နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်က ဂါဇာမြို့အရှေ့ပိုင်း ရာဖာ မှနေထိုင်သူများကို့ပြောင်းရွေ့ရန်အမိန့်ထုတ်

အစ္စရေးစစ်တပ်က ဂါဇာမြို့အရှေ့ပိုင်း ရာဖာ မှနေထိုင်သူများကို “ချက်ခြင်းဘေးကင်းရာသို့ပြောင်းရွေ့ရန်” တောင်းဆိုခဲ့ပြီးနောက် ဂါဇာမြို့အရှေ့ပိုင်း ရာဖာ မှ တနင်္လာနေ့တွင်လူအများ ထွက်ခွာလာခဲ့ကြသည်။
အစ္စရေးက မြို့တော်ကို ကာလရှည်ကြာတိုက်ခိုက်ရန် ခြိမ်းခြောက်နေခြင်းကြောင့် မကြာမီ တိုက်ခိုက်မှုကို ပြုလုပ်တော့မည်လောဟု မေးခွန်းထုတ်ခဲ့သည်။ စစ်ပွဲ ခုနစ်လနီးပါးအတွင်း ပါလက်စတိုင်း ၁ သန်းကျော်သည် ရာဖာမြို့သို့ ထွက်ပြေးခဲ့ကြရပြီး၊ အစ္စရေး၏ မြောက်ဘက်ပိုင်းကို ဖျက်ဆီးပြီးနောက် ဟားမတ်စ်တို့က ထိုနေရာတွင် ပြန်လည်စုဖွဲ့ခဲ့သည်ဟု အစ္စရေးက ယုံကြည်နေသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ယာဟု သည် ရာဖာတွင် မြေပြင်စစ်ဆင်ရေးကို အပြည့်အ၀ ဆင်နွှဲရန် အစ္စရေးလက်ယာအစွန်းရောက်များ၏ ဖိအားများကို ရင်ဆိုင်နေရသဖြင့် မြို့တော်သည် စစ်ပွဲ၏ဗဟိုချက်ဖြစ်လာနေသည်။ ဓားစာခံများအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်သည်မည်သည့်အာမခံချက်ရှိပြီး ပြောင်းရွှေ့သောနေရာတွင် ဆက်လက် ချေမှုန်းရန် ရှိ၊မရှိအာမခံမှုကို မသိရသေးသော်လည်း မဝေးတော့သည့် အနာဂတ်တွင် ရာဖာ တွင် ပြင်းထန်သော စစ်ဆင်ရေးပြုလုပ်ရန်ပြင်ဆင် မျှော်လင့်ထားရန် အစ္စရေးကာကွယ်ရေးဝန်ကြီးက ဂါဇာရှိတပ်များအား ပြောကြားပြီးနောက် တစ်ရက်အကြာတွင် ထိုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

နေတန်ယာဟုက ဂါဇာတွင် ၎င်း၏စစ်ဆင်ရေးကို ကန့်သတ်ရန် အတွက် နိုင်ငံတကာဖိအားများပေးနေမှုကြားမှ အစ္စရေးသည်တနိုင်ငံတည်း အထီးကျန် ဖြစ်နေစေကာမူ အစ္စရေးက မိမိကိုယ်ကို ခုခံကာကွယ်မည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ ဟားမတ်စ်၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အီဇက် အယ်ရာရှ် (Izzat Al-Rashq) က ရာဖာ အတွင်းသို့ ကျူးကျော်တိုက်ခိုက်ပြီးဝင်ရောက်လာပါက အစ္စရေးစစ်တပ်အတွက် “ပျော်ပွဲစား”ထွက်လာသကဲ့သို့ တော့ ဖြစ်လာမည် မဟုတ်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုများကို အန္တရာယ်ဖြစ်စေကြောင်း သတိပေးခဲ့သည်။ အစ္စရေးနှင့် ဟားမတ်စ်တို့သည် သီတင်းပတ်ကုန်က သဘောတူညီမှု မရရှိခဲ့ကြသဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ညှိနှိုင်းမှုများသည် တစ်ဖန် ရပ်တန့်သွားခဲ့သည်။ နေတန်ယာဟုက စစ်ပွဲကို အဆုံးသတ်ရန် ငြင်းဆိုထားပြီး ဟားမတ်စ်က အစ္စရေးအား စစ်ပွဲကိုအဆုံးသတ်ရန် ကတိကဝတ်ပြုဖို့ တောင်းဆိုခဲ့သည်ဟု အစ္စရေးသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။ အစ္စရေးအရာရှိအချို့က ထိုအရှေ့ပိုင်း ရာဖာမှဒုက္ခသည်များကို ပြောင်းရွေ့ခိုင်းခြင်းသည် ဟားမတ်စ်ကို သူတို့ရပ်တည်ချက်မှ ပြောင်းလဲလာပြီး သဘောတူညီမှုကို ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ကြသည်။

စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်ကသည် ဆွေးနွေးပွဲအတွက် ကိုင်ရိုတွင် ရပ်နားပြီးနောက် တစ်ရက်အကြာ တနင်္လာနေ့တွင် Doha တွင် ဆက်လက်ညှိနှိုင်းနေပါသည်။ ရာဖာ နှင့်ပတ်သက်ပြီး အစ္စရေး၏ သတိပေးချက်များသည် ညှိနှိုင်းနေမှု တိုးတက်မှုမရှိခြင်းနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း ဘိုင်ဒင် မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အစ္စရေးက ဟားမတ်စ်ကို ဖိအားပေးဖို့ ကြိုးစားနေတယ်လို့ အရာရှိက ပြောကြားပြီး “အဆင်မပြေရင် အစ္စရေးက ရာဖာထဲကို ဝင်သွားလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံပြီးနောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် ကီရမ် ရှာလုံမ် (Kerem Shalom) နယ်စပ် ဖြတ်ကျော်မှုဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန် နေတန်ယာဟုက သဘောတူညီခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏အဆိုအရ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဟားမတ်စ်တို့ လက်ချက်ဖြင့် အနည်းဆုံး ဒုံးကျည် ၁၀ စင်းထိမှန်ခဲ့ပြီး အစ္စရေး တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ အခြား ၃ ဦး ဒဏ်ရာရရှိသွားသည့်အတွက် ထိုလမ်းကြောင်းကို ပိတ်ထားခဲ့ရကြောင်း သိရသည်။ အဆိုပါဖြတ်ကျော်မှုဂိတ် သည် ဂါဇာကမ်းမြောင်သို့ အကူအညီများရရှိရန် အဓိကအချက်ဖြစ်သည်။ ကီရမ် ရှာလုံမ် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ရာဖာအရှေ့ပိုင်းရှိ ပါလက်စတိုင်း ဒုက္ခသည်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးမှုအကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ IDF ၏ နိုင်ငံတကာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နာဒါဗ့် ရှိုစာနီ (Nadav Shoshani) က အစ္စရေး၏ အမိန့်သည် “ယာယီ ဘေးကင်းရန် အကန့်အသတ်ရှိသော စစ်ဆင်ရေး” ဖြစ်ပြီး “အများအပြားကို ကျယ်ပြန့်စွာ ရွှေ့ပြောင်းခြင်း မဟုတ်ကြောင်း” ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ရာဖာ အရှေ့ပိုင်းရှိ CNN မှ လူတစ်သိန်းခွဲသည် ထွက်ခွာရန် ပြင်ဆင်နေစဉ်အတွင်း လူများ သည် ကြောက်ရွံ့ထိတ်လန့်ကာတုန်လှုပ်သွားခဲ့ကြောင်း ဗီဒီယိုနှင့် ဓာတ်ပုံများတွင် ရွှေ့ပြောင်းဒုက္ခသည်များက ပစ်ကပ်ထရပ်ကားများ၊ ကားများနှင့် မြည်းဆွဲလှည်းများ၏ နောက်ကျောတွင် ထုပ်ပိုးထားကြောင်း သိရသည်။


