Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဆန္ဒပြသူတွေကို ကာကွယ်ပေးမှာမဟုတ်ဘူးလို့ ဂျိုးဘိုင်ဒန်ပြောကြား

ဆန္ဒပြသူတွေကို ကာကွယ်ပေးမှာမဟုတ်ဘူးလို့ ဂျိုးဘိုင်ဒန်ပြောကြား

+++++++++++++++++

တင်းမာမှုတွေမြင့်တက်နေတဲ့ လော့စ်အိန်ဂျလိစ်မြို့က ကယ်လီဖိုးနီးယားတက္ကသိုလ်အတွင်းက ပါလက်စတိုင်းအရေးဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့ဝင် ဝင်ရောက်ဖြိုးခွင်းခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ကျောင်းသားတွေကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဂါဇာအပေါ် အစ္စရေးရဲ့ တရားလက်လွန်ကျူးလွန်မှုအတွက် မကျေနပ်တဲ့ကျောင်းသားတွေဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်ဝင်းအတွင်း စခန်းချ ဆန္ဒပြနေကြတာဖြစ်ပြီး အစ္စရေးကိုထောက်ခံသူအချို့နဲ့လည်း ရုန်းရင်းဆန်ခတ်တွေဖြစ်ပွါးခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲဟာ ဗုဒ္ဓဟူးနေ့ညပိုင်းကစပြီး ကာကွယ်ရေးတန်ဆာအပြည့်အစုံဝတ်ဆင်ကာ တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ခဲ့ပြီး ဆန္ဒပြသူတွေရဲ့ ယာယီတဲတွေထဲ ဝင်ရောက်ဖြိုခွင်းဖို့ ကြိုးပမ်းခဲ့တာပါ။ နံနက်လင်းအားကြီး ၃ နာရီ 15 မိနစ်ခန့်မှာတော့ ရဲတပ်ဖွဲ့ဟာ တက္ကသိုလ်ဝင်းအတွင်းက ထွက်ခွါဖို့ ငြင်းဆိုသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ ဖြိုခွင်းမှုကို ဦးဆောင်သူတွေဟာ ကယ်လီဖိုးနီးယားအဝေးပြေးလမ်းပေါ်က ကင်းလှည့်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး နံပတ်တုတ်တွေ၊ ဒိုင်းတွေနဲ့ ကိုင်ဆောင်ထားကြပါတယ်။

မီဒီယာတွေရဲ့ဖော်ပြချက်အရတော့ တက္ကသိုလ်ဝင်းအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရသူ 300 ကနေ 500 ကြားရှိလိမ့်မယ်လို့ ခန့်မှန်းရပြီး ဝင်ရောက်ဖြိုခွင်းချိန် တက္ကသိုလ်ဝင်းအပြင်ဘက်မှာတော့ စုဝေးနေတဲ့ ဆန္ဒပြသူအရေအတွက်က 2000 ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။

အစ္စရေး-ဟားမက်စ်စစ်ပွဲနဲ့စပ်ဆက်တဲ့ နိုင်ငံတဝန်းက တက္ကသိုလ်တွေမှာဖြစ်ပွါးနေတဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး အကာအကွယ်ပေးမှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ ကျတော်တို့ ဆန္ဒပြပွဲဓါတ်ပုံတွေ မြင်ခဲ့ရပြီးပါပြီ။ သူတို့က အမေရိကန်နိုင်ငံရဲ့ အခြေခံကျတဲ့ ဥပဒေနှစ်ခုကို စမ်းသပ်နေတာပါ။ ပထမတစ်ချက်က လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ တရားဥပဒေစိုးမိုးရေးပါ။ နှစ်ခုစလုံးကို ကျတော်တို့ လက်ကိုင်ထားဖို့ လိုပါတယ်”လို့ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဆက်လက်ပြီး ဘိုင်ဒန်က “ အများပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာဟာ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုမဟုတ်ပါဘူး။ ဒါကို ဥပဒေအရ တားမြစ်ထားပါတယ်။ ပိုင်နက်ကျူးလွန်တာ၊ ပြူတင်းပေါက်တွေကို ဖောက်ဖျက်ဝင်ရောက်တာ၊ ကျောင်းတွေကို ပိတ်ခိုင်းပြီး ကျောင်းဆင်းပွဲတွေကို ဖျက်သိမ်းခိုင်းတာတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြတာတွေ မဟုတ်ပါဘူး။ ဒါက လူတွေကို ခြိမ်းခြောက်ခြင်းသက်သက်သာဖြစ်ပါတယ်”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန်ဟာ အစ္စရေး ဟားမက်စ် စစ်ပွဲနဲ့ စပ်ဆက်တဲ့ ဆန္ဒပြပွဲတွေ တက္ကသိုလ်ဝင်းတွေအတွင်း စတင်ပြုလုပ်လာချိန်မှာ ဘာမှတ်ချက်မှ ပြောဆိုခဲ့ခြင်းမရှိပေမယ့် ဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွင်းပြီးတဲ့နောက်မှာတော့ သူတို့အနေနဲ့ ဥပဒေနဲ့ မညီတဲ့လုပ်ရပ်တွေအားလုံးကို အကာအကွယ်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန်

ယူကရိန်းကို လက်နက်အသစ်တွေ ပေးပို့မယ်လို့ ထရန့် က ပြောလိုက်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 6 Views
CNN —၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၇ ရက်၊ ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ အစိုးရက တင်ပို့မှုအချို့ကို ခေတ္တရပ်ထားပြီးနောက် ယူကရိန်းသို့ နောက်ထပ်
နိုင်ငံတကာသတင်း အမေရိကန်

BRICS အဖွဲ့၏ ‘အမေရိကန်ဆန့်ကျင်ရေး’ မူဝါဒများကို ထောက်ခံသည့် နိုင်ငံများအပေါ် အခွန်အသစ်များကောက်ခံမည်ဟု ထရန့် ခြိမ်းခြောက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 17 Views
(မှတ်ချက်- BRICS သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့် နဲ့ ခွာပြဲသွားပြီးနောက် နိုင်ငံရေးပါတီသစ် ဖွဲ့တော့မည်ဟု အီလွန်မာ့စ်ခ် ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 6 ရက်
  • 22 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက် ကုဋေကြွယ်သူဌေး အီလွန်မာ့စ်ခ်သည် ဒေါ်နယ်ထရန့် နှင့် သိသိသာသာ ကွဲထွက် သွားပြီးနောက် တတိယနိုင်ငံရေးပါတီကို ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း စနေနေ့တွင် ပြောကြားခဲ့ပြီး သမ္မတ၏ ပြည်တွင်းမူဝါဒဥပဒေမူကြမ်းသည် ဥပဒေဖြစ်လာပါက ထိုခြိမ်းခြောက်မှုများအပေါ်
တရုတ် နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားကို စစ်ရှုံးနိမ့်စေခြင်းကို လက်မခံနိုင်ဟု EU ကို တရုတ်ပြော။

  • 2025 ခုနှစ်၊ ဇူလိုင်လ 6 ရက်
  • 33 Views
CNN —၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ရက် ရုရှားစစ်ရှုံးသွားလျှင် အမေရိကန်က တရုတ်နိုင်ငံကို အပြည့်အဝ အာရုံစိုက် စေနိုင် သောကြောင့် ယူကရိန်းနှင့်စစ်ပွဲတွင် ရုရှားအနေနှင့် စစ်ရှုံးသွားမည်ကို ဘေဂျင်းက လက်ခံနိုင်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လတ်တလော ထရန့်နှင့်ပူတင်တို့ ဖုန်းခေါ်ဆိုမှုအပြီးတွင် ယူကရိန်းသို့ ရုရှားက ဒရုန်းများ စံချိန်တင်အရေအတွက်ကို ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 27 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၄ရက် CNN —ကိ့ဗ်၊ ယူကရိန်း သမတ‌ဒေါ်နယ်ထရန့်နှင့် ရုရှားသမတ ဗလာဒီမာပူတင်နှင့် ခေါ်ဆိုဆွေးနွေးမှုအပြီးတွင်  ထရန့်က အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တိုးတက်မှုမရှိကြောင်း ပြောကြားခဲ့ပြီးနောက်တွင် ကိ့ဗ်သည် ရုရှား၏ စံချိန်တင်ခဲ့သောဒရုန်းဖြင့် တိုက်ခိုက်ခြင်းခံရပြီးနောက် နာရီပိုင်း အကြာတွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်သည် အဓိကခြေလှမ်းအဖြစ် အပစ်အခတ်ရပ်စဲရေး အတွက် ‘အပြုသဘော ဆောင်သော တုံ့ပြန်မှု’အဆိုပြုချက်ကို သဘောတူညီချက်တစ်ခုရရှိရန် တင်သွင်းခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 22 Views
CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ရက် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အား အပြုသဘောဆောင်သော တုံ့ပြန်မှုကို တင်သွင်းခဲ့ကြောင်း ဟားမတ်စ်က သောကြာနေ့တွင် ကြေညာခဲ့ပြီး လပေါင်းများစွာ ကြိုးပမ်းမှုများ မအောင်မြင်ဖြစ်ပြီးနောက် ပဋိပက္ခကို
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား ပဋိပက္ခတွင် အဆင့်အမြင့်ဆုံး ရုရှားအရာရှိတစ်ဦး သေဆုံးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 19 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၄ရက် CNN — ရုရှားရေတပ်၏ လက်ထောက်အကြီးအကဲသည် ရုရှားနိုင်ငံ ကာ့စ်(Kursk) ဒေသတွင် သေဆုံး သွားခဲ့သည်၊ ရုရှားနိုင်ငံ အရှေ့ဖျားရှိ ပရီမော်စကီး (Primorsky) ဒေသ၏ အုပ်ချုပ်ရေးမှူး အိုလက် ကိုဇမ်ယာကို
နိုင်ငံတကာသတင်း အမေရိကန်

ကွန်ဂရက်လွှတ်တော်သည် ထရန့်၏ ‘ကြီးမားလှပသော ဥပဒေကြမ်း’ ကို အတည်ပြု ပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 30 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ ရက် အမေရိကန်ကွန်ဂရက်လွှတ်တော်သည် ဒေါ်နယ်ထရန့်၏ ကြီးမားသောအခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းကို သမ္မတနှင့် သူ၏ ပြည်တွင်းအစီအစဉ်အတွက် သိသာထင်ရှားပြီး ခက်ခက်ခဲခဲ တိုက်ပွဲတွင် အောင်ပွဲတစ်ခုအဖြစ် အတည်ပြုပေးခဲ့သည်။ ကာပီတိုလ်ဟေးလ်အောက်လွှတ်တော်တွင် ခက်ခဲကြမ်းတမ်းသော အစည်းအဝေးအပြီးတွင်