နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ယူကေက အစ္စရေးကို လက်နက်ရောင်းချတာကို ရပ်သင့်တယ်လို့ လုံခြုံရေးအကြံပေးဟောင်း ပြောကြား

ဗြိတိန်လုံခြုံရေးအကြံပေးဟောင်းနှင့် ဗြိတိန်အောက်လွှတ်တော်ခေါင်းဆောင်တဦးဖြစ်သူ ပီတာ ရစ်ကက်စ် (Peter Ricketts) က အစ္စရေးအား လက်နက်ရောင်းချခြင်းအား ရပ်တန့်သင့်သည်ဟု ပြောကြားခဲ့သည်။ “အရပ်သားတွေရဲ့ ဘေးကင်းရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို အစ္စရေးက ဖြည့်ဆည်းပေးဖို့ လုံလောက်တဲ့ ဂရုစိုက်မှုမရှိဘူးဆိုတဲ့ အထောက်အထားတွေ ပေါများနေပြီလို့ ထင်ပါတယ်” ဟု BBC ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက ပြောကြားခဲ့သည်။ “ယူကေမှ လက်နက်များရရှိသည့်နိုင်ငံသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဥပဒေနှင့်အညီ လိုက်နာရမည်ဖြစ်ပြီး၊ ၎င်းသည် လက်နက်တင်ပို့ခွင့် လိုင်စင်၏ လိုက်နာရမည့် အခြေအနေတစ်ရပ်ဖြစ်တယ်၊ ဒါကြောင့် ရိုးရိုးသားသားပြောရရင် ဒီအချက်ကိုပြသဖို့ အချိန်ကျလာပြီလို့ ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ သဘောထားမှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက “နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေအား ပြန်လည်သုံးသပ်ပြီး အစ္စရေး၏ လိုက်နာစောင့်ထိန်းမှုဆိုင်ရာ အချက်များကိုလေ့လာကာ အဆိုပါအကြံပြုချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည် ဟုဆိုသည်။ ပို့ကုန်လိုင်စင် လျှောက်ထားမှု အားလုံးကို မဟာဗျူဟာမြောက် ပို့ကုန်လိုင်စင်သတ်မှတ်ချက်များနှင့် သက်ဆိုင်သည့် ကိစ္စတစ်ခုချင်း အလိုက် အကဲဖြတ်ပါသည်။” မနှစ်က၊ ကာကွယ်ရေးဝန်ကြီး ဂရန့် ရှက်ပ် (Grant Shapps) က ယူကေ၏ “ အစ္စရေးသို့ ကာကွယ်ရေး တင်ပို့မှုသည် အလွန်ပမာဏသေးငယ်သည်—ယမန်နှစ်က ပေါင် ၄၂ သန်း (ဒေါ်လာ ၅၆.၇ သန်း) သာရှိသည်” ဟု အောက်လွှတ်တော်သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ၎င်းကပြောကြားခဲ့သည်။ ထိုကဲ့သို့ ပို့ကုန်များသည် “ မည်သည့်အရာကိုမျှ တင်ပို့ခြင်းမပြုမီ အလွန်တင်းကျပ်သော စံနှုန်းများကို ဖြတ်သန်းရမည်” ဟုဆိုခဲ့သည်။

PARIS, FRANCE – JUNE 13: Senior British Diplomat, Sir Peter Ricketts speaks during the ‘Open Book’ Press Preview at Parc Martin Luther King on June 13, 2015 in Paris, France. (Photo by Aurelien Meunier/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးနှင့် ထရမ့်တို့ မတွေ့ဆုံမီ ရုရှားက ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 17 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်  (ရိုက်တာ) — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေးနှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော စစ်ပွဲကို
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သတင်းပတ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 21 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် သေဆုံးမှုများပြားခဲ့သည့် သီတင်းပတ်ပေါင်းများစွာကြာ နယ်စပ်တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီ လိုက်
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီဂျစ်

အမေရိကန်က ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် ကြိုးပမ်းနေစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီဂျစ်နှင့် ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့ သဘောတူညီချက်ကို ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 16 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် တဲလ်အဗစ် (Tel Aviv) — အမေရိကန်ပြည်ထောင်စုက အစ္စရေးနှင့် အီဂျစ်ခေါင်းဆောင် နှစ်ဦးကြား ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် တွန်းအားပေးနေစဉ်အတွင်း၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီဂျစ်နိုင်ငံနှင့် ဒေါ်လာ ၃၅
နိုင်ငံတကာသတင်း အမေရိကန်

AI မှ ဗင်နီဇွဲလားအထိ- ၂၀၂၆ ခုနှစ်သည် ကမ္ဘာ့အာဏာစက်အတွက် အလှည့်အပြောင်းနှစ် ဖြစ်လာရခြင်း အကြောင်းရင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 33 Views
CNN – ၂၀၂၅၊ ဒီဇင်ဘာလ ၂၄ရက် လွန်ခဲ့သော တစ်နှစ်၊ ယခုကဲ့သို့ ရက်သတ္တပတ်တွင် ဂျိုးဘိုင်ဒင်သည် သမ္မတအဖြစ် ရှိနေဆဲ ဖြစ်သည်။ ကျွန်ုပ်သည် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံလွတ်မြောက်ရေး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းနှင့် အမေရိကန် ညှိနှိုင်းရေးမှူးများ ခရစ္စမတ်နေ့တွင် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ဆွေးနွေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 32 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေး သဘောတူညီချက် အခြေအနေရပ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နေစဉ်၊ ခရစ္စမတ်နေ့တွင် အမေရိကန်
နိုင်ငံတကာသတင်း အမေရိကန် အာဖရိက

နိုင်ဂျီးရီးယားရှိ ISIS အကြမ်းဖက်သမားများကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း ထရန့် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 28 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ဖလော်ရီဒါပြည်နယ်၊ West Palm Beach — နိုင်ဂျီးရီးယားနိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များကို ညှဉ်းပန်းနှိပ်စက်နေသည်ဟု ၎င်းက စွပ်စွဲထားသည့် အစ္စလာမ္မစ်နိုင်ငံတော် (IS) အကြမ်းဖက်သမားများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း၏ နောက်ဆုံးငြိမ်းချမ်းရေးအစီအစဉ်တွင် ဇလန်းစကီးက စစ်မဲ့ဇုန်များဖန်တီးရန် အဆိုပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 26 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည် အရှေ့ပိုင်းဒေသများမှ ယူကရိန်းတပ်ဖွဲ့များ ရုပ်သိမ်းပေးနိုင်ခြေနှင့် ထိုနေရာများတွင် စစ်မဲ့ဇုန် (Demilitarised Zone) များ ဖန်တီးရန် ပါဝင်သော
ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 39 Views
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ Bangkok Post- ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၃ရက် သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း