နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားရွေးကောက်ပွဲကို ပစ်မှတ်ထားပြီး ယူကရိန်းတပ်တွေ တိုက်ခိုက်

++++++++++++++++++

ကျင်းပနေတဲ့ ရုရှားသမ္မတရွေးကောက်ပွဲ ဒုတိယနေ့မှာပဲ ရုရှားနယ်စပ်က ဘယ်ဂိုရော့ဒ်မြို့ကို ယူကရိန်းရဲ့ ဒုံးကျည်တစ်စင်းထိမှန် ပေါက်ကွဲခဲ့ပါတယ်။ ရုရှားမီဒီယာတစ်ခုက ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ ဒုံးကျည်ထိမှန်ခဲ့တဲ့ အဆောက်အဦတစ်ခုဟာ မီးခိုးလုံးတွေထွက်နေတာကိုတွေ့ရပါတယ်။

အလားတူ ယူကရိန်းရဲ့ မောင်းသူမဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ ဆာမာရာဒေသက ရေနံချက်စက်ရုံတစ်ခုလည်း မီးလောင်ခဲ့ပါတယ်။ ရုရှားသမ္မတရွေးကောက်ပွဲကျင်းပနေချိန်မှာ တိုက်ခိုက်တာဖြစ်လို့ ဗလာဒီမာပူတင်က ယူကရိန်းရဲ့ နှောက်ယှက်ဖို့ ကြိုးစားနေတဲ့လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့တပ်တွေအနေနဲ့ ဘယ်ဂိုရော့ဒ်မြို့အနီးက နယ်စပ်စည်းကို ကျော်ဖြတ်ဖို့ ကြိုးစားလာတဲ့ ယူကရိန်းတပ်တွေကို တွန်းလှန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ဘယ်ဂိုရော့ဒ်မြို့က ကျောင်းနဲ့ စျေးဝယ်စင်တာများကို ခေတ္တပိတ်ထားမယ်လို့ ဘယ်ဂို​မြို့အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

ယူကရိန်းတပ်တွေဟာ ယခုတစ်ပတ်အတွင်း ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ယူကရိန်းနိုင်ငံရဲ့ ပင်လယ်နက်မြို့တော်ဖြစ်တဲ့ အိုဒီဆာကို ရုရှားတပ်တွေ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူအများအပြားသေဆုံးခဲ့ရပါတယ်။

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ သမ္မတသစ်ရွေးကောက်ပွဲမှာ ပူတင်ကို ပြည်သူတရပ်လုံးက အားပေးထောက်ခံမှုအပြည့်ရှိနေတယ်ဆိုတာကို ပြသဖို့အတွက် ကရင်မလင်နန်းတော်က မဲပေးသူအမြောက်အများရှိဖို့ မျှော်လင့်နေပါတယ်။ အဲဒီရွေးကောက်ပွဲဟာ သမ္မတပူတင်ရဲ့ သက်တမ်းကို နောက်ထပ် 6 နှစ် တည်မြဲဖို့ သေချာသလောက်ရှိနေတဲ့ အနေအထားလည်းဖြစ်ပါတယ်။

ပူတင်ဟာ ဝေဖန်သူတွေနဲ့ အတိုက်အခံတွေကို အကျဉ်းချခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းတွေ ပြုလုပ်ခဲ့တာကြောင့် အခုရွေးကောက်ပွဲဟာ အတုအယောင်မျှသာဖြစ်တယ်လို့ ကမ္ဘာ့သတင်းမီဒီယာတွေက ဖော်ပြနေကြတာပါ။ ဒါပေမယ့် မဲပေးသူအရေအတွက်ဟာ နှစ်ရက်အတွင်း ရုရှားတစ်နိုင်ငံလုံးရဲ့ 50 ရာခိုနှုန်းကို ကျော်လွန်ခဲ့ပြီး ဘယ်ဂိုရော့ဒ်ဒေသမှာတော့ မဲပေးသူအရေအတွက်ဟာ 70 ရာခိုနှုန်းနီးပါးအထိကို ရှိလာခဲ့ပါတယ်။ ရုရှားရဲ့အာဏာရပါတီဖြစ်တဲ့ ယူနိုက်တက်ရုရှားကတော့ အွန်လိုင်းကမဲပေးမှုတွေမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အွန်လိုင်းကမဲပေးစနစ်ကို ရပ်ဆိုင်းထားရတယ်လို့ ထုတ်ပြန်ထားပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းသို့ တိုမာဟော့ခ် (Tomahawk) ဒုံးကျည်များ သူကပေးကောင်းပေးနိုင်သည်ဟု ထရန့်ပ် ပြောကြား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 22 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်ပ် (Donald Trump) သည် ယူကရိန်းသို့ ဝေးကွာသော အကွာအဝေးအထိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

ထရန့်ပ်က သတင်းထောက်များကို “ဟုတ်သည်” ဂါဇာစစ်ပွဲ တရားဝင် ပြီးဆုံးပြီဟု ပြောကြားခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 21 Views
CNN-၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၁၃ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်ပ် (Donald Trump) သည် ဂျေရုဆလင်ရှိ ပါလီမန် အဆောက်အအုံကို ဖြတ်လျှောက်လာစဉ်
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးဓားစာခံအသက်ရှင်ကျန်ရှိသူ ၁၃ ဦးကို အစ္စရေးစစ်တပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ ၎င်းတို့ဟာ ဘယ်သူတွေလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 21 Views
CNN-၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၁၃ရက် အပေါ်တန်း (ဘယ်မှညာသို့)- Elkana Bohbot, Rom Braslavski, Nimrod Cohen, Ariel Cunio, David Cunio, Evyatar David, Maxim Herkin။ အောက်တန်း (ဘယ်မှညာသို့)-
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အခွန်ခြိမ်းခြောက်မှုအပေါ် တရုတ်က အမေရိကန်၏ “ စံနှုန်းနှစ်ခွ” ကို စွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 17 Views
BBC-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက် ဒေါ်နယ်လ် ထရန့်က တရုတ်ကုန်ပစ္စည်းများအပေါ် ထပ်ဆောင်း အခွန် ၁၀၀% တိုးမြှင့် ကောက်ခံမည်ဟု နောက်ဆုံး ထပ်မံခြိမ်းခြောက်ခြင်းသည် “ အမေရိကန်၏ “ စံနှုန်းနှစ်ခွ” များ၏ ပုံမှန်ဥပမာတစ်ခု” ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာစီးတီးတွင် ဟားမတ်စ်တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်မျိုးနွယ်စုဝင်များကြား ပဋိပက္ခဖြစ်ပွား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက် ဂါဇာတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကြီးများ ပြီးဆုံးသွားသည့်နောက်ပိုင်း အပြင်းထန်ဆုံး ပြည်တွင်းပဋိပက္ခများအနက်မှ တစ်ခုအဖြစ်၊ ဂါဇာစီးတီးရှိ ဟားမတ်စ် လုံခြုံရေးတပ်ဖွဲ့ ဝင်များ နှင့် ဒူဂ်မတ်ရ်ှ (Dughmush) မျိုးနွယ်စုမှ လက်နက်ကိုင်များကြား
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်းအကျဉ်းသားများ လွှတ်ပေးမှု တနင်္လာနေ့ အစောပိုင်းတွင် စတင်မည်ဟု မျှော်လင့်ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 21 Views
CNN-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက် အစ္စရေးဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဂါဇာတွင် ဖမ်းဆီးထားသော ဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသား၊ အဖမ်းခံထားရသူများကို နောက်ဆုံးလဲလှယ်မှုအား တနင်္လာနေ့ အစောပိုင်းတွင် စတင်မည်ဟု အစ္စရေးက မျှော်လင့်ထားသည်။ တစ်ချိန်တည်းမှာပင်၊ ပါလက်စတိုင်းလူမျိုး
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

တနင်္လာနေ့တွင် ဓားစာခံများ လွှတ်ပေးမည်ဟု အစ္စရေးကဆို, ထရန့် အရှေ့အလယ်ပိုင်းသို့ ထွက်ခွာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 21 Views
CNN-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်သည် ဂါဇာတွင် အသက်ရှင်လျက်ရှိသည်ဟု ယူဆ ရသည့် အစ္စရေးဓားစာခံ ၂၀ ဦးကို တနင်္လာနေ့ အစောပိုင်းတွင် လွှတ်ပေးရန် မျှော်လင့် ထားခြင်း မပြုမီ အစ္စရေးသို့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

“ စစ်ပွဲရပ်စဲပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ စစ်ဆင်ရေးများတွင် “ တကယ့်တိုးတက်မှု” ရှိဟု ကုလသမဂ္ဂဆို”

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 24 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA) က သောကြာနေ့တွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက် ဂါဇာတစ်လျှောက် အကူအညီပေးရေး စစ်ဆင်ရေးများတွင် “ တကယ့်တိုးတက်မှု” ရှိကြောင်း ပြောကြားခဲ့သည်။ “မတ်လနောက်ပိုင်း