နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာအရေးကြောင့် အစ္စရေးနဲ့ကုန်သွယ်မှုကို တူရကီ ဖျက်သိမ်း

ဂါဇာအရေးကြောင့် အစ္စရေးနဲ့ကုန်သွယ်မှုကို တူရကီ ဖျက်သိမ်း +++++++++++++++++++++ ဂါဇာ ပဋိပက္ခနဲ့ပတ်သက်ပြီး တူရကီနိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့ ကုန်သွယ်မှုကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ ဂါဇာကမ်းမြောင်မှာ အပစ်အခတ်မရပ်မချင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေမရမချင်း အစ္စရေးနဲ့ ကုန်သွယ်မှုကို ပြန်လည်စတင်မှာမဟုတ်ဘူးလို့ တူရကီကုန်သွယ်ရေးဝန်ကြီး အိုမာဘိုလတ်က မေလ ၃ ရက်နေ့မှာ ကြေညာခဲ့တာပါ။ အလားတူ တူရကီသမ္မတ အာဒိုဂန်ကလည်း “ အနောက်နိုင်ငံတွေက အစ္စရေးအတွက် ထောက်ပံ့ပေး နေကြတယ်။ အမေရိကန်လည်း အစ္စရေးအတွက် လုပ်ပေးနေတာပါပဲ။ အဲဒီနည်းလမ်းတွေအားလုံးက ပါလက်စ်တိုင်းလူမျိုးတွေ ကံဆိုးစွာနဲ့ သေဆုံးဖို့အထိကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အစ္စရေးရဲ့ ဗုံးတွေကို ကျတော်တို့ သည်းမခံနိုင်တော့တဲ့အတွက် ကုန်သွယ်မှုကို ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အစ္စရေးနဲ့ တူရကီနှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ 9. 5 ဘီလျံအထိရှိပါတယ်”လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရက်ကာ့ဒ်ကတော့ တူရကီနိုင်ငံရဲ့ ကုန်သွယ်မှု တစ်ဖက်သတ်ရပ်ဆိုင်းခြင်းဟာ နိုင်ငံတကာကုန်သွယ်ရေးသဘောတူညီချက်ကို ချိုးဖျက်ခဲ့တာဖြစ်ပြီး အာဏာရှင်တစ်ဦးရဲ့ အပြုအမူအတိုင်း ပြုမူခဲ့တာဖြစ်တယ်လို့ တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။ ဟားမက်စ်တွေကတော့ တူရကီရဲ့ဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်းအခွင့်အရေးအတွက် ရဲရင့်ပြီး ထောက်ခံအားပေးမှုအဖြစ် ချီးကျူးခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်းက တူရကီဟာ အစ္စရေးရဲ့ လေကြောင်းပစ်ကူတွေကို တားဆီးဖို့အတွက် သံမဏိ၊ ဓါတ်မြေဩဇာ၊ လေယာဉ်ဆီအပါအဝင် အခြားထုတ်ကုန်အချို့ကို တင်ပို့ဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ အခုတော့ ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းလိုက်တာပါ။ ဂါဇာကမ်းမြောင်အတွင်း အစ္စရေးရဲ့စစ်ရေးလှုပ်ရှားမှုတွေအားလုံးကို တူရကီက ရှုတ်ချခဲ့ပြီး ဂါဇာအတွက် အထောက်အပံ့အဖြစ် တန်ချိန်ထောင်ပေါင်းများစွာကို ပေးပို့ခဲ့ပါတယ်။ တူရကီနဲ့ အစ္စရေးတို့ရဲ့ ကုန်သွယ်မှုကြောင့် တူရကီပြည်တွင်းမှာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေဖြစ်စေခဲ့ပြီး မတ်လအတွင်းကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အာဏာရပါတီဖြစ်တဲ့ AK ကို ကို ထိခိုက်စေခဲ့ပါတယ်။ တူရကီအစိုးရက အစ္စရေးနဲ့ ကုန်သွယ်မှုရပ်ဆိုင်းလိုက်တယ်လို့ ကြေညာခဲ့ပေမယ့် တူရကီပို့ကုန်ကုမ္ပဏီတချို့ကတော့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို တတိယနိုင်ငံကတဆင့် အစ္စရေးကို တင်ပို့နိုင်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ အစိုးရရဲ့ဆုံးဖြတ်ချက်ဟာ သူတို့အတွက် အလွန်အံ့အားသင့်စရာဖြစ်ခဲ့ရတယ်လို့လည်း လုပ်ငန်းရှင်အချို့က ပြောပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 5 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး