၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၇) ရက်
MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA ညီနောင်မဟာမိတ် (၃) ဖွဲ့တို့မှ “ဝ” ပြည်နယ်၏ (၃၅) နှစ်မြောက် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနေ့ အခမ်းအနားသို့ တရုတ်ဘာသာဖြင့်ရေးသားထားသော သဝဏ်လွှာ ပေးပို၍ ဂုဏ်ပြုခဲ့ကြပါသည်။
ထို့ပြင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသော ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုတိယ ဥက္ကဋ္ဌ – (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် တားခူလန်း ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗိုလ်ချုပ် တားဟိုပလန်၊ ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်နှင့် ဗိုလ်မှူးကြီး တားမိုးဟိန်း တို့အားလုံး “ဝ” ပြည်နယ်၏ (၃၅) နှစ်မြောက် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနေ့ အခမ်းအနားသို့ ကိုယ်တိုင် ကိုယ်ကျ အလေးထား တက်ရောက် ဂုဏ်ပြုခဲ့ကြကြောင်းသိရသည်။ TNLA က သူတို့သည် ဝခေါင်းဆောင်များ၏ ဦးဆောင်မှုကို ခံယူသည်ဟုလည်း ယခင်က ပြောကြားမှုရှိခဲ့ပြီး ထိုအချက်ကို သူတို့အနေနှင့် အလေးအနက် ထားကြောင်း ဝခေါင်းဆောင်များကို ပြသသည့်အနေနှင့် ထိုအခန်းအနားသို့ TNLA ထိပ်ပိုင်းခေါင်းဆောင်များ ကိုယ်တိုင်ကိုယ်ကျ လေးစားသမှုနှင့်တက်ရောက်လာခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။