နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ယူကေက အစ္စရေးကို လက်နက်ရောင်းချတာကို ရပ်သင့်တယ်လို့ လုံခြုံရေးအကြံပေးဟောင်း ပြောကြား

ဗြိတိန်လုံခြုံရေးအကြံပေးဟောင်းနှင့် ဗြိတိန်အောက်လွှတ်တော်ခေါင်းဆောင်တဦးဖြစ်သူ ပီတာ ရစ်ကက်စ် (Peter Ricketts) က အစ္စရေးအား လက်နက်ရောင်းချခြင်းအား ရပ်တန့်သင့်သည်ဟု ပြောကြားခဲ့သည်။ “အရပ်သားတွေရဲ့ ဘေးကင်းရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို အစ္စရေးက ဖြည့်ဆည်းပေးဖို့ လုံလောက်တဲ့ ဂရုစိုက်မှုမရှိဘူးဆိုတဲ့ အထောက်အထားတွေ ပေါများနေပြီလို့ ထင်ပါတယ်” ဟု BBC ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက ပြောကြားခဲ့သည်။ “ယူကေမှ လက်နက်များရရှိသည့်နိုင်ငံသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဥပဒေနှင့်အညီ လိုက်နာရမည်ဖြစ်ပြီး၊ ၎င်းသည် လက်နက်တင်ပို့ခွင့် လိုင်စင်၏ လိုက်နာရမည့် အခြေအနေတစ်ရပ်ဖြစ်တယ်၊ ဒါကြောင့် ရိုးရိုးသားသားပြောရရင် ဒီအချက်ကိုပြသဖို့ အချိန်ကျလာပြီလို့ ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ သဘောထားမှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက “နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေအား ပြန်လည်သုံးသပ်ပြီး အစ္စရေး၏ လိုက်နာစောင့်ထိန်းမှုဆိုင်ရာ အချက်များကိုလေ့လာကာ အဆိုပါအကြံပြုချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည် ဟုဆိုသည်။ ပို့ကုန်လိုင်စင် လျှောက်ထားမှု အားလုံးကို မဟာဗျူဟာမြောက် ပို့ကုန်လိုင်စင်သတ်မှတ်ချက်များနှင့် သက်ဆိုင်သည့် ကိစ္စတစ်ခုချင်း အလိုက် အကဲဖြတ်ပါသည်။” မနှစ်က၊ ကာကွယ်ရေးဝန်ကြီး ဂရန့် ရှက်ပ် (Grant Shapps) က ယူကေ၏ “ အစ္စရေးသို့ ကာကွယ်ရေး တင်ပို့မှုသည် အလွန်ပမာဏသေးငယ်သည်—ယမန်နှစ်က ပေါင် ၄၂ သန်း (ဒေါ်လာ ၅၆.၇ သန်း) သာရှိသည်” ဟု အောက်လွှတ်တော်သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ၎င်းကပြောကြားခဲ့သည်။ ထိုကဲ့သို့ ပို့ကုန်များသည် “ မည်သည့်အရာကိုမျှ တင်ပို့ခြင်းမပြုမီ အလွန်တင်းကျပ်သော စံနှုန်းများကို ဖြတ်သန်းရမည်” ဟုဆိုခဲ့သည်။

PARIS, FRANCE – JUNE 13: Senior British Diplomat, Sir Peter Ricketts speaks during the ‘Open Book’ Press Preview at Parc Martin Luther King on June 13, 2015 in Paris, France. (Photo by Aurelien Meunier/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 4 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 33 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်