နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

Middle East

Middle East နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

တဲအဗစ်မြို့မှာ ဝန်ကြီးချုပ်နေတန်ယာဟုကို အစ္စရေးပြည်သူထောင်ချီဆန္ဒပြ

ပြီးခဲ့တဲ့စနေနေ့ ညပိုင်းမှာ တဲအဗစ်မြို့က ထောင်နဲ့ချီတဲ့ အစ္စရေးပြည်သူတွေဟာ ဟားမက်စ်တွေဖမ်းဆီးထိန်းသိမ်းထားတဲ့ ဓါးစာခံတွေ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အစိုးရအဖွဲ့ဝင်တွေ ရာထူးက နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

‘’အချိန်တွေကုန်နေပြီ၊ ဓါးစာခံတွေကို အမြန်ဆုံးလွှတ်ပေးပါ” လို့ တဲအဗစ်မြို့က လူအများ အော်ဟစ်နေကြတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ မြို့လယ်ခေါင်မှာ မီးရှို့ဆန္ဒပြခဲ့ကြလို့ အဓိက လမ်းမကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ဟားမက်စ်တွေရဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ပွဲကို ဖန်တီးခဲ့တဲ့ ဝန်ကြီးချုပ်နေတန်ယာဟုကို အကြပ်အတည်းတွေမဖြေရှင်းပေးနိုင်တဲ့အပေါ် တိုက်ရိုက်ဆန့်ကျင်ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။ နေတန်ယာဟုဟာ အောက်တိုဘာ 7 ရက်နေ့ တိုက်ခိုက်မှုဖြစ်စဉ်မှာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့သူတွေ လွတ်မြောက်ရေးထက် သူ့ရဲ့ ရှင်သန်ရပ်တည်မှုကို ပိုမိုအာရုံစိုက်နေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဒါအပြင် နေတန်ယာဟုနဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေ ရာထူးက နုတ်ထွက်ပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ယောက်ကတော့ “ ကျတော့်ရဲ့ ဝမ်းကွဲညီအစ်ကို အိုဖာက ဟားမက်စ်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတာ 169 ရက်ရှိနေပြီဖြစ်သလို ကျတော်တို့လည်း ဒီအစိုးရရဲ့ လက်အောက်မှာ အကျဉ်းကျနေတာ 169 ရက် ရှိနေပါပြီ” လို့ ပြောပါတယ်။

အောက်တိုဘာလ 7 ရက်နေ့က အစ္စရေး 1200 ကျော်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်မှာ ဟားမက်စ်စစ်သွေးကြွတွေက ဓါးစာခံ 240 ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကြောင့် အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို မြေပြင်ကရော ဝေဟင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲမှုမှာ ဓါးစာခံ 100 ကျော်သာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန်တဲ့ ဓါးစာခံ 100 ကျော်မှာ အသက်ရှင်လျက်ရှိနေသေးတယ်လို့ ယုံကြည်နေကြပါတယ်။

လက်ရှိမှာအမေရိကန်၊ အီဂျစ်၊ ကာတာနိုင်ငံတွေက ဦးဆောင်ပြီး ဂါဇာပဋိပက္ခ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေလွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်နေကြပါတယ်။ စနေနေ့ညက ဆန္ဒပြမှုဟာ တဲအဗစ်မြို့မှာတင်မကဘဲ ဂျေရုဆလင်မှာရှိတဲ့ နေတန်ယာဟုရဲ့ နေအိမ်ရှေ့မှာလည်း ရာနဲ့ချီတဲ့ လူတွေ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 19 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး