ဖေဖော်ဝါရီလ (၂၀) ရက်။
စစ်ကောင်စီ ထိန်းချုပ်ရာ လုံခြုံမှုမရှိတဲ့ နေရာတွေကို ပြောင်းရွှေ့နေထိုင်မယ့်အစား ရခိုင့်တပ်တော် ထိန်းချုပ်ရာ နေရာတွေ၊ မြို့ရွာတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့ ရခိုင့်တပ်တော် (AA) က သဘောထား ကြောညာချက်ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ဒေသနဲ့ မြန်မာနိုင်ငံရဲ့ စစ်ရေးအခြေအနေများအရ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အာရက္ခပြည်သူလူထုတစ်ရပ်လုံး အပါအဝင် အဖိနှိပ်ခံ ပြည်သူလူထုအားလုံးတို့အတွက် အလုံခြုံဆုံးနေရာတွေဖြစ်တဲ့အတွက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန် အပါအဝင် အခြားမြို့တွေကို တိမ်းရှောင်ကြမယ့်အစား ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနေရာတွေ၊ မြို့ရွာတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့ AA က တိုက်တွန်းထားပါတယ်။