မတ်လ (၂၉) ရက်။
(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်ကြတဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေကို တပ်ချုပ် မင်းအောင်လှိုင်က ကန်တော့တဲ့ ဓာတ်ပုံတွေ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။
အဲ့ဒါဘာကြောင့်လဲဆိုတော့ သူတို့ စစ်တပ်ဟာ အရှုံးနဲ့ရင်ဆိုင်နေရတယ်။ ရှမ်းမြောက်၊ ရခိုင်၊ ကရင်နီ၊ ကချင်နဲ့ ချင်းတွေမှာ စစ်ကောင်စီ စခန်းတွေ အသိမ်းခံနေရသလို မြို့တွေလည်း ဆုံးရှုံးနေတယ်။ တပ်ကလည်း စိတ်ဓာတ်ကျလာတာကို တွေ့မြင်နေရတယ်။ မတိုက်တော့ဘဲ လက်နက်ချတာတွေလည်း များလာတယ်။ အဲ့ဒါကြောင့် တပ်မတော်နေ့မှာ အရင်စစ်မျိုးဆက် ဗိုလ်ချုပ်ဟောင်းများနဲ့ အပြန်အလှန် လေးစားမှုရှိတယ်၊ ညီညွတ်မှု ရှိတယ်ဆိုတကို ပြချင်တာက တပိုင်း၊ နောက်တပိုင်းကလည်း သူတို့အနေ အခုလို ဆုံးရှုံးနေတာ မှုလောက်စရာမရှိဘူး ဆိုတဲ့ ပြရုပ်ကို စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ထုတ်ပြတာမျိုးလည်း ဖြစ်တယ်။ တဖက်ကလည်း တပ်ချုပ်ရှုံးရင် အကုန်လုံး ကျရှုံးတဲ့ အခြေအနေမျိုးလည်း ဖြစ်တာမို့ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်ကို လာအားပေးတာလည်း ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတဦးက ပြောပါတယ်။