ဖေဖော်ဝါရီလ (၂၃)ရက်။
မူးမြို့နယ်ထဲ တောမီးကူးစက်လောင်ကျွမ်းတာကြောင့် ရန်မျိုးအောင်ရွာရှိ စစ်ဘေးရှောင်နေအိမ် (၇)လုံး ပျက်စီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နံနက် (၁၁)နာရီအချိန်ခန့်က မူးမြို့နယ်ထဲရှိ စစ်ဘေးရှောင်နေရတဲ့ ရန်မျိုးအောင်ရွာဟာ တောမီးလောင်မှုကတစ်ဆင့် ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
ရန်မျိုးအောင်ရွာ မီးလောင်ခဲ့တာကြောင့် စောအယ်ဒိုမူး၊ စောခွားဒို၊ စောခွားကြီး၊ စောတာလား၊ စောတာဆိ၊ ရဲမင်းပိုင်နဲ့ စောဇော်ဝမ်းတို့ရဲ့နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရန်မျိုးအောင်ရွာဟာ ၂၀၂၂ခုနှစ် (၇)လပိုင်းကစပြီး စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တာတွေကြောင့် ဒေသခံတွေဟာ ရွာကိုထားခဲ့ပြီး စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။