နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချ

ဖေဖော်ဝါရီလ (၂၁) ရက်။

ပါလက်စတိုင်းပိုင်နက်နယ်မြေဖြစ်တဲ့ ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဖေဖော်ဝါရီလ (၂၀) ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

အယ်လ်ဂျီးရီးယား တင်သွင်းတဲ့ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံးဖို့ အမေရိကန်က ရည်ရွယ်ချက်ကို ညွှန်ပြခဲ့ပေမယ့် ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးအပေါ် ပိုမိုဝေဖန်လာခဲ့ကြပါတယ်။ ဂါဇာမှာ ယာယီအပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ အစားထိုးဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန်ပြည်ထောင်စုက (၁၉) ရက်နေ့မှာ လုံခြုံရေးကောင်စီကို တင်သွင်းခဲ့ပါတယ်။

ရှေ့ဆက်ပြီး အမေရိကန်က တင်ပြတဲ့ ဆုံးဖြတ်ချက်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကို အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ဟာ လုံခြုံရေးကောင်စီအဖွဲ့ဝင်အများစုရဲ့ မျှော်လင့်ချက်အောက် နည်းပေမယ့် အစ္စရေးနိုင်ငံအပေါ် ဝါရှင်တန်ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို မီးမောင်းထိုးပြနေပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Thomas Greenfield က အယ်လ်ဂျီးရီးယားနိုင်ငံက တင်သွင်းတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး “ ဒီနေ့ မဲခွဲဆုံးဖြတ်ခြင်းဟာ ဆန္ဒသာရှိပြီး တာဝန်မဲ့တဲ့အရာဖြစ်တယ်” လို့ ပြောကြားခဲ့ပြီး သူမက နိုင်ငံများအကြား လက်ရှိလုပ်ဆောင်နေတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး စတဲ့ကိစ္စရပ်တွေနဲ့ စပ်လျဉ်းတဲ့ သိမ်မွေ့တဲ့စေ့စပ်ညှိနှိုင်းမှုအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ ထောက်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက အဆိုပြုတဲ့ အစားထိုးဆုံးဖြတ်ချက်ဟာ နိုင်ငံတစ်ခုစီက မျှဝေထားတဲ့ စိုးရိမ်မှုများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ရှုမြင်ကြောင်းလည်း သူမက ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့ မြေပြင်စစ်ပွဲနဲ့ ဗုံးကျဲမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းက စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေပြီး အယ်လ်ဂျီးရီးယားက တင်သွင်းတဲ့ ဆုံးဖြတ်ချက်ကို အာရပ်နိုင်ငံတွေက ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Source: CNN

ဓာတ်ပုံ။

ဂါဇာတောင်ပိုင်းရှိ ခန်းယူနစ်စ်ကို အစ္စရေးရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးခိုးတွေ ထွက်လာတာကို တွေ့မြင်ရစဉ်။

Rafah/Said Khatib/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 6 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားစစ်တပ်က ကာ့ဒ်တို့ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 10 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆီးရီးယားစစ်တပ်သည် ဒေသခံမျိုးနွယ်စု လက်နက်ကိုင်များ၏ အကူအညီဖြင့် နှစ်ရက်တာ ကာလအတွင်း
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ထရန့်က ဂရင်းလန်းကျွန်း (Greenland) ကို ဝယ်ယူရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းလာမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) ကြားတွင် ကြီးမားသော သံတမန်ရေးနှင့် စီးပွားရေး ပဋိပက္ခများ ဖြစ်ပွားနေပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 26 Views
၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀  ထရန့်၏ စီမံကိန်း (The Trump Plan) သမ္မတ ထရန့်သည် ဂရင်းလန်းကို ဝယ်ယူရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အာတိတ်ဒေသတွင် ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို တားဆီးရန် “
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။ ယင်းမှာ ပြည်တွင်းမှ ကန့်ကွက်ဆန့်ကျင်မှုများကို အစ္စရေးနှင့်ဖြစ်ပွားခဲ့သော နွေရာသီစစ်ပွဲ၏ နောက်ဆက်တွဲအဖြစ် ရှုမြင်လာသည့် အစိုးရ၏
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 40 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 41 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်