++++++++++
ဂျပန်နိုင်ငံအခြေစိုက် ခေတ်မျက်လုံးသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ ဂျပန်နိုင်ငံသတင်းများနဲ့ ဂျပန်နိုင်ငံခေါင်းကြီးပိုင်းသတင်းများကိုလည်း လူအင်အားနည်းပါးမှုအရ လိုအပ်သလောက် မတင်ဆက်နိုင်သေးပါဘူး။
ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း ဆက်တိုက်ကျဆင်းလာပြီး တဖက်မှာလည်း လူ့သက်တမ်းက ကမ္ဘာ့အသက်ရှည်ဆုံး နိုင်ငံစာရင်းမှာ ပါဝင်နေပြီး အသက် ၈၀ ကျော် ၉၀ကျော်အရွယ် အထိ အသက်ရှည်ကြပါတယ် ဒါကြောင့် သက်ကြီးရွယ်အို အများအပြားရှိတဲ့နိုင်ငံ ဖြစ်လာပါတယ်။ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးဖို့အတွက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းတွေလိုလာပါတယ်။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းတွေဟာ ဂျပန်လူမျိုးတွေအတွက် လက်ရှိ လုပ်ခလစာနဲ့ ယူရတဲ့တာဝန်ခံမှုတွေက သူတို့အတွက် လစာနည်းလွန်းပြီး တာဝန်ကြီးတဲ့အတွက် လစာကနည်းပြီး တာဝန်ယူရမှု ကြီးတဲ့အလုပ်ကို ဂျပန်လူမျိုးတွေ မလုပ်လိုကြပါဘူး။ အဲ့ဒီအတွက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းတွေမှာ နိုင်ငံတကာက အလုပ်သမားတွေကို အစားထိုး လာရပါတယ်။
အဲ့ဒီအပြင် ဘတ်စကားဒရိုင်ဘာ၊ တက်စီဒရိုင်ဘာ၊ ရထားမောင်းအစရှိတဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း လူအင်အား မလုံလောက်တော့အတွက် ဘတ်စကား ခရီးစဉ်လျော့ချရခြင်း၊ ခရီးစဉ်တွေဖျက်သိမ်းရခြင်း၊ ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း ကားမောင်းမယ့် ဒရိုင်ဘာတွေ နည်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဂျပန်အစိုးရက မတ်လ ၂၉ ရက်နေ့မှာ ဘတ်စ်ကား၊ အငှားယာဉ်နဲ့ ထရပ်ကား ယာဉ်မောင်းတွေကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ နိုင်ငံခြားကအလုပ်သမားတွေကို လက်ခံတဲ့ “ သတ်မှတ်ထားသည့်ကျွမ်းကျင်မှု (Tokutei Gino)” မှာ ထပ်မံထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို ယာဉ်မောင်းတွေမှာတော့ ကားမောင်းကျွမ်းကျင်ရမယ့်အပြင် ဂျပန်စာကို အဆင့်မြင့် ကျွမ်းကျင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
အလုပ်အကိုင် ရှားပါးတဲ့ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းတခု ဖြစ်လာနိုင်ပါတယ်။ ဂျပန်လိုင်စင် ပြန်လည်ရယူဖို့ စာမေးပွဲဖြေရတာမျိုးလည်း ဖြစ်လာနိုင်ပေမယ့် လုပ်ငန်းစဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အဲ့ဒီလို လုပ်ငန်းတွေထဲ မြန်မာနိုင်ငံကို ထည့်မထည့် အသေးစိတ်မသိရသေးအာဘူး။
ဂျပန်နိုင်ငံမှာ လက်ရှိတရားဝင်ဗီဇာနဲ့ နေထိုင်နေတဲ့ နိုင်ငံခြားသားတချို့လည်း ယာဉ်မောင်းအနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတာတွေလည်း ရှိလာနေပါပြီ။ မကြာမီ အချိန်အတွင်း အလွန်အချိန်မှန်တဲ့ ဂျပန်ရထားတွေကို နိုင်ငံခြားသားတွေ မောင်းနှင်လာနိုင် တော့မလား ဆိုတာတော့ ဂျပန်အာဏာပိုင်များအပေါ်မှာ မူတည်နေပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံ အာဏာရပါတီရဲ့ ငွေကြေးအရှုပ်တော်ပုံနဲ့ အဲ့ဒီငွေကြေးအရှုပ်တော်ပုံနောက်က တရုတ်ငွေကြေး၊ ဂျပန်အနုပညာလောကမှာ အနုပညာ ထုတ်လုပ်ရေး ကုမ္ပဏီရဲ့ အမျိုးသားငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို အဲ့ဒီကုမ္ပဏီနဲ့တွဲပြီး အလုပ်လုပ်နေရတဲ့ ဂျပန်မီဒီယာတွေက နှစ်ပေါင်းများစွာ နှုတ်ပိတ်နေခဲ့တဲ့အတွက် စော်ကားခံရတဲ့အရေအတွက် ရာကျော်လာခဲ့ရပြီး နောက်ဆုံး နှုတ်ပိတ်နေခဲ့တဲ့ မီဒီယာအားလုံးက တောင်းပန်ခဲ့ရတွေ ဖြစ်စဉ်တွေကို မြန်မာနိုင်ငံသားတွေအနေနဲ့ သိရှိနိုင်ဖို့က မှီငြမ်းကိုးကား တင်ပြနိုင်ခြင်း မရှိသေးတဲ့အပေါ် အားမလို အားမရ ဖြစ်ရပေမယ့် ယုံကြည်ချက်တခုကြောင့် ကိုယ်ပိုင်ငွေနဲ့ ရပ်တည်နေရတဲ့ လွတ်လပ်တဲ့မီဒီယာအနေနဲ့ မြန်မာပြည်သူတွေအတွက် ဒီထက်မက တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပြီး သတင်းတွေကို ဆက်လက်တင်ဆက်ပေးသွားမယ်လို့ လေးစားစွာ အသိပေးအပ်ပါတယ်။