နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားရွေးကောက်ပွဲကို ပစ်မှတ်ထားပြီး ယူကရိန်းတပ်တွေ တိုက်ခိုက်

++++++++++++++++++

ကျင်းပနေတဲ့ ရုရှားသမ္မတရွေးကောက်ပွဲ ဒုတိယနေ့မှာပဲ ရုရှားနယ်စပ်က ဘယ်ဂိုရော့ဒ်မြို့ကို ယူကရိန်းရဲ့ ဒုံးကျည်တစ်စင်းထိမှန် ပေါက်ကွဲခဲ့ပါတယ်။ ရုရှားမီဒီယာတစ်ခုက ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ ဒုံးကျည်ထိမှန်ခဲ့တဲ့ အဆောက်အဦတစ်ခုဟာ မီးခိုးလုံးတွေထွက်နေတာကိုတွေ့ရပါတယ်။

အလားတူ ယူကရိန်းရဲ့ မောင်းသူမဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ ဆာမာရာဒေသက ရေနံချက်စက်ရုံတစ်ခုလည်း မီးလောင်ခဲ့ပါတယ်။ ရုရှားသမ္မတရွေးကောက်ပွဲကျင်းပနေချိန်မှာ တိုက်ခိုက်တာဖြစ်လို့ ဗလာဒီမာပူတင်က ယူကရိန်းရဲ့ နှောက်ယှက်ဖို့ ကြိုးစားနေတဲ့လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့တပ်တွေအနေနဲ့ ဘယ်ဂိုရော့ဒ်မြို့အနီးက နယ်စပ်စည်းကို ကျော်ဖြတ်ဖို့ ကြိုးစားလာတဲ့ ယူကရိန်းတပ်တွေကို တွန်းလှန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ဘယ်ဂိုရော့ဒ်မြို့က ကျောင်းနဲ့ စျေးဝယ်စင်တာများကို ခေတ္တပိတ်ထားမယ်လို့ ဘယ်ဂို​မြို့အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

ယူကရိန်းတပ်တွေဟာ ယခုတစ်ပတ်အတွင်း ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ယူကရိန်းနိုင်ငံရဲ့ ပင်လယ်နက်မြို့တော်ဖြစ်တဲ့ အိုဒီဆာကို ရုရှားတပ်တွေ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူအများအပြားသေဆုံးခဲ့ရပါတယ်။

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ သမ္မတသစ်ရွေးကောက်ပွဲမှာ ပူတင်ကို ပြည်သူတရပ်လုံးက အားပေးထောက်ခံမှုအပြည့်ရှိနေတယ်ဆိုတာကို ပြသဖို့အတွက် ကရင်မလင်နန်းတော်က မဲပေးသူအမြောက်အများရှိဖို့ မျှော်လင့်နေပါတယ်။ အဲဒီရွေးကောက်ပွဲဟာ သမ္မတပူတင်ရဲ့ သက်တမ်းကို နောက်ထပ် 6 နှစ် တည်မြဲဖို့ သေချာသလောက်ရှိနေတဲ့ အနေအထားလည်းဖြစ်ပါတယ်။

ပူတင်ဟာ ဝေဖန်သူတွေနဲ့ အတိုက်အခံတွေကို အကျဉ်းချခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းတွေ ပြုလုပ်ခဲ့တာကြောင့် အခုရွေးကောက်ပွဲဟာ အတုအယောင်မျှသာဖြစ်တယ်လို့ ကမ္ဘာ့သတင်းမီဒီယာတွေက ဖော်ပြနေကြတာပါ။ ဒါပေမယ့် မဲပေးသူအရေအတွက်ဟာ နှစ်ရက်အတွင်း ရုရှားတစ်နိုင်ငံလုံးရဲ့ 50 ရာခိုနှုန်းကို ကျော်လွန်ခဲ့ပြီး ဘယ်ဂိုရော့ဒ်ဒေသမှာတော့ မဲပေးသူအရေအတွက်ဟာ 70 ရာခိုနှုန်းနီးပါးအထိကို ရှိလာခဲ့ပါတယ်။ ရုရှားရဲ့အာဏာရပါတီဖြစ်တဲ့ ယူနိုက်တက်ရုရှားကတော့ အွန်လိုင်းကမဲပေးမှုတွေမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အွန်လိုင်းကမဲပေးစနစ်ကို ရပ်ဆိုင်းထားရတယ်လို့ ထုတ်ပြန်ထားပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 12 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး