နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက ‌တစ်နေ့ထက်တစ်နေ့ လူထုကို ခြိမ်းခြောက်လာနေတယ်ဆိုတာ မမေ့ဖို့ တကသများ-ရန်ကုန်ပြော

ဧပြီလ (၂၉)ရက်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ တစ်နေ့ထက်တစ်နေ့ လူထုကို ခြိမ်းခြောက်လာနေတယ်ဆိုတာ မမေ့ဖို့ တကသများ-ရန်ကုန်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ သူတို့အင်အား ယုတ်လျော့လာတာကြောင့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေပြီး ဖြည့်တင်းနေတာလို့ ဆိုပါတယ်။

စစ်အုပ်စုရှိနေသရွေ့ စစ်မှုထမ်းဥပဒေလို ဖိနှိပ်တဲ့နည်းလမ်းတွေက ပိုမိုဆိုးရွားလာတာကြောင့် စစ်အုပ်စုရဲ့ ဥပဒေအောက်မှာ ဖိနှိပ်မခံဘဲ ကိုယ်လျှောက်မယ့်လမ်းကို သေချာရွေးချယ်ကြဖို့ တိုက်တွန်းထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ရှောင်လွှဲမရဘဲ စစ်တပ်ထဲကို ရောက်သွားခဲ့ရင် တက်မတော်သား CDM တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရင်ခွင်-People Embrace ကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် နေအိမ်ဆီကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့စာ ရောက်လာတဲ့အခါ အထောက်အထားနဲ့တကွ ဆက်သွယ်သတင်းပေးနိုင်ပြီး အတတ်နိုင်ဆုံး ကူညီပေးနိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က လာရောက်ခိုလှုံနိုင်တယ်လို့ ပြောဆိုထားသလို ကျောင်းသားလက်ရုံတပ်တော်(SAF)ကလဲ ထိန်းချုပ်နယ်မြေတွေမှာ လာရောက်ခိုလှုံနိုင်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်အများအပြားက စစ်ကောင်စီတပ်မှာ စစ်မှုထမ်းမယ့်အစား တော်လှန်ရေးမှာ အားကောင်းကောင်းနဲ့ ပါ၀င်နိုင်အောင် တော်လှန်ရေးတပ်တွေမှာပဲ လာရောက်တိုက်ပွဲ၀င်ကြဖို့ လှုံ့ဆော်ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းကလဲ ကျောင်းတွေမှာ စာသင်ကြားနိုင်ဖို့ ဆရာ၊ ဆရာမတွေကို ခေါ်ယူနေတာတွေရှိပြီး ဆေးကုသတာအပါအဝင် အခြားလုပ်ငန်းပိုင်းတွေမှာ လက်နက်ကိုင်စရာမလိုပဲ ပါဝင်လုပ်ကိုင်နိုင်ဖို့ လူအင်အားတွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တပ်နဲ့ကင်းကွာတဲ့ ရဲဘော်တွေ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ မတ္တရာမြို့နယ်ပကဖ ဆင့်‌ခေါ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 13 Views
စစ်တပ်ဘက် ကူးပြောင်းပြီး သွေးဆောင်ဖျားယောင်းနေတဲ့ ရဲဘော်ဟောင်းတွေကို အရေးယူမယ်လို့ဆို ဧပြီလ (၂၃)ရက်။ တပ်နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေ ပြန်လည်လာရောက်ပြီး တာဝန်ထမ်းဆောင်ကြဖို့ မတ္တရာမြို့နယ်ပကဖက
မြန်မာသတင်း

အာဆီယံနဲ့ ပုံမှန်ဆက်ဆက်ရေး ပြန်ရဖို့ ထောက်ခံပေးမယ်ဆိုပြီး နေပြည်တော်ရောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 14 Views
ဧပြီလ (၂၃)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ
မြန်မာသတင်း

နေပြည်တော်အနီး စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁) ပူးပေါင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 11 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က နေပြည်တော် လယ်ဝေးမြို့ အောင်ချမ်းသာရွာသစ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁)ကို တိုက်ခိုက်ခဲ့တယ်လို့ သံတောင်မြောက်ပိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခမရ(၄၁၁) စခန်းသိမ်းတိုက်ပွဲဟာ (၁၅)မိနစ်ခန့် ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

KTLA ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 12 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၄)နာရီအချိန်က ကစယ်ဒိုမြို့ သမီးပေါ်သောရွာမှာ KNLA တပ်ဖွဲ့ဝင်တွေကို KTLA က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သမီးပေါ်သောရွာထဲ လုံခြုံရေးယူနေတဲ့
မြန်မာသတင်း

ငဖဲမြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ ကပစ(၁၄) ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 12 Views
ဗိုလ်အဆင့်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရခဲ့ ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ငဖဲမြို့ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၁၄)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ CDF-Asho ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တပ်ချုပ်အသစ်က လေတပ်ဦးစီးချုပ်နေရာ ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 28 Views
ဧပြီလ (၂၂)ရက်။ တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်ဦးစီးချုပ်နေရာအတွက် ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လေတပ်ဦးစီးချုပ်အနေနဲ့ ရာထူးတိုးမြှင့်ခန့်အပ်ခံရတဲ့ ထွန်းဝင်းဟာ ၁၉၈၉ခုနှစ်မှာ စစ်တပ်ထဲ စတင်ဝင်ရောက်ခဲ့ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၄)ဆင်းဖြစ်တယ်လို့
မြန်မာသတင်း

သရက်ကန်ပျူစောထီးရွာမှာ စစ်ကော်မရှင်ရဲတဦး မိုင်းဆွဲခံရကာ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 30 Views
ဧပြီလ (၂၂)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီအချိန်က သရက်ကန်ပျူစောထီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲဒီနေ့က ကျွန်တော်တို့ ပတ်ပြီးကြည့်တဲ့အချိန် မိုင်းကွင်းထဲမှာ
မြန်မာသတင်း

အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 25 Views
လူမှုကွန်ရက်က သတင်းမှားတွေနဲ့ ဖိအားပေးနေတယ်လို့ဆို ဧပြီလ (၂၂)ရက်။ အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး မင်းအောင်လှိုင်က မနေ့ကကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာဆီယံနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်က မိန့်ခွန်းပြောတာမှာ