မတ်လ (၂၆)ရက်။
မတ်လ (၂၅)ရက်နေ့ နံနက်(၈)နာရီ (၁၅)မိနစ်ခန့်က ရေဦးမြို့ကထွက်လာတဲ့ စစ်ကောင်စီအင်အား(၁၅၀)ပါ ဝါသဝစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ BNRA ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီအင်အား (၁၅၀)ပါ ဝါသဝစစ်ကြောင်းဟာ ယာတော်ရွာနဲ့ ကျွန်းတောကြီးရွာအကြားမှာ BNRA ခင်ဦးတပ်ခွဲက ကြိုတင်မိုင်း၊ ပွိုင့်(၅)ပွိုင့်၊ ပဒိန်(၂)လုံး၊ အီနာဂါ(၁)လုံးနဲ့ အလစ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အလစ်အငိုက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၂)ဦးသေဆုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ နီးစပ်ရာနေရာတွေကို ရမ်းသမ်းပစ်ခတ်ကာ ဆဲဆိုအော်ဟစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ရဲ့ ခင်ဦးတပ်ခွဲနဲ့ စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဟာ မိနစ်(၃၀)ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းက ကျွန်းတောကြီးရွာအလွန် ပဲကြီးခင်းထဲ ကင်းပုန်းဝပ်နေခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီထိတွေ့တိုက်ပွဲထဲ BNRA ခင်ဦးတပ်ခွဲက ရဲဘော်တွေအနေနဲ့ အထိအခိုက်မရှိဘဲ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။