နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုပြုလုပ်ခဲ့

မတ်လ (၁၈)ရက်။

မနေ့က ရန်ကုန်မြို့တစ်နေရာမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူတို့အာဏာသိမ်းသက်တမ်းကို ဆွဲဆန့်နိုင်ဖို့ ပြည်သူကို ကျွန်ပြုအသုံးချပြီး စစ်မှုထမ်းဥပဒေကို အဓမ္မအသက်သွင်းတာလို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ဖက်ဆစ်တပ်ရဲ့ စစ်ကျွန်ပြုတာကို လက်မခံဘဲ ရရာနည်းလမ်းမျိုးစုံနဲ့ တွန်းလှန်ဖို့၊ လွတ်မြောက်ရေးနည်းလမ်းတွေနဲ့ ကြိုးစားဖို့ တော်လှန်လူငယ်တွေက တပ်လှန့်နှိုးဆော်ခဲ့ပါတယ်။

“ စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ” ဆိုသလို မန္တလေးသားတွေ၊ တောင်ပေါ်မြေပြန့်သွေးချင်းတွေအားလုံး စစ်ကျွန်မခံဘဲ အတူတူရုန်းရမယ့်အချိန်ရောက်ပြီလို့ YRF က ပြောဆိုထားပါတယ်။

အခုလို ရန်ကုန်မြို့မှာ စစ်ကျွန်မခံနဲ့ လှုပ်ရှားမှုက အမေအားလုံးရဲ့သားတွေ၊ တစ်နိုင်ငံလုံးကျွန်ပြုခံရမယ့်အရေးကို ရှောင်လွှဲနိုင်ဖို့ တစ်မျိုးသားလုံးနိုးကြားဖို့ နှိုးဆော်တာလို့ ရေးသားထားပါတယ်။

အဲ့ဒီလှုပ်ရှားမှုကို YRF(Soft Strike Community)၊ ဗကသများအဖွဲ့ချုပ်၊ ရန်ကုန်လူထုသပိတ်နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရရတကသ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNU ဆီ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 3 Views
မေလ (၇)ရက်။ မနေ့က တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 24 Views
မေလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဝက်လက်မြို့ စခန်းသာရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံး တောင်းဆို

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 22 Views
မေလ (၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩ‌စတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပကျယ်ချုပ် ပြောင်းရွှေ့တာကို သိရပြီး မိသားစုအပါအဝင် ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုရစေဖို့
မြန်မာသတင်း

လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 25 Views
မေလ (၆)ရက်။ ‌ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲက‌နေ ထွက်ပြေးသွားတဲ့
မြန်မာသတင်း

မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 26 Views
မေလ (၆)ရက်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မော်လူးမြို့ဟာ ကသာခရိုင် ‌အင်းတော်မြို့နယ်မှာ ပါဝင်ပြီး စစ်တပ်က ဧပြီလ (၃၀)ရက်နေ့မှာ အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ထပ်မံရရှိခဲ့တာလို့
မြန်မာသတင်း

NUG ချီးမြှင့်မယ့် ဘွဲ့နဲ့ဆုတံဆိပ်ကို လက်မခံဘူးလို့ ABSDF ပြော

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 20 Views
မေလ (၆)ရက်။ NUG ချီးမြှင့်မယ့် သူရဲကောင်းဘွဲ့နဲ့ ဆုတံ‌ဆိပ်ကို လက်ခံမှာမဟုတ်ဘူးလို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျောင်းသားတပ်မတော်အနေနဲ့ အခုကာလမှာ ဘယ်အစိုးရကပေးတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကိုမှ လက်ခံသွားမှာမဟုတ်ဘူး”
မြန်မာသတင်း

ဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေရှိခဲ့တယ်လို့ ဝန်ကြီးဦးရည်မွန်ပြော

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 20 Views
သိမ်းပိုက်ထားတဲ့ မြို့အချို့ကို စွန့်ခွာရတာအပါအဝင် မြေပြင်အခက်အခဲနဲ့ အတက်အကျတွေဟာ စစ်မက်ရေးရာရဲ့ သဘာဝလို့ဆို မေလ (၅)ရက်။ နေရာဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေ ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF (၅)နှစ်ပြည့်မှာ
မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 40 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ စစ်တပ်တွေအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံ