည်မဖော်လိုသူကပြောကြားခဲ့ကြောင်း သိရသည်။

အခြားအချက်များထဲတွင် ဟားမတ်စ်က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးက ဖမ်းဆီးထားသော အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ယင်းအချက်သည် အစ္စရေးက မည်သည့်အခါမျှ သဘောတူမည်မဟုတ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးပို့ခြင်းအတွက် အလဲအလှယ်အားဖြင့် ဂါဇာတွင် ဖမ်းဆီးထားသည့်ဓားစာခံများကို လွှတ်ပေးရန် အစ္စရေး၏ အဆိုပြုချက်ကို ဟားမတ်စ်ကတုံ့ပြန်မှု မိတ္တူကို CNN မှ ရရှိထားသည်မှာ မှန်ကန်ကြောင်း ဟားမတ်စ်အကြီးတန်းအရာရှိ မိုဟာမက် နာဇယ် (Muhammad Nazzal) က အတည်ပြု ပြောကြား ခဲ့သည်။

အောက်တွင် အဆင့်တစ်ခုစီကို ခွဲခြမ်းတင်ပြထားသည်-

ပထမအဆင့်မှာ သတ်မှတ်ထားသည့် ပါလက်စတိုင်း အကျဉ်းသားအရေအတွက်နှင့် အလဲအလှယ်လုပ်ပြီး လွှတ်ပေးမည့် အစ္စရေးဓားစာခံများတွင် စာရင်းမသွင်းရသေးသည့် အသက် ၁၉ နှစ်အောက် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် နာမကျန်းဖြစ်နေသူများနှင့် သက်ကြီးရွယ်အိုများပါမည်ဟု ဟားမတ်စ်က ပြောသည်။

၎င်းတွင် “ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရှိန်မြှင့်ပေးခြင်း၊ လူနေထူထပ်သောဒေသများအပြင်ဘက်သို့ တပ်ဖွဲ့ဝင်များကို နေရာရွှေ့ပြောင်းခြင်း၊ ဆေးရုံများ၊ အိမ်များနှင့် ဂါဇာကမ်းမြှောင်ဒေသအားလုံးတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခွင့်ပြုခြင်း၊ ကုလသမဂ္ဂနှင့် ၎င်း၏အေဂျင်စီများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ရန်နှင့် လူဦးရေအတွက် အိမ်ရာစခန်းများ”တည်ဆောက်ခွင့်ပြုခြင်းတို့လည်း ပါဝင်မည်ဖြစ်သည်။

ပထမအဆင့်တွင် “စစ်ရေးစစ်ဆင်ရေးများနှင့် ဝေဟင်ထောက်လှမ်းမှုတို့ကို ယာယီရပ်ဆိုင်းခြင်းနှင့် ဂါဇာကမ်းမြှောင်ရှိ လူနေထူထပ်သော နေရာများမှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာခြင်းတွင် အကျဉ်းသားများလဲလှယ်ရေးအဆင်ပြေချောမွေ့စေရန် သီးခြားခွဲခြားထားသည့် မျဉ်းနှင့်အပြိုင် လုပ်ဆောင်ရမည်ဖြစ်သည်။”

အဆင့် ၂ သည် “စစ်ရေးစစ်ဆင်ရေးများ အပြန်အလှန် ရပ်စဲရေးနှင့် ပြီးပြည့်စုံသော တည်ငြိမ်အေးချမ်းမှုသို့ ပြန်လည်ရောက်ရှိရေးအတွက် လိုအပ်သည့် အချက်များနှင့်ပတ်သက်၍ (တိုက်ရိုက်မဟုတ်သော) ဆွေးနွေးပွဲများမှ တဆင့် အခြေအနေသည်လုံးဝ တည်ငြိမ်သည့် အနေအထားသို့ပြန်လည်ရောက်ရှိရမည်။

ဤအဆင့်သည် ဂါဇာတွင် ထိန်းသိမ်းခံထားရသော အမျိုးသား ဓားစာခံများ (စစ်ထဲဝင်ရန်စာရင်းသွင်းထားသည့် အရပ်သားနှင့် စစ်သည်များ) အားလုံးကို လွှတ်ပေးရန် ရည်ရွယ်ပြီး “သတ်မှတ်ထားသော ပါလက်စတိုင်းအကျဉ်းသား အရေအတွက်နှင့် လဲလှယ်ကာ ပထမအဆင့်၏ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အစီအမံများကို ဆက်လက်လုပ်ဆောင်ကာ အစ္စရေးတပ်များကို နယ်နိမိတ်ပြင်ပအထိ ဆုတ်ခွာပေးခြင်း၊ ဂါဇာကမ်းမြှောင်ဒေသများနှင့် ဂါဇာကမ်းမြှောင်ဒေသအားလုံးတွင် ပျက်စီးသွားသော အိမ်များ၊ အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်တည်ဆောက်ရေး”ဖြစ်သည်။

သတိပြုရန်မှာ ဂါဇာကမ်းမြောင်ဒေသမှ ဟားမတ်စ်နှင့် အခြားစစ်သွေးကြွအဖွဲ့များကို အပြီးသတ်အောင်ပွဲဆင် မပြီးမချင်း အစ္စရေးက ဂါဇာကမ်းမြောင်မှ တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းမည်မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောကြားထားသည်။

အဆင့် (၃) သည် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နေချိန်တွင် “နှစ်ဖက်စလုံးမှ သေဆုံးသူများ၏ ရုပ်အလောင်းများလဲလှယ်ရေးနှင့် ရုပ်အလောင်းများရောက်ရှိလာသည့်အခါ မည်သူမည်ဝါဆိုသည်ကို စစ်ဆေးခြင်းကိုပြုလုပ်ခြင်း။

နောက်ဆုံးတွင်၊ ဟားမတ်စ်က သဘောတူညီချက်ကို အာမခံပေးသူများသည် အီဂျစ်၊ ကာတာ၊ တူရကီ၊ ရုရှားနှင့် ကုလသမဂ္ဂတို့ဖြစ်မည်ဟု အဆိုပြုခဲ့သည်။ အာမခံပေးသူများထဲတွင် အမေရိကန် မပါဝင်ပါ။

နောက်ဆုံးရရှိသည့်သတင်းအရ ဟားမတ်စ်၏ အဆိုပြုချက်ကို အစ္စရေးက သဘောမတူဘဲ ပယ်ချလိုက်ပြီး ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုထားသည်။

အစ္စရေးနိုင်ငံ Tel Aviv တွင် ဖေဖော်ဝါရီ ၃ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်တို့ သိမ်းပိုက်ထားသော ဓားစာခံများ လွတ်မြောက်ရေး တောင်းဆိုသည့် လူထုစည်းဝေးပွဲ၌ ဓားစာခံများ၏ ဆိုင်းဘုတ်များနှင့် ဓာတ်ပုံများ ကိုင်ဆောင်ထားသည်။ Amir Levy/Getty ပုံများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။ လူများသည် ပလပ်စတစ် အိတ်များကို စုဆောင်းနေကြပြီး၊ စက်ရုံများသည်လည်း ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းပြတ်လပ်မှု များနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက