ဖေဖော်ဝါရီ ၁၃ ရက်။
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တပ်မဌာနချုပ်နဲ့ တပ်ရင်းစခန်းတွေအားလုံးကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့က အပြီးသတ်သိမ်းယူထားတဲ့ ကျောက်တော်မြို့က ဓာတ်ပုံတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ် ၃ ခုမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေ အားလုံးကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ဖေဖော်ဝါရီ ၇ ရက် ညမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။