နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာမြို့က ဘုန်းကြီးကျောင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရ

မေလ (၁၀)ရက်။

ဒီကနေ့ နံနက်(၅)နာရီ (၄၅)မိနစ်အချိန်မှာ မတ္တရာမြို့မြောက်ဘက် (၂)မိုင်အကွာရှိ တောင်တံငါကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းငယ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီအထိုင်စခန်းငယ်ကို နံနက်(၅)နာရီအချိန်ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF က စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကာ (၄၅)မိနစ်အကြာမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီအထိုင်စခန်းငယ်ဟာ မတ္တရာမြို့ကနေ စဉ့်ကူးဘက်ကိုအထွက်မှာ တည်ရှိပြီး မတ္တရာမြို့နဲ့ ရေနံ့သာကျေးရွာကြားမှဦ ပြည်သူတွေဆီကနေ အဓမ္မငွေကြေးတွေ ကောက်ခံနေတဲ့စခန်းလို့ ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲကနေ Drone Jammer (၁)လက်နဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ကစဉ့်ကလျားထွက်ပြေးသွားခဲ့ကြကာ MDY-PDF ဘက်က ရဲဘော်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲမှာ သိမ်းဆည်းရမိခဲ့တဲ့အထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးကိုင်ဆောင်တဲ့ ပစ္စတိုဟာ ကလေးကစားစရာ ပလက်စတစ်ကော်စေ့သေနတ်ဖြစ်နေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ပြောတာတွေအပေါ် စစ်ကောင်စီနဲ့ခိုင်းနှိုင်းတဲ့ ဒေါက်တာတူးခေါင်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 4 Views
မေလ (၁၃)ရက်။ ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ ပြောဆိုနေတာတွေအပေါ် NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စစ်ကောင်စီနဲ့ခိုင်းနှိုင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရေစကြိုမှာ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 20 Views
မေလ (၁၃)ရက်။ မေလ (၉)ရက်နေ့ ‌နံနက် (၇)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဆန်းသစ်ကျေးရွာအနီး စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးတိန်တွင်းရွာ စာသင်ကျောင်းမှာ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန် လေကြောင်းတိုက်ခိုက်ခံရတာလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 62 Views
မေလ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်က ဒီပဲယင်းမြို့ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ ကလေးတွေ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး
မြန်မာသတင်း

မန်တုံမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား (၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 25 Views
မေလ (၁၃)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်က မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည(၁၂)နာရီ (၄၅)မိနစ်အချိန်မှာ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီတပ်က
မြန်မာသတင်း

ဂန့်ဂေါမြို့မှာ စစ်ကောင်စီစစ်ကြောင်းက ကလေးငယ်တွေအပါအဝင် အရပ်သား (၁၁)ဦးကို သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၁)နာရီခန့်က ဂန့်ဂေါမြို့တောင်ပိုင်း လယ်မကျေးရွာကို ခလရ(၅၀)နဲ့ အမြောက်တပ်က အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ခလရ(၅၀)နဲ့ အမြောက်တပ်က စခတွေပေါင်းပြီး အင်အား
မြန်မာသတင်း

ချင်းတပ်ဖွဲ့တွေပူးပေါင်းပြီး Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 21 Views
မေလ (၁၂)ရက်။ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေပေါင်းစည်းကာ Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းနိုင်ဖို့ သဘောတူခဲ့တယ်လို့ ချင်းညီနောင်(CB)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌ဧပြီလ (၂၆)ရက်နေ့ကနေ (၂၉)ရက်အထိ ချင်းညီနောင် မြေပြင်အစည်းအဝေးကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့ပြီး
မြန်မာသတင်း

ဒီပဲယင်းရှိ စာသင်ကျောင်း ဗုံးကြဲခံရပြီး ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 27 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ဒီပဲယင်းမြို့အနောက်ဘက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက်(၉)နာရီ (၄၀)လောက်မှာ ဒီပဲယင်းအနောက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို
မြန်မာသတင်း

ရွှေကျင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 29 Views
စစ်ကောင်စီဘက်က တပ်ရင်မှူးအပါအဝင် အရာရှိတွေနဲ့ တပ်သား (၅၀)ခန့် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြ မေလ (၁၂)ရက်။ မေလ (၈)ရက်နေ့က ရွှေကျင်မြို့ ညောက်ခြေထောက်ရွာရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့