နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်အပြေးသမား ပြိုင်ပွဲအပြီး စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရ

+++++++++++++++++++++++++++++++++++++++

တရုတ်အပြေးသမား ဟီဂျီ (He Jie) သည် တနင်္ဂနွေနေ့တွင် ဘေဂျင်းမာရသွန်တစ်ဝက်တာဝေးပြေးပွဲတွင် အနိုင်ရရှိခဲ့ပြီး အာဖရိကန်အပြေးသမား သုံးဦးက သူ့ကို အနိုင်ရစေရန် တမင်နှေးကွေးစွာ ပြေးနေပုံပေါ်သောကြောင့် တရုတ်အင်တာနက်အသုံးပြုသူများက မေးခွန်းထုတ်ခြင်းကိုခံရပြီးနောက် စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။

ပြိုင်ပွဲပြီးဆုံးသည့် ဗီဒီယိုကလစ် တစ်ခုတွင် ကင်ညာမှ ဝီလီ မန်နန်ဂတ် (Willy Mnangat) သည် ဟီဘက်သို့လှည့်ကာ အပြေးသမားလေးဦး တစ်ဦးနှင့် တစ်ဦး ရင်ဘောင်တန်းနေစဉ် ရှေ့သို့တက်ရန် အချက်ပြသည်ကို ပန်းဝင်ရန် မီတာအနည်းငယ် အကွာအဝေးတွင် အချက်ပြခဲ့သည်ကို တွေ့မြင်ရသည်။

ကင်ညာနိုင်ငံမှ ကမ္ဘာ့စံချိန်ရှင်ဟောင်း ရောဘတ် ကီတာ (Robert Keter) သည် ၎င်း၏နိုင်ငံသားနှင့် အီသီယိုးပီးယားမှ ဒီဂျီနီ ဟိုင်လူ (Dejene Hailu) အား နောက်ပြန်ဆွဲရန် အချက်ပြပြီး ဟီအား သူတို့အုပ်စုကို ကျော်တက်စေရန် လက်ဝှေ့ယမ်း အချက်ပြလိုက် ပုံကိုလည်း ရုပ်သံတွင် သိသာထင်ရှားစွာ တွေ့မြင်ရသည်။

တရုတ်အပြေးသမားသည် ၁:၀၃:၄၄ တွင် ပထမဆု ဒေါ်လာ ၅,၅၀၀ ကို ရယူခဲ့ပြီး အာဖရိကတိုက်သား သုံးဦးသည် တစ်စက္ကန့်သာ နောက်ကျပြီး ပူးတွဲဒုတိယဆုကို ရကြသည်။

အာရှအားကစားပြိုင်ပွဲ၏ မာရသွန်ချန်ပီယံအပြေးသမား ဟီသည် ၎င်း၏ ပထမဆုံးယှဉ်ပြိုင်ဖူးသည့် မာရသွန်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စိတ်အားထက်သန်မှု နည်းပါးနေခဲ့သည်။ အာဖရိကန်အပြေးသမားများက သူ၏ကျောကိုပုတ်ပြီး အောင်နိုင်မှုကို လက်ခုပ်တီးနေသည်ကို ရုပ်သံတွင် တွေ့မြင်ရသည်။

ပြီးခဲ့သောနှစ်နှစ်အတွင်း တရုတ်နိုင်ငံ၏ မာရသွန်စံချိန်ကို နှစ်ကြိမ်ချိုးဖျက်ခဲ့သည့် အသက် ၂၅ နှစ်အရွယ် ဟီသည် ပြိုင်ပွဲအပြီးတွင် သတင်းထောက်များအား “ကျွန်တော်ရဲ့အကောင်းဆုံးယှဉ်ပြိုင်မှု အခြေအနေမှာ မရှိကြောင်း” ပြောကြားခဲ့သော်လည်း အငြင်းပွားဖွယ် ပန်းဝင်မှုကို မဖြေရှင်းခဲ့ပေ။

တရုတ်အင်တာနက်အသုံးပြုသူအချို့က အဆိုပါပြိုင်ပွဲကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သော်လည်း အချို့က ပွဲစီစဉ်သူများထံမှ အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

အခြားလူကြိုက်များသော မှတ်ချက်တစ်ခုက “ ကျွန်တော် စုံစမ်းစစ်ဆေးမှုကို ထောက်ခံပါတယ်၊ တရားမျှတတဲ့ကစားနည်းက အရေးကြီးပါတယ်” ဟု သုံးစွဲသူများက အာဏာပိုင်များက “ ယှဉ်ပြိုင်မှု၏တရားမျှတမှုကို ထိန်းသိမ်းရန်နှင့် အားကစားသမားများ၏ ကြိုးစားအားထုတ်မှုကို လေးစားရန် ရှင်းလင်းပြတ်သားသော ရှင်းလင်းချက်တစ်ခုပေးနိုင်မည်ဟု မျှော်လင့်ပါသည်။” ဟု မှတ်ချက်ပြုကြသည်။

တနင်္လာနေ့က ထုတ်ပြန်ချက်တစ်ခုတွင် ပြိုင်ပွဲကျင်းပရေးစီစဉ်သူ ဘေဂျင်းမြူနီစီပယ်အားကစားဗျူရိုနှင့် တရုတ်ပြေးခုန်ပစ်အသင်းတို့က အဆိုပါကိစ္စနှင့်ပတ်သက်၍ “အလွန်အရေးကြီးသည်” ဟု မှတ်ချက်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

ဟီနှင့် ဘေဂျင်းမာရသွန်တစ်ဝက်တာဝေးပြေးပွဲနှစ်ခုစလုံးကို စပွန်ဆာပေးသည့် တရုတ်အားကစားကုမ္ပဏီ Xstep က အခြေအနေများကို စုံစမ်းစစ်ဆေးနေပြီး အတည်ပြုထားကြောင်း နိုင်ငံပိုင်သတင်းစာ The Paper သို့ ပြောကြားခဲ့သည်။

“နောက်ထပ် အချက်အလက်တွေကို တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားမှာပါ” ဟု Xstep မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ပြေးခုန်ပစ် အားကစားအဖွဲ့ က CNN သို့ အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ပြိုင်ပွဲ၏ ဗီဒီယိုဖိုင်ကို သိရှိပြီး ဒေသဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု ဖော်ပြခဲ့သည်။

“ ကျွန်ုပ်တို့၏ အားကစား ဂုဏ်သိက္ခာသည် ကမ္ဘာ့ပြေးခုန်ပစ်တွင် အမြင့်ဆုံး ဦးစားပေးဖြစ်သည်” ဟု ဖော်ပြထားသည်။

Source: CNN

မှတ်ချက်။ He Jie ကို “ ဟွာဂျယ်” ဟု တရုတ်လို ထွက်ဆိုသော်လည်း အင်္ဂလိပ်အသံထွက်ဖြင့် ရေးသားထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 30 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