နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က TNLA တပ်စခန်းရှိရာကို လက်နက်ကြီးနဲ့ပစ်ခတ်

မေလ (၈)ရက်။

မေလ (၄)ရက်နေ့ ည(၈)နာရီခန့်မှာ မိုးကုတ်မြို့၊ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ခလရ(၁၄၈)နဲ့ ခလရ(၇၁)တို့က ဖြူရောင်ကျေးရွာကနေ TNLA တပ်စခန်းကို လက်နက်ကြီး (၄)လုံးအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် ဖြူရောင်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာအကြားကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ (၁၁)ရက်နေ့မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့တို့အကြား ယာယီအပစ်ရပ်ဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

ဒီလိုအပစ်ရပ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ညီနောင်မဟာမိတ်တပ်စခန်းတွေရှိတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ဧပြီလ (၂၇)ရက်နေ့နဲ့ (၂၈)ရက်နေ့ကလဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ (၆)ကြိမ်ပစ်ခတ်ခဲ့တာကြောင့် သုံးဆယ်ကျေးရွာက အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ နေအိမ် (၂)လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံ ဘန်ကောက်စည် ပြိုကျနေသည့် စာရင်းစစ်ရုံး အဆောက်အအုံ၏ အပျက်အစီးများထဲတွင် ပိတ်မိနေသည့်အလောင်းများကို အမေရိကန် စစ်ဘက်ရှာဖွေရေး ကိရိယာများမှ X-ray ဓါတ်ပုံတွင် တွေ့ရှိခဲ့သည်။

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 12 Views
ဧပြီလ (၁) ရက်။ အဆောက်အအုံ၏ ရှုပ်ထွေးသောဖွဲ့စည်းပုံသည် နေရာအတိအကျကို ရှာဖွေရခက်ခဲစေသောကြောင့် Scan ပုံရိပ်ရှာကိရိယာတွင်တွေ့ရှိသည့် အလုံး ၇၀ လုံးသည်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

လစ်သူယေးနီးယားမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်စစ်သည် ၄ ဦးထဲမှာ ၃ ဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 4 Views
+++++++++++++++++ လစ်သူယေးနီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန်စစ်သား လေးဦးအနက် သုံးဦးကို သစ်ဆွေးမြေပြိုကျမှုဖြစ်ပွါးခဲ့တဲ့ နေရာမှာ သေဆုံးနေတာကို တွေ့ရှိရပြီး
နိုင်ငံတကာသတင်း အာရှ

ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေစတင်ပြုလုပ်လာ

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 4 Views
++++++++++++++++++++++ ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်က ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စတင်ခဲ့ပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်းတီကိုလည်း “အဖျက်သမားကပ်ပါးကောင်”လို့ ကင်ပွန်းတပ်ရှုတ်ချလိုက်ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်းကွပ်ကဲရေး စစ်ဌာနချုပ်က ဖော်ပြတဲ့ စစ်ရေးလေ့ကျင့်မှုဗီဒီယိုမှာ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီကို ပိုးနှံကောင်အဖြစ် ပုံဖော်ထားပြီး မီးလောင်နေတဲ့ ထိုင်ဝမ်ကျွန်းပေါ်ကနေ
နိုင်ငံတကာသတင်း အမေရိကန်

ကွန်ဂရက်ရှိ ရီပတ်ဘလီကန်ခေါင်းဆောင်များသည် သမ္မတတတိယသက်တမ်းအတွက် ထရန့်၏ ပြောဆိုချက်ကို ရှုတ်ချခဲ့သည်။

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 3 Views
++++++++++++++++++ ထရန့်သည် တတိယသက်တမ်းအတွက် သူအရွေးခံနိုင်ဖွယ်ရှိသည် ဆိုခြင်းမှာ “နောက်ပြောင်ပြောဆိုခြင်းမဟုတ်” ကြောင်း NBC News သို့ ပြောကြားခဲ့သည်။ သို့ရာတွင် “ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုတယ် ဒီလို လုပ်လို့မရဘူး” ဟု ရီပတ်ပလီကင် GOP
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

မလေးရှားနိုင်ငံမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီး လူ ၁၀၀ ကျော် ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 2 Views
ဧပြီလ (၁) ရက်။ ကွာလာလမ်ပူမြို့ အပြင်ဘက်တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီး မီးလောင်မှုကြောင့် အနည်းဆုံး အိမ်ခြေ ၄၉ လုံး ပျက်စီးခဲ့ပြီး လူ ၁၁၂ ဦး ဒဏ်ရာရရှိကာ မီးလောင်ဒဏ်ရာများနှင့် အခြားဒဏ်ရာရရှိသူ ၆၃
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ကျန်တဲ့အဆောက်အအုံတွေ ဘာမှမဖြစ်ဘဲ တရုတ်ဆောက်တဲ့ အဆောက်အအုံတစ်ခုပဲ ပြိုကျခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 7 Views
ဧပြီလ (၁) ရက်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ၃၃ ထပ် ရှိတဲ့ ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ပြီး အလုပ်သမားတွေ ပိတ်မိနေတဲ့အဆောက်အအုံကို တရုတ်နိုင်ငံပိုင်
နိုင်ငံတကာသတင်း အာရှ

တောင်ပစိဖိတ်ဒေသရှိ တွန်ဂါတွင် ပြင်းအား ၇ ဒဿမ ၁ ရှိတဲ့ ငလျင်လှုပ်ခတ်ကာ ဆူနာမီဘေး အန္တရာယ်ရှိနိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 11 Views
တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ တွန်ဂါကမ်းရိုးတန်းမှာ ဒေသစံတော်ချိန် မတ်လ (၃၁) ရက် မနက် ၁ နာရီ ၁၈ မိနစ်မှာ ပြင်းအား 7.1 ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က ထုတ်ပြန်ထားပါတယ်။ ငလျင်ဗဟိုချက်မှာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းလူမျိုး အော်စကာဆုရှင် ဟမ်ဒမ် ဘဲလ်လာကို အစ္စရေးစစ်သားတွေက ရိုက်နှက်

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 16 Views
အော်စကာဆုရှင် ဟမ်ဒမ် ဘဲလ်လာ (Hamdan Ballal) က သူ့ကို ထိန်းသိမ်းထားစဉ် အစ္စရေးစစ်သားတွေက သူ့ကို ရိုက်နှက်ခဲ့သည်ဟု ပြောခဲ့သည်။ အစ္စရေးအခြေချနေထိုင်သူတစ်ဦးသည် ၎င်း၏ရွာကို တိုက်ခိုက်စဉ် ၎င်း၏ဦးခေါင်းအား “ဘောလုံးကဲ့သို့” ကန်ခဲ့ကြောင်း ဘဲလ်လာ (Ballal)