ဧပြီလ (၇) ရက်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မြောက်အခြမ်းနဲ့ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းတွေမှာ မတ်လ (၂၂) ရက်နေ့ကစပြီး စစ်ကောင်စီအင်အား ၄၀၀ နီးပါးဟာ တရုတ်နဲ့ စစ်ကောင်စီရဲ့ ဦးပိုင် ကုမ္မဏီတို့ ကြေးနီကြိုချက်စက်ရုံ လည်ပတ်နှိုင်ရေးနဲ့ ဗျူဟာပြောင်းနယ်မြေစီုးမီုးရေးတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတော်လှန်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နယ်မြေခံတွေအပေါ် ဗျူဟာပြောင်းပြီး စည်းရုံးနေတယ်လို့ သိရပါတယ်။ ဒေသခံတွေကို အချုပ်သတ်ဆက်ဆံနေတယ်လို့လည်း ဆိုပါတယ်။ ရွာတွေထဲဝင်လာတဲ့အချိန် အိုင်ကွန်စကားပြောစက်နဲ့ ဖမ်းမိရင်တောင် ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။
ကံကုန်းကြီးရွာ၊ ဒုန်းတောရွာ၊ ဂုန်တောရွာ၊ ကျောက်မျက်ရွာ၊ ထနှောင်းရွာ၊ အေးကုန်းရွာ၊ သာယာကုန်းရွာ၊ တောင်ပလူရွာ၊ သာယာကုန်းရွာ၊ အောင်ချမ်စီရွာ၊ ကျော်ရွာ၊ ညောင်ပင်ကြီးရပ်ကွက် (၄) ရပ်ကွက်ရုံး၊ ပင်ရိုးရွာ၊ ရွာသာရွာ၊ ဘိမ်းနွယ်ချောင်းရွာ၊ စုံးကျင်းရွာ၊ မြရွှေစီရွာ။ မြင်ပင်စီရွာ၊ အောင်မီုးရွာ၊ ကျေးစာကျရွာ၊ အုန်တုန်ပင်ရွာ၊ ပေကုန်းရွာ၊ ဆည်ထန်းကြီးရွာ၊ ရေကြည်ပင်ရွာ၊ မြစိမ်းရွာ၊ မြရိပ်ရွာ၊ သဲတောကြီးရွာ၊ ရွှေပန်းခိုင်ရွာ၊ ညောင်ပင်ကြီး အနီးထန်းတောကြီးရွာ၊ ဖောင်းကားရွာ၊ မိုးကြို့ပြင်ရွာ၊ ဝါးတန်းရွာ၊ တယ်ပင်ကန်ရွာ၊ ဧရိယာနယ်မြေများကို ရောက်ရှိလည့်လည်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို စည်းရုံးရေးစစ်ကြောင်ထိုးဝင်ရောက်နေတာ ဒီနေ့ထိ ကြာရှည်နေပြီလို့ သိရပါတယ်။
ပူးတွဲပေးပို့လာတဲ့စာမှာ “ အိမ်ရှင်တို့ခင်ဗျာ၊ ကျွန်တော်တို့ နားမလည်နိုင်တာ တခု ရှိနေတယ်။ ဘာဖြစ်လို့ အိမ်တွေထားပြီးထွက်ပြေးသွားတာလဲ။ ကျွန်တော်တို့ တပ်မတော်သားတွေ အိမ်ရှင်မိသားစုတိုင်းကို ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ပါဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းချင်နေပြီ။ ပြည်သူတွေလည်း ငြိမ်းချမ်းချင်မှာပါ” ဆိုပြီး တွေ့ရပါတယ်။
အဲ့ဒီစာနဲ့ပတ်သက်ပြီး မြန်မာစစ်တပ် ဘယ်လောက်ပဲ အချိုသပ်သပ် မယုံကြည်ကြဖို့နဲ့ သတိပြုပြီးနေကြဖို့ အဲ့ဒီပုဂ္ဂိုလ်က အသိပေးတိုက်တွန်းလိုက်ပါတယ်။