နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်၊

ဧပြီလ (၄) ရက်။

မြန်မာ – တရုတ်နယ်စပ်ရှိ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအားလုံးနဲ့ ဆေးရုံမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ဝင်ရောက်သိမ်းပိုက်လိုက်ပြီး KIA အလံတွေ လွှင့်တင်ထားပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မြို့တွင်းနေရာတွေမှာ KIA တပ်ဖွဲ့ဝင်တွေကို တွေ့ရပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ ဆေးရုံးတွေမှာတော့ စာကပ်ထားတာကို တွေ့ရပါတယ်။သော့ခတ်ထားတဲ့နေရာတွေကိုလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကပ်ထားတဲ့စာတွေမှာတော့ “ သတိ ယခုနေရာအား သိမ်းပိုက်စိုးမိုးထားပြီး တာဝန်ရှိသူမှအပ မည်သူမျှ ဝင်ထွက်သွားလာခွင့်မပြုလို့” မြန်မာလိုနဲ့ ကချင်လိုရေးသားထားတာကို တွေ့မြင်ရပါတယ်။

လွယ်ဂျယ်မြို့အတွင်းမှာ မနေ့ကအထိတော့ အလံတင်တာတွေ မတွေ့ရပေမယ့် ဒီနေ့ ဧပြီလ (၄) ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ KIA အလံများ လွှင့်တင်ထားပြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိလွယ်ဂျယ်မြို့ရှိ စစ်ကောင်စီတပ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်လောက်ရှိပြီး KIA ဘက်က လက်နက်ချဖို့ ညှိနေတယ်လို့ သိရပါတယ်။

လွယ်ဂျယ်မြို့ကို ပြီးခဲ့တဲ့ မတ်လ (၂၈) ရက်နေ့က စတင်ပြီး KIA နဲ့ ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပါတယ်။

လက်ရှိအချိန်မှာ မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 20 Views
နိုဝင်ဘာလ (၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ
မြန်မာသတင်း

ခြင်္သေ့ရုပ်တွေ့ရင် လက်ညှိုးနဲ့ ခလုပ်နှိပ်ပါဆိုပြီး မဲပေးစက်အကြောင်း ရှင်းပြချိန် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦး မဲဆွယ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 20 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ပြင်ဦးလွင်မြို့ရှိ ဝါးပိုးရေရွာနဲ့ အင်သာရွာတို့မှာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦးက မဲဆွယ်စည်းရုံးခဲ့တယ်လို့
မြန်မာသတင်း

ကျုံဒိုးမြို့မှာ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို လက်မခံဖို့နဲ့ ည(၈)နာရီကနေ နံနက် (၆)နာရီအထိ ခရီးမသွားဖို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 20 Views
နိုဝင်ဘာလ (၇)ရက်။ ကျုံဒိုးမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ လက်ခံခေါ်ယူတာ မလုပ်ဖို့ KNU က အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့တရားဝင်မှုရရှိဖို့ အြမ်းဖက်မှုမျိုးစုံကို ကျုံဒိုးမြို့နယ်မှာ ပြုလုပ်နေကာ KNU အနေနဲ့
မြန်မာသတင်း

မိုးကုတ်မြို့ကို ကာကွယ်ဖို့ PDF တပ်ရင်း(၁)ရင်း ထပ်တိုးဖွဲ့စည်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 18 Views
နိုဝင်ဘာလ (၇)ရက်။ မိုးကုတ်မြို့ကို ကာကွယ်ဖို့ “ Ruby Land PDF” မိုးကုတ်တပ်ရင်း(၁)ရင်းကို ထပ်တိုးဖွဲ့စည်းခဲ့တယ်လို့ PDF-TRI ဗျူဟာရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ Ruby Land PDF” ကို
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားဖို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 18 Views
နိုဝင်ဘာလ (၇)ရက်။ စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားနိုင်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘယ်သူမဆို ပြည်သူကို အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ဖြူးမြို့မှာ လေကြောင်းဗုံးကြဲတဲ့ စစ်တပ်ရဲ့ စက်တပ်ယာဉ်တစ်စီး ပျက်ကျကာ (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 39 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ဖြူးမြို့ရှိ မကျည်းတောင်ကုန်းရွာကို စစ်တပ်က စက်တပ်လေယာဉ် (၂)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်‌ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မကျည်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က gyrocopter (၂)စီးနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့ တားမြစ်ချက်တွေပါဝင်တဲ့ လုပ်ထုံးလုပ်နည်း ချင်းပြည်ကောင်စီ ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 40 Views
နိုဝင်ဘာလ (၆)ရက်။ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့နဲ့ ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ချင်းပြည်ကောင်စီ(Chinland Council)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီလုပ်ထုံးလုပ်နည်းထဲ တားမြစ်ချက်တွေအပါအဝင် အပိုင်း (၆)ပိုင်း ပါဝင်ပြီး ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၂၃)ရဲ့ လုပ်ပိုင်ခွင့်အရ
မြန်မာသတင်း

ကော့ကရိတ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေကာ စစ်တပ်စစ်ကြောင်း အထိနာပြီး တပ်လန်ပြန်ဆုတ်ခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 35 Views
နိုဝင်ဘာလ (၆)ရက်။ အခုလဆန်းပိုင်းကစပြီး ကော့ကရိတ်မြောက်ပိုင်းရှိ ထီဖိုးစံရွာဘက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ထီဖိုးစံရွာဘက်မှာ အခုလဆန်းပိုင်းကစပြီး မနေ့ကအထိ စစ်တပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာ။ စစ်တပ်ဘက်က