နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ညနေပိုင်းမှာပြုလုပ်မယ်

မတ်လ (၂၆)ရက်။

မတ်လ (၂၇)ရက်နေ့ နေပြည်တော်မှာ စစ်ကောင်စီက တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ညနေပိုင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(၇၉)နှစ်မြောက် တပ်မ‌တော်နေ့ စစ်ရေးပြအခမ်းအနားကို ညနေ (၅)နာရီ (၁၅)မိနစ်အချိန် စစ်ကောင်စီရဲ့ ရုပ်သံမီဒီယာတွေကနေတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ အသိပေးထားပါတယ်။

အခုလို စစ်ကောင်စီက တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ညနေပိုင်း ကျင်းပရတဲ့ အကြောင်းအရင်းကိုတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်းမရှိပါ။

“ သူတို့ဘက်ကတော့ အခမ်းအနားကို ညနေပိုင်းကျင်းပတာက ထူးခြားအောင်လုပ်တာလို့ ပြောတာပေါ့။ ဒါပေမယ့် ပြည်သူတွေကတော့ စစ်တပ်နေဝင်ချိန်လားဆိုပြီး ပြောနေတာမျိုးတွေရှိတာပေါ့” လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

တပ်မတော်နေ့အခမ်းအနားကို ညနေပိုင်း ကျင်းပတာက အရင်ကာလအပိုင်းအခြားတွေတုန်းက ရှိခဲ့ဖူးတာကြောင့် ပထမဆုံးအကြိမ်မဟုတ်ဘူးဆိုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ပြောဆိုနေကြပါတယ်။

စစ်ကောင်စီအနေနဲ့ ရှမ်းမြောက်က ဒေသတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာလဲ စစ်ရေးအထိနာနေတဲ့အတွက် စစ်ကောင်စီတပ်ရဲ့ ကျဆုံးခန်းက တဖြည်းဖြည်းနီးလာနေပြီလို့ သုံးသပ်ပြောဆိုတာတွေရှိနေပါတယ်။

ဒါ့ပြင် မြို့နယ်ပေါင်း (၂၃၃)မြို့မှာနေထိုင်တဲ့ လူဦးရေ(၃၀၀၀)နီးပါးကို စစ်တမ်းကောက်ချက်အရ စစ်တပ်အပေါ် ယုံကြည်မှုက (၅)ရာခိုင်နှုန်းသာရှိပြီး PDF အပေါ်ယုံကြည်မှုက ရာခိုင်နှုန်း(၇၀)ကျော်ရှိတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Blue Shirt Initiative(BSI)ရဲ့ မတ်လ (၂၅)ရက်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

လွိုင်ကော်မှာ စစ်ကောင်စီတပ်ရင်းနဲ့ တိုက်ပွဲထဲ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 16 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၆)ရက်နေ့က လွိုင်ကော်မြို့အစပ် တစ်နေရာမှာ စစ်ကောင်စီရဲ့ ခလရ(၈၀)တပ်ရင်းနဲ့ ကရင်နီတပ်ပေါင်းစုတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့
မြန်မာသတင်း

မတ္တရာနဲ့ သပိတ်ကျင်းကို အပြည့်အဝ ထိန်းချုပ်ထားဆဲလို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 9 Views
နိုဝင်ဘာလ (၂၈)ရက်။ မန္တလေးတိုင်း မတ္တရာနဲ့ သပိတ်ကျင်းမြို့တို့ကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ MDY-PDF ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ICC ရဲ့ ပြောကြားတာတွေကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 6 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)ရဲ့ ပြောကြားချက်တွေကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာနိုင်ငံဟာ ICC ရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်သလို ICC ရဲ့ ပြောကြားချက်တွေအပေါ် ဘယ်တုန်းကမှ
မြန်မာသတင်း

တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်လွှဲပြောင်းဖို့ စစ်ကောင်စီက နိုင်ငံခြားသံရုံးတွေနဲ့ တွေ့ဆုံ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 10 Views
နိုဝင်ဘာလ (၂၈)ရက်။ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို အရေးယူပြီး ပြည်နှင်လွှဲပြောင်းဖို့ စစ်ကောင်စီက နိုင်ငံခြားသံရုံးက တာဝန်ရှိသူတွေနဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး
မြန်မာသတင်း

ဘတ်ဂျက်ငွေသုံးစွဲနိုင်ဖို့ အခွန်အခတွေရရှိဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 7 Views
နိုဝင်ဘာလ (၂၈)ရက်။ ဘတ်ဂျက်သုံးစွဲရာမှာ ငွေရှိမှသာ သုံးစွဲနိုင်မှာဖြစ်တာကြောင့် အခွန်အခတွေ ပြည့်ပြည့်ဝဝရရှိဖို့လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ဘဏ္ဍာရေးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေရှိမှသာ အခွန်အခတွေ ရရှိမှာဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေ
မြန်မာသတင်း

စစ်အုပ်စုခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံဖို့ NUG တောင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 58 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံပြီး ဆောင်ရွက်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ “ ICC တရားသူကြီးတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားလွှာကို
မြန်မာသတင်း

အခုလထဲ ရခိုင်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား (၂၀)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 58 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကစပြီး (၂၆)ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၂၀)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးခဲ့တဲ့ အရပ်သား (၂၀)ဦးဟာ အမျိုးသား
မြန်မာသတင်း

ICC ရှေ့နေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 57 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရဲ့ တရားလွှတ်တော်ရှေ့နေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်တာဟာ ရခိုပြည်နယ်ထဲ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။