ပါလက်စတိုင်းစစ်ဘေးရှောင်ဒုက္ခသည်များသည် လောင်စာဆီနှင့် ပလတ်စတစ်အိတ်များ အပြည့်ထည့်ထားသော သိုလှောင်အိတ်များအကြားတွင် ကလေးငယ်များ ထိုင်နေကြသည်ကို မြင်တွေ့ရပြီး မိသားစုများမှာ ကားခေါင်မိုးတွင် မွေ့ယာများဖြင့် ဝိုင်ပတ်ထားခဲ့ကြသည်။ အစ္စရေးကာကွယ်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ ယူနစ်၏ အာရပ်မီဒီယာဌာနခွဲမှ အကြီးအကဲ အာဗီချေးအက်ရီး (Avichay Adraee) က “သင့်လုံခြုံရေးအတွက်၊ စစ်ဆေးရေးဂိတ်များတွင် တိုးချဲ့ထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဧရိယာသို့ ချက်ချင်း ရွှေ့ပြောင်းရန် ကာကွယ်ရေးတပ်မတော်မှ တိုက်တွန်းထားသည်”ဟုဆိုသည်။ အာဗီချေးအက်ရီး သည် “ရာဖာ ဧရိယာတွင်ရှိ အယ်ရှာဝါကာရှိ မြူနီစပယ်နှင့် ရပ်ကွက်များ တွင်နေထိုင်ကြသူများအား “အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခု” ပြုလုပ်ခဲ့ပြီးပြောင်းရွေ့ရန်တိုက်တွန်းခဲ့သည်။


အစ္စရေးက “တိုးချဲ့ထားသည့်လူသားချင်းစာနာထောက်ထားမှုဧရိယာ” အဖြစ်သတ်မှတ်ထားသော ခန်းယူနစ် (Khan Younis) ၏အနောက်ဘက်ရှိ ကျဉ်းမြောင်းပြီး စိမ်းစိုသောကမ်းရိုးတန်းအစွန်းမှ အယ်မောဝါစီ (Al-Mawasi) သို့ပြောင်းရွေ့နေထိုင်ရန် ညွှန်ကြားခဲ့သည်။ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်များ အေဂျင်စီ (UNRWA) က ၎င်းတို့သည် “ရွှေ့ပြောင်းခြင်း မပြု” ကြောင်းနှင့် အေဂျင်စီသည် “တတ်နိုင်သမျှ ကာလပတ်လုံး ရာဖာ တွင် တည်ရှိနေမည်ဖြစ်ပြီး လူများကို အသက်ကယ်ဆယ်ပေးရေး အကူအညီများ ဆက်လက် ပေးအပ်သွားမည်” ဟု ပြောကြားခဲ့သည်။ ရာဖာ ဖြတ်ကျော်မှုမှ UNRWA မီဒီယာဒါရိုက်တာဝါအယ်အဘူအိုမာ (Wael Abu Omar) က “ယခုအချိန်အထိ ရာဖာ ကုန်းလမ်း ကူးသည်ခရီးသည်သွားလာမှုကို ပိတ်ထားခြင်းမရှိပါ။ ရာဖာ ကုန်သွယ်ရေးနဲ့ ကီရမ် ရှာလုံမ် (Kerem Shalom) ဖြတ်ကျော်မှုဂိတ်တွေမှာ ထရပ်ကားလှုပ်ရှားမှုနဲ့ အကူအညီတွေ ဝင်ရောက်မှုကို မနေ့က မွန်းလွဲပိုင်းကတည်းက ရပ်တန့်ထားပါတယ်။”
အစ္စရေးကာကွယ်ရေးတပ်က သူတို့လက်ကမ်းစာရွက်မျာားကိုလေယဉ်ပေါ်မှရာဖာတွင်နေထိုင်သူများပေါ်သို့ကြဲချခဲ့ကြောင်း စာထဲတွင် “ရာဖာစခန်း၊ ဘရာဇီးစခန်း၊နဲ့ အိမ်နီးချင်း အယ်ရျာဘူရာနဲ့ အယ်ဇိုဟာဝါ တို့မှလူများရွေးပြောင်းရန် ဆက်လက်ကျန်နေပါက သင့်အတွက် အသက်အန္တရာယ်ကို ကျရောက်စေသလိုဖြစ်မည်” ဟုပါရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 73 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက