နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 8 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မူးယစ်ဆေးဝါးဖမ်းမိတယ်ဆိုတာ စစ်ရှုံးစစ်ကောင်စီက လုပ်ကြံတိုက်ခိုက်တာလို့ AA ပြော

မတ်လ (၂၇)ရက်။

ရန်ကုန်ရှိ ဘုရင့်နောင်ဆိပ်ကမ်းက စစ်တွေသွားမယ့် သင်္ဘောမှာ မူးယစ်ဆေးဝါးတွေ့တာမှာ AA ကို စွပ်စွဲထားချက် စစ်ရှုံးစစ်ကောင်စီက လုပ်ကြံတိုက်ခိုက်တာလို့ AA ပြောခွင့်ရ ခိုင်သုခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ ရခိုင်ပြည်ကို ဆန်တစိ၊ ဆေးတလုံးတောင် မရောက်ရအောင် သူတို့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းပါ ပိတ်ဆို့ထားတဲ့အချိန်မှာ သူတို့နယ်လုံက ခွင့်ပြုချက်မရဘဲ ဘယ်သင်္ဘောမှ ထွက်ခွာခွင့် ပြေးဆွဲခွင့် မရဘူး” လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်ကို ပြေးဆွဲခွင့်ရတဲ့ သင်္ဘောတွေဟာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ သင်္ဘောတွေဖြစ်ပြီး ဒီလိုအချိန်မှာ စစ်တွေသွားမယ့် သင်္ဘောကနေ မူးယစ်ဆေးဝါးတွေ့တယ်ဆိုတဲ့ ပြောဆိုချက်က ယုတ္တိမတန်သလို မြေပြင်ပကတိအခြေအနေနဲ့ လုံး၀ကင်းကွာနေတယ်လို့ ရေးသားထားပါတယ်။

အခုလို စွပ်စွဲဖော်ပြချက်ဟာ စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီက လုပ်နေကျအတိုင်း နိုင်ငံရေးအောက်လမ်းနည်းတွေနဲ့ လုပ်ကြံတိုက်ခိုက်တာသာဖြစ်တယ်လို့ အထက်ပါပုဂ္ဂိုလ်က ပြောဆိုထားပါတယ်။

မတ်လ (၂၁)ရက်နေ့က AA ထောက်ပံ့ရေးတာ၀န်ခံတွေနဲ့ ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးတွေကို ရန်ကုန်ကနေ စစ်တွေနဲ့ ဘူးသီးတောင်ကို ပို့ဆောင်နေတယ်ဆိုတဲ့ သတင်းကြောင့် တာမွေမြို့မှာ (၂)ဦး ဖမ်းဆီးခံခဲ့ရသလို ဘုရင့်နောင်ဆိပ်ကမ်းမှာ ရန်ကုန်-စစ်တွေပြေးဆွဲတဲ့ သင်္ဘောတစ်စီးကနေ WY စိတ်ကြွရူးသွပ်ဆေးပြားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ပြင် AA ဟာ လက်နက်ခဲယမ်း၀ယ်ဖို့ ငွေကြေးလိုအပ်ချက်အရ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ရောင်း၀ယ်တာဖြစ်ပြီး ၂၀၁၆ခုနှစ်ကစပြီး AA နဲ့ ဆက်စပ်ပတ်သက် ဖမ်းမိခဲ့တဲ့ အကြိမ်ရေ (၉)ကြိမ်ထိရှိပြီလို့ စစ်ကောင်စီက စွပ်စွဲပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 20 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့
မြန်မာသတင်း

အရှေ့အလယ်ပိုင်းဒေသ တိုက်ခိုက်တာတွေကို စိုးရိမ်တယ်ဆိုပြီး စစ်ကော််ရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 19 Views
မတ်လ (၇)ရက်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်တာတွေအတွက် အလွန် စိုးရိမ်ပူပန်တယ်‌ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

ကနီမှာ ရှင်ပြုအလှုပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 19 Views
မတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ကနီမြို နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နမခဘက်ကနေ အသေခံဒရုန်း (၃)စီးနဲ့ ချင်းတွင်းမြစ်ရိုးက ရွာတွေကို
မြန်မာသတင်း

SRA အဖွဲဝင်တွေ ဖမ်းဆီးခံထားရတဲ့အပေါ် MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိင်းနေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 18 Views
မတ်လ (၇)ရက်။ SRA အဖွဲဝင်အချို ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိင်းနေတယ်လို BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကျနော်တို SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့
မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 41 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာနားကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 35 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မတ်လ (၄)ရက်နေ့ ည (၉)နာရီ (၂)မိနစ်နဲ့ (၂၈)မိနစ်တိုမှာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 40 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 42 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့