ဧပြီလ (၁၀)ရက်။
မနေ့က နံနက်(၈)နာရီ (၄၅)မိနစ်အချိန်မှာ အရာတော်မြို့က အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Danger Force LPDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ ဦးအောင်ကြည်ဖြစ်ပြီး စစ်မှုထမ်းဖို့ လူငယ်တွေကို အဓမ္မစုဆောင်းရာမှာ ဦးဆောင်ပါဝင်နေတာလို့ ဆိုပါတယ်။
အဲ့ဒီရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကြည်ကို တော်လှန်ရေးတပ်ဖွဲ့တွေက လဖက်ရည်ဆိုင်ကနေ နေအိမ်ကို အပြန်လမ်းမှာ SIG သေနတ်(၂)လက်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။
အောင်ကြည်ဟာ စခတ(၁၀)တပ်မှာ တပ်ကြပ်ကြီးဟောင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်က လူငယ် (၁၅)ဦးကို စစ်မှုထမ်းဖို့ ဆင့်ခေါ်စာပို့ ဖိအားပေးကာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ပေါ်စေဖို့ လုပ်ဆောင်နေသူလို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Danger Force LPDF အပါအဝင် အရာတော်မြို့နယ်မဟာမိတ် KPDF တပ်ဖွဲ့(၂)ဖွဲ့နဲ့ မုံရွာခရိုင်ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။