နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြှောင်တွင် သိမ်းဆည်းရမိသည့် အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် ကို အစ္စရေး ဗဟိုဘဏ်ထံ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနလွှဲပြောင်း

ဧပြီလ (၁၉) ရက်။

ဂါဇာကမ်းမြှောင်တွင် သိမ်းဆည်းရမိသည့် အမေရိကန်ဒေါ်လာ ၁၂ သန်း (Israeli Shekel ၂၉ သန်း) ခန့် ကို အစ္စရေး ဗဟိုဘဏ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီလ (၁၈) ရက်နေ့တွင် ကြေညာခဲ့သည်။ ဝန်ကြီးဌာနက သိမ်းဆည်းရမိငွေများကို အကြမ်းဖက်ရန်ပုံငွေအဖြစ် ဖော်ပြသည်။

အဆိုပါငွေများကို “အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ် အမာခံနယ်မြေများနှင့် အစ္စရေးစစ်တပ်မှ ရှာဖွေနေသည့် လူတစ်ဦးချင်းစီ၏ အိမ်များတွင် တွေ့ရှိခဲ့သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တိုက်ပွဲအတွင်း တပ်မတော်၏ အထူးတပ်ဖွဲ့များက ရှာဖွေတွေ့ရှိပြီး သိမ်းဆည်းခဲ့ကြောင်း သိရသည်။

“ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု” နှင့် ပတ်သက်၍ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ပြောဆိုချက်ကို သီးခြားအတည်မပြုနိုင်ဟု CNN က ဖော်ပြထားသည်။

ယခင်အပတ်က Israeli Shekel ၁၇ သန်းနှင့် ဧပြီလ (၁၇) ရက်တွင် Israeli Shekel ၁၂ သန်းတို့ကို ဗဟိုဘဏ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ငွေများကို နိုင်ငံ၏အလယ်ပိုင်းဒေသရှိ စစ်စခန်းတစ်ခုတွင် ရေတွက်ခဲ့ပြီး လုပ်ငန်းစဉ်သည် နာရီပေါင်းများစွာကြာခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

နေတိုးမဟာမိတ်များကို သမ္မတ ဒေါ်နယ်ထရန့် စာပို့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 73 Views
CNN သတင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။ ယခု စနေနေ့တွင် သမ္မတ ဒေါ်နယ်ထရန့်သည် နေတိုးမဟာမိတ်များကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံများအတွက် မြေပြင်စစ်ဆင်ရေးအန္တရာယ်ကို ဆွေးနွေးရန် အစိုးရအဖွဲ့ အစည်းအဝေး မကျင်းပမီ ဂါဇာစီးတီးရှိ အထပ်မြင့်အဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 79 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၄ရက် အစ္စရေးစစ်တပ်သည် ဂါဇာစီးတီးရှိ ရပ်ကွက်များစွာကို လူများထွက်ခွာရန် သတိပေးပြီးနောက် ယခုတနင်္ဂနွေနေ့တွင် အထပ်မြင့်အဆောက်အအုံများစွာကို တိုက်ခိုက်ခဲ့သည်။ ၎င်းသည်
နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 163 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် “နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ ချမ်းသာသောလူနေမှုပုံစံများကို ဆန့်ကျင်သည့် ဂျင်ဇီ မျိုးဆက် (Gen Z) ဦးဆောင်သော လူမှုကွန်ရက်လှုပ်ရှားမှုတစ်ခုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 198 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု ယူတာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်(Spencer Cox) ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သတင်းထောက်က အာဏာပိုင်များက “တေလာရော်ဘင်ဆင် (Tyler
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

GOP(ရီပတ်ပလီကင်ပါတီ) က ထရန့် ကို ပူတင် က လှည့်စားနေတယ်လို့ ပို၍ပြောလာကြ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 211 Views
သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုစည်းရုံးပြီးငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမှုတွေက ထင်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုတာ တွေ့လာရပါတယ်။ ပြီးခဲ့တဲ့လက အလက်စကားမှာ တွေ့ဆုံပြီးနောက်ပိုင်း၊ ပူတင်က ထရမ့် ကြိုးစားခဲ့တဲ့ ယူကရိန်းနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စိတ်ဝင်စားမှု
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

သီးသန့် CNN နှင့်အင်တာဗျူးတွင် ကာတာဝန်ကြီးချုပ်က နက်တန်ယာဟုသည် အစ္စရေး ဓားစာခံများအတွက် “မျှော်လင့်ချက်မှန်သမျှကို သတ်ပစ်လိုက်သည်” ဟု ပြောကြားခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 212 Views
CNN -၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ရက် ကာတာဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့တွင် CNN နှင့် သီးသန့်အင်တာဗျူးတစ်ခု၌ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဒိုဟာ၌ ဟားမတ်စ်ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းသည် “အရိုင်းအစိုင်း
နိုင်ငံတကာသတင်း ဥရောပ

ဘန့်စီ (Banksy) ၏ တရားသူကြီးက ဆန္ဒပြသူကို ရိုက်နှက်နေသည့် နံရံပန်းချီအား လန်ဒန်တရားရုံးမှ ဖျက်ပစ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 217 Views
လန်ဒန်၊ AP — တရားသူကြီးတစ်ဦးက ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်နေသည့် ဘန့်စီ ၏ နံရံဆေးရေးပန်းချီကို တရားရုံးနံရံတစ်ခုပေါ်တွင် ရေးဆွဲခဲ့ရာ ၎င်းသည် ဖယ်ရှားခံရမည့် အခြေအနေဖြစ်လာခဲ့သည်။ ပဟေဠိဆန်သည့် အနုပညာရှင် ဘန့်စီ ၏ အခြားသော အငြင်းပွားဖွယ်ရာ
နိုင်ငံတကာသတင်း အမေရိကန်

ချားလ်စ် ကိခ် ပစ်ခတ်မှု မည်သို့ဖြစ်ပွားခဲ့သနည်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 211 Views
BBC-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်။ သြဂုတ်လ၆ ရက်နေ့ ညနေပိုင်း ၁၇နာရီ ၄၁မိနစ်  တွင်က ယူတားပြည်နယ်ရှိ ယူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထင်ပေါ်ကျော်ကြားသော ရီပတ်ဘလစ်ကန် တက်ကြွလှုပ်ရှားသူ ချားလ်စ် ကိခ် ပစ်သတ်ခံရသည်။ ချားလ်စ်