နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒုသမတဟောင်းမိုက်ပင့်စ်က ထရန့်ကို ထောက်ခံချက်မပေးနိုင်ဟုဆို

မတ်လ (၁၆) ရက်။

ဒုသမ္မတဟောင်း မိုက်ပင့်စ်က ရီပတ်ပလီကင်ပါတီဝင်အများစု (GOP)က ထောက်ခံတဲ့ ဆန်ခါတင်စာရင်းဝင် ထရန့်ကို သူ့အနေနဲ့ ယုံကြည်ချက်ကောင်းကောင်းနဲ့ ထရန့်ကို ထောက်ခံမှု မလုပ်နိုင်ဘူးလို့ ပြောလိုက်ပါတယ်။ သူ့ရဲ့ လက်တွဲလုပ်ကိုင်ဖက်ဟောင်းနဲ့ သူနဲ့ တာဝန်အတူထမ်းဆောင်ခဲ့တဲ့ သမ္မတကို ငြင်းဆန်တယ်လို့ သောကြာနေ့က ပြောခဲ့ပါသည်။ “ ဒေါ်နယ်ထရန့်ဟာ ကျွန်တော်တို့နဲ့လေးနှစ်တာ အုပ်ချုပ်ခဲ့မှုအတွင်း ကျွန်တော်တို့ရဲ့ ကွန်ဆာဗေးတစ် အာဂျင်တာနဲ့ ကွဲလွဲနေတဲ့အာဂျင်တာနောက်ကို လိုက်ခဲ့တယ်။ ဒါကြောင့် ဒီမဲဆွယ်မှုမှာ ဒေါ်နယ်ထရန့်ကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော့်အနေနဲ့ ထောက်ခံလို့ မရပါဘူး” လို့ ပင့်စ်က Fox News ကို ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလမှာ သူအနေအိမ်း သမ္မတလောင်းအဖြစ်ဝင်ရောက်အရွေးခံဖို့ လျာထားတာကို နှုတ်ထွက်လိုက်ပြီးနောက် ဒုတိယသမ္မတဟောင်းဟာ ၂၀၂၄ ရီပတ်ဘလီကန်ပါတီရဲ့ အခြေခံမဲဆန္ဒရှင်စာရင်းမှာ ထောက်ခံမှုကို ဆိုင်းငံ့ထားခဲ့ပေမဲ့ နောက်ဆုံးမှာ GOP ဆန်ခါတင်စာရင်းဝင်သူကို ထောက်ခံမယ်လို့ အရင်က ကတိပြုခဲ့ပါတယ်။ ပင့်စ်နှုတ်ထွက်ပြီးတဲ့နောက် ထရန့်က သူ့ကို ဒုသမ္မတဟောင်းက ထောက်ခံသင့်တယ်လို့ ပြောကြားပြီး “ကျွန်တော် သူ့ကို ရွေးချယ်ခဲ့ပြီး သူ့ကို ဒုတိယသမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ လူတွေက တော်တော်သစ္စာမဲ့တယ်” လို့ ပင့်စ်ကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။

ထရန့်-ပင့်စ်တို့ရဲ့ တိုင်းပြည်စီမံအုပ်ချုပ်မှုမှတ်တမ်းအတွက် သူ့အနေနှင့် “အလွန်ဂုဏ်ယူမိတယ်”လို့ ပြောနေစဉ်မှာ သမ္မတဟောင်းထရန့်က ရှေးရိုးဆန်တဲ့အကြောင်းအရာတွေက ခွာသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကိုယ်ဝန်ဖျက်ချမှုနဲ့ ပတ်သက်တဲ့သဘောထား၊ အမေရိကန်အမျိုးသား ကြွေးမြီဆိုင်ရာ ရပ်တည်ချက်နဲ့ TikTok တို့မှာ အရင်က ပြောခဲ့တာတွေကို ပြောင်းပြန်လှန်ပြောဆိုမှုတွေကို ထောက်ပြပြီး ပင့်စ်က ပြောကြားခဲ့ပါတယ်။ “ကျနော့်ရဲ့သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်မှာ သမ္မတထရန့်နဲ့ ကျွန်တော့်အကြားမှာ လေးနက်တဲ့ ကွဲလွဲမှုတွေ ရှိနေတယ်ဆိုတာ ကျွန်တော်က ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ဖူးပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့က ကျွန်တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်အရ ကျင့်သုံးဆောင်ရွက်ခဲ့မှု တဲ့အပေါ် သူနဲ့ကျွန်တော်နဲ့ ကွာခြားချက်ချက် တင်မကပါဘူး” ဟု ပင့်စ် က “Martha MacCallum နှင့်ပြောခဲ့သော ဇာတ်လမ်း” တွင် ပြောကြားခဲ့သည်။

“သူ့ရဲ့ သမ္မတလောင်းဖြစ်ခွင့်ကို ကျွန်တော် ကြည့်ပြီးတော့ နိုင်ငံတော်ကြွေးမြီတွေကို ရင်ဆိုင်ဖို့ ကတိကဝတ်တွေကနေ ရုန်းထွက်တာကို မြင်ခဲ့ရပါတယ်။ လူ့ဘဝရဲ့ မြတ်နိုးတန်ဖိုးထားမှုအပေါ် ကတိကဝတ်ပြုခြင်းက ရှောင်ဖယ်တာကို ကျွန်တော်မြင်ဖူးပါတယ်။ အခုနောက်ဆုံးအပတ်တွင်၊ တရုတ်နိုင်ငံအပေါ် တင်းမာတဲ့ရပ်တည်မှုအဖြစ် ByteDance ရဲ့ TikTok ကို ရောင်းချရန် အတင်းအကြပ် လုပ်ဆောင်ရန် ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုကို ထရန့်က ပြောင်းပြန်လှန်ပြောဆိုခဲ့တယ်” လို့ ပင့်စ်က ပြောကြားခဲ့သည်။ ပင့်စ်သည် ၂၀၂၄ အထွေထွေရွေးကောက်ပွဲမှာ သူဘယ်သူ့ကို မဲပေးမှာကို ထုတ်ဖော်ပြောကြားခဲ့တာ မရှိပေမယ့် “ ကိုယ့်ကိုယ်ကိုပဲမဲပေးမယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သမ္မတဂျိုးဘိုင်ဒင်ကိုတော့ ဘယ်တော့မှ မဲပေးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ ပင့်စ်ဟာ တတိယပါတီကိုယ်စားလှယ်လောင်းကိုလည်း မထောက်ခံကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ပင့်စ်ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ ဘိုင်ဒင် အနိုင်ရရှိခြင်းအတွက် ကွန်ဂရက်လွှတ်တော်ရဲ့ အသိအမှတ်ပြုလက်မှတ်ကို ကြီးကြပ်နေစဉ် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရန် ပြောဆိုခဲ့တဲ့ သမတထရန့်နဲ့ ပင့်စ်က လမ်းခွဲခဲ့ပါတယ်။ ထရန့်ထောက်ခံသူလူအုပ်ကို အဲ့ဒီနေ့မှာ ထရန့်ရဲ့ မဆင်မခြင် ပြောဆိုမှုတွေကို ပင့်စ်က နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ အဲ့ဒီလူအုပ်ကြီးဟာ အမေရိကန်လွှတ်တော် အဆောက်အအုံကို ချိုးဖောက် ဝင်ရောက်ခဲ့ပြီး သူ့မိသားစုနဲ့ အမေရိကန်အစိုးရရုံးစိုက်ရာမြို့တော်ရှိ လူအများကို “ အန္တရာယ်” ဖြစ်စေခဲ့ပါတယ်။ အရင်နှစ်က သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲမှာ ပင့်စ်က ထရန့်နဲ့ ထရန့်ကိုထောက်ခံသူတွေဆီက “ လူပြိန်းကြိုက်ပြောကြားချက်” တွေကို ရီပတ်ဘလီကန်တွေအနေအိမ်း သတိထားရန် သတိပေးခဲ့ပါတယ်။ ပင့်စ်နဲ့ သူ့အဖွဲ့ဖြစ်တဲ့ အမေရိကန်လွတ်လပ်ရေးအတွက် ရှေ့တိုးဆောင်ရွက်သူများ (Advancing American Freedom ) အဖွဲ့ဟာ ရှေးရိုးဆန်တဲ့ မူဝါဒတွေကို တွန်းအားပေးရန်အတွက် ဒေါ်လာသန်း ၂၀ မြှုပ်နှံထားကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့