နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး အဆိုပြုထားသည့် သဘောတူညီချက်ကို တုံ့ပြန်သည့်အနေဖြင့် ဟားမတ်စ်က အဆင့် ၃ ဆင့် အစီအစဉ်ကို အဆိုပြု

ဖေဖော်ဝါရီလ (၈) ရက်။

အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ခြင်းဆိုင်ရာ အစ္စရေး၏ အဆိုပြုချက်အား ဟားမတ်စ်၏ တုံ့ပြန်မှုမှာ ဂါဇာတွင် ထိန်းသိမ်းခံထားရသော ဓားစာခံများ လွတ်မြောက်ရေးအတွက် အဆင့်သုံးဆင့်ဖြစ်ပြီး အဆင့်တစ်ဆင့်စီအတွက် ၄၅ ရက် ကြာမြင့်မည်ဖြစ်သည်။

ယင်းတုံ့ပြန်မှုတွင် အစ္စရေးတပ်ဖွဲ့ဝင်များ ဂါဇာကမ်းမြောင်မှ ဆုတ်ခွာရေး၊ ကြီးမားသော လူသားချင်းစာနာမှု အကူအညီများပေးရန်နှင့် ဂါဇာတခွင်တွင် လူများကို လွတ်လပ်စွာ သွားလာခွင့်တို့ ပါဝင်မည်ဖြစ်သည်။

ဟားမတ်စ်၏ “မူဘောင်သဘောတူညီချက်” ကို ကာတာနှင့် အီဂျစ်ကြားဝင်ဖျန်ဖြေသူများထံ ပေးပို့ခဲ့သည်ဟု အဖွဲ့အစည်းက ပြောကြားခဲ့သည်။

CNN သည် ဟားမတ်စ်၏တုံ့ပြန်မှု မိတ္တူကို ရရှိထားပြီး ဟားမတ်စ် အကြီးတန်း အရာရှိ မိုဟာမက်နက်ဇယ် (Muhammad Nazzal) က ၎င်းသည် စစ်မှန်ကြောင်း အတည်ပြုခဲ့သည်။

စေ့စပ်ညှိနှိုင်းမှုများနှင့်ပတ်သက်ပြီး အစ္စရေးအရာရှိတစ်ဦးက CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာတွင် အစ္စရေးသည် ဟားမတ်စ်၏ တန်ပြန်အဆိုပြုချက်ကို လက်ခံနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ဓားစာခံ သဘောတူညီချက်နဲ့ ပတ်သက်ပြီး အစ္စရေးက အပစ်အခတ်ရပ်စဲပြီး ဂါဇာမှ အစ္စရေး တပ်ဖွဲ့တွေကို ဆုတ်ခွာပေးဖို့ ဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး” ဟု ဆွေးနွေးပွဲတွင်ပါဝင်သော အမည်မဖော်လိုသူကပြောကြားခဲ့ကြောင်း သိရသည်။

အခြားအချက်များထဲတွင် ဟားမတ်စ်က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးက ဖမ်းဆီးထားသော အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ယင်းအချက်သည် အစ္စရေးက မည်သည့်အခါမျှ သဘောတူမည်မဟုတ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးပို့ခြင်းအတွက် အလဲအလှယ်အားဖြင့် ဂါဇာတွင် ဖမ်းဆီးထားသည့်ဓားစာခံများကို လွှတ်ပေးရန် အစ္စရေး၏ အဆိုပြုချက်ကို ဟားမတ်စ်ကတုံ့ပြန်မှု မိတ္တူကို CNN မှ ရရှိထားသည်မှာ မှန်ကန်ကြောင်း ဟားမတ်စ်အကြီးတန်းအရာရှိ မိုဟာမက် နာဇယ် (Muhammad Nazzal) က အတည်ပြု ပြောကြား ခဲ့သည်။

အောက်တွင် အဆင့်တစ်ခုစီကို ခွဲခြမ်းတင်ပြထားသည်-

ပထမအဆင့်မှာ သတ်မှတ်ထားသည့် ပါလက်စတိုင်း အကျဉ်းသားအရေအတွက်နှင့် အလဲအလှယ်လုပ်ပြီး လွှတ်ပေးမည့် အစ္စရေးဓားစာခံများတွင် စာရင်းမသွင်းရသေးသည့် အသက် ၁၉ နှစ်အောက် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် နာမကျန်းဖြစ်နေသူများနှင့် သက်ကြီးရွယ်အိုများပါမည်ဟု ဟားမတ်စ်က ပြောသည်။

၎င်းတွင် “ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရှိန်မြှင့်ပေးခြင်း၊ လူနေထူထပ်သောဒေသများအပြင်ဘက်သို့ တပ်ဖွဲ့ဝင်များကို နေရာရွှေ့ပြောင်းခြင်း၊ ဆေးရုံများ၊ အိမ်များနှင့် ဂါဇာကမ်းမြှောင်ဒေသအားလုံးတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခွင့်ပြုခြင်း၊ ကုလသမဂ္ဂနှင့် ၎င်း၏အေဂျင်စီများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ရန်နှင့် လူဦးရေအတွက် အိမ်ရာစခန်းများ”တည်ဆောက်ခွင့်ပြုခြင်းတို့လည်း ပါဝင်မည်ဖြစ်သည်။

