နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကောလင်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့

မတ်လ (၆)ရက်။

မတ်လ (၂)ရက်နေ့ကစပြီး (၃)ရက်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ကောလင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးခဲ့တယ်လို့ Kawlin-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မတ်လ (၂)ရက်နေ့က ကောလင်းမြို့၊ ကျောက်တန်းလမ်းဆုံရှိ သစ်ဖုလှဘုရားကုန်းကနေ ခံသာရွာကို အင်အား (၁၂၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ (၃)ရက်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး မတ်လ (၄)ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက ခံသာရွာကနေ ကျောက်တန်းရွာကို ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ (၂)ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးသီး (၆)လုံးနဲ့ စက်လက်နက်တွေအသုံးပြုခဲ့တာကြောင့် ပြည်သူ့နေအိမ်အများအပြားနဲ့ အထကစာသင်ကျောင်းဆောင် (၂)ဆောင် ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ထုတ်ရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း (၃)လောင်း၊ MA-3 တစ်လက်၊ ကင်းထောက်ဒရုန်း (၁)စီးနဲ့ ငါကြင်းမြီးပြောင်းတစ်ခုအပြင် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို ကောလင်းခရိုင်အမှတ်(၁)တပ်ရင်း၊ အမှတ်(၄)တပ်ရင်း၊ ကောလင်းခရိုင်ပကဖနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ရေးတင်းမာနေတာကြောင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာရေဘေးအတွက် ကန်ဒေါ်လာ (၁.၇)သန်း ဩစတြေးလျ ထပ်တိုးကူညီ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 0 Views
စက်တင်ဘာလ (၂၃)ရက်။ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ (၁.၇)သန်း ထပ်တိုးကူညီတယ်လို့ ဩစတြေးလျသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဩစတြေးလျနိုင်ငံက
မြန်မာသတင်း

ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘောတွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က အကျအရှုံးတွေရှိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 0 Views
စက်တင်ဘာလ (၂၃)ရက်။ အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingy Revolution Army ရဲ့
မြန်မာသတင်း

ရေစကြိုမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာကြောင့် ညီအမ (၂)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 16 Views
စက်တင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၈)နာရီခွဲခန့်မှာ ရေစကြိုမြို့ရှိ မအူအောက်ဆိပ်တိုက်နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မအူအောက်ဆိပ်တိုက်နယ်ဆေးရုံနဲ့ ရွှေကျင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲသွားတာ၊
မြန်မာသတင်း

မွန်ပြည်သူနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ MLA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 13 Views
စက်တင်ဘာလ (၂၃)ရက်။ မွန်ပြည်သူတွေနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးလေးစားရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်တော်တည်ထောင်တာ (၂)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MLA အနေနဲ့ ပြည်သူ့ဆန္ဒနဲ့အညီ အာဏာရှင်စနစ်ပျက်သုဉ်းဖို့၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်
မြန်မာသတင်း

ရေဘေးကြောင့် မြို့နယ် (၅၄)မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး လူ (၃၈၄)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 10 Views
စက်တင်ဘာလ (၂၃)ရက်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်တာကြောင့် လူဦးရေ (၁၄၀၀၀၀)ကျော် ရေဘေးသင့်ကာ (၃၈၄)ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတ၀န်းရှိ နေပြည်တော်အပါအ၀င် တိုင်းနဲ့ ပြည်နယ် (၉)ခုက မြို့နယ် (၅၄)မြို့နယ်
မြန်မာသတင်း

ငါန်းမြာကြီးရွာကို စစ်‌ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ (၁၂)ဦးနဲ့ ကာကွယ်ရေးရဲဘော် (၂)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 15 Views
စက်တင်ဘာလ (၂၃)ရက်။ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ငါန်းမြာဘက်ကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက (၂)ရက်ဆက်တိုက် ဗုံးကြဲတာ၊
မြန်မာသတင်း

ချောင်းဦးမြို့ရှိ ကံဇီးပျူရွာစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး (၃၀)ကျော်ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 14 Views
စက်တင်ဘာလ (၂၃)ရက်။ စက်တင်ဘာလ (၁၉)ရက်နေ့က ချောင်းဦးမြို့ရှိ ကံဇီးရွာပျူစောထီးစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး (၃၀)ကျော် ဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၈)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့
1027 Operations မြန်မာသတင်း

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာက ငြိမ်းချမ်းရေးကြိုးပမ်းတာတွေကို အလဟဿဖြစ်စေတယ်လို့ MNDAA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 17 Views
စက်တင်ဘာလ (၂၃)ရက်။ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေသူတွေ ကြိုးပမ်းတာအားလုံးကို အလဟဿဖြစ်စေတယ်လို့ MNDAA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ လားရှိုးမြို့ကို မနေ့က လေကြောင်းကနေ (၄)ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