ပထမအဆင့်တွင် “စစ်ရေးစစ်ဆင်ရေးများနှင့် ဝေဟင်ထောက်လှမ်းမှုတို့ကို ယာယီရပ်ဆိုင်းခြင်းနှင့် ဂါဇာကမ်းမြှောင်ရှိ လူနေထူထပ်သော နေရာများမှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာခြင်းတွင် အကျဉ်းသားများလဲလှယ်ရေးအဆင်ပြေချောမွေ့စေရန် သီးခြားခွဲခြားထားသည့် မျဉ်းနှင့်အပြိုင် လုပ်ဆောင်ရမည်ဖြစ်သည်။”

အဆင့် ၂ သည် “စစ်ရေးစစ်ဆင်ရေးများ အပြန်အလှန် ရပ်စဲရေးနှင့် ပြီးပြည့်စုံသော တည်ငြိမ်အေးချမ်းမှုသို့ ပြန်လည်ရောက်ရှိရေးအတွက် လိုအပ်သည့် အချက်များနှင့်ပတ်သက်၍ (တိုက်ရိုက်မဟုတ်သော) ဆွေးနွေးပွဲများမှ တဆင့် အခြေအနေသည်လုံးဝ တည်ငြိမ်သည့် အနေအထားသို့ပြန်လည်ရောက်ရှိရမည်။

ဤအဆင့်သည် ဂါဇာတွင် ထိန်းသိမ်းခံထားရသော အမျိုးသား ဓားစာခံများ (စစ်ထဲဝင်ရန်စာရင်းသွင်းထားသည့် အရပ်သားနှင့် စစ်သည်များ) အားလုံးကို လွှတ်ပေးရန် ရည်ရွယ်ပြီး “သတ်မှတ်ထားသော ပါလက်စတိုင်းအကျဉ်းသား အရေအတွက်နှင့် လဲလှယ်ကာ ပထမအဆင့်၏ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အစီအမံများကို ဆက်လက်လုပ်ဆောင်ကာ အစ္စရေးတပ်များကို နယ်နိမိတ်ပြင်ပအထိ ဆုတ်ခွာပေးခြင်း၊ ဂါဇာကမ်းမြှောင်ဒေသများနှင့် ဂါဇာကမ်းမြှောင်ဒေသအားလုံးတွင် ပျက်စီးသွားသော အိမ်များ၊ အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်တည်ဆောက်ရေး”ဖြစ်သည်။

သတိပြုရန်မှာ ဂါဇာကမ်းမြောင်ဒေသမှ ဟားမတ်စ်နှင့် အခြားစစ်သွေးကြွအဖွဲ့များကို အပြီးသတ်အောင်ပွဲဆင် မပြီးမချင်း အစ္စရေးက ဂါဇာကမ်းမြောင်မှ တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းမည်မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောကြားထားသည်။

အဆင့် (၃) သည် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နေချိန်တွင် “နှစ်ဖက်စလုံးမှ သေဆုံးသူများ၏ ရုပ်အလောင်းများလဲလှယ်ရေးနှင့် ရုပ်အလောင်းများရောက်ရှိလာသည့်အခါ မည်သူမည်ဝါဆိုသည်ကို စစ်ဆေးခြင်းကိုပြုလုပ်ခြင်း။

နောက်ဆုံးတွင်၊ ဟားမတ်စ်က သဘောတူညီချက်ကို အာမခံပေးသူများသည် အီဂျစ်၊ ကာတာ၊ တူရကီ၊ ရုရှားနှင့် ကုလသမဂ္ဂတို့ဖြစ်မည်ဟု အဆိုပြုခဲ့သည်။ အာမခံပေးသူများထဲတွင် အမေရိကန် မပါဝင်ပါ။

နောက်ဆုံးရရှိသည့်သတင်းအရ ဟားမတ်စ်၏ အဆိုပြုချက်ကို အစ္စရေးက သဘောမတူဘဲ ပယ်ချလိုက်ပြီး ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုထားသည်။

အစ္စရေးနိုင်ငံ Tel Aviv တွင် ဖေဖော်ဝါရီ ၃ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်တို့ သိမ်းပိုက်ထားသော ဓားစာခံများ လွတ်မြောက်ရေး တောင်းဆိုသည့် လူထုစည်းဝေးပွဲ၌ ဓားစာခံများ၏ ဆိုင်းဘုတ်များနှင့် ဓာတ်ပုံများ ကိုင်ဆောင်ထားသည်။ Amir Levy/Getty ပုံများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 24 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 19 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 45 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 41 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 42 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 50 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့