နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂါဇာစစ်ပွဲက ဂျိုးဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲရလဒ်ကို အထိနာစေမှာလား?

ဂါဇာစစ်ပွဲက ဂျိုးဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲရလဒ်ကို အထိနာစေမှာလား? ++++++++++++++++ ဂါဇာစစ်ပွဲနဲ့ အမေရိကန်ကျောင်းဝန်းတွေက ဆန္ဒပြပွဲတွေကို သမ္မတဂျိုးဘိုင်ဒန်ကိုင်တွယ်ခဲ့ပုံတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်ပါတီဝင်တွေကြားမှာ လေးလေးနက်နက် ဝေဖန်မှုတွေရှိနေပြီး လွန်ခဲ့တဲ့ ၄ နှစ်က ဒေါ်နယ်ထရန့်ကို အနိုင်ယူဖို့ သူမှီခိုခဲ့တဲ့ ညွန့်ပေါင်းအဖွဲ့မှာလည်း သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်စေခဲ့တဲ့လို့ ရိုက်တာရဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ မေလ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကောက်ယူခဲ့တဲ့ အဲဒီစစ်တမ်းမှာ ဒီမိုကရက်တစ်မဲဆန္ဒရှင်တွေထဲက ၄၄ ရာခိုင်နှုန်းဟာ အကျပ်အတည်းတွေကို ဂျိုးဘိုင်ဒန်ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး သဘောမတူကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေကို သဘောမတူတဲ့ ဒီမိုကရက်တစ်မဲဆန္ဒရှင်တွေဟာ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို ထပ်မံမဲပေးဖို့ မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ ဒါက ဒေါ်နယ်ထရန့်နဲ့ ပြန်ရင်ဆိုင်ရမယ့် မကျေပွဲအတွက် သေးသေးမွှားမွှားစိုးရိမ်စရာတော့မဟုတ်ပါဘူး။ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ၃၅၀၀၀ သေဆုံးခဲ့ရပေမယ့် အစ္စရေးကို စစ်ရေးအရ ဆက်လက်ကူညီထောက်ပံ့နေတာတွေကြောင့် ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရက်တစ်ပါတီဝင်တွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းကိုလည်း ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့တစ်ပတ်က ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို စီးနင်းဝင်ရောက်မှုမှာ အစ္စရေးကို ပေါင် 7000 နဲ့ ပေါင် 500 ဗုံးသီး ၁၇၀၀ တွေတင်ပို့မှု ရက်ရွှေ့ဆိုင်လိုက်ပေမယ့်လည်း အမေရိကန်ရဲ့ လက်နက်အကူအညီတွေဟာ အစ္စရေးကို ဆက်လက်စီးဆင်းနေဆဲဖြစ်ပါတယ်။ ဂါဇာအရေးနဲ့ပတ်သက်ပြီး အမေရိကန်ကျောင်းဝန်းတွေက ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ စီးနင်းဖြိုခွင်းခိုင်းတဲ့ ကိစ္စတွေဟာ ဒေါ်နယ်ထရန့်ရဲ့ ဖရိုဖရဲဖြစ်မှုကို တည်ငြိမ်အောင်လုပ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ 2020 ခုနှစ်က ဂျိုးဘိုင်ဒန်ရဲ့ မဲဆွယ်ကတိကိုလည်း ပျက်ပြားစေခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဂျိုးဘိုင်ဒန်ရဲ့ ပြိုင်ဘက်ဒေါ်နယ်ထရန့်က လက်ရှိမတည်ငြိမ်မှုတွေကို အသုံးချပြီး ဂျူးမဲဆန္ဒရှင်တွေ၊ လူငယ်မဲဆန္ဒရှင်တွေနဲ့ အခြားသောမဲဆန္ဒရှင်တွေကို ဂျိုးဘိုင်ဒန်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မကျေနပ်ကြောင်း ပြသဖို့ တိုက်တွန်းခဲ့ပါတယ်။ ရိုက်တာရဲ့ စစ်တမ်းမှာပါဝင်တဲ့ 34 ရာခိုင်နှုန်းကတော့ ဂျိုးဘိုင်ဒန်ရဲ့ စစ်ပွဲအပေါ်ကိုင်တွယ်မှုကို လက်ခံကြပါတယ်။ အဲဒီ ၃၄ ရာခိုင်နှုန်းမှာ 53 ရာခိုင်နှုန်းက ဒီမိုကရက်မဲဆန္ဒရှင်တွေဖြစ်ပြီး ရီပက်ဘလီကန်မဲဆန္ဒရှင် ၂၂ ရာခိုင်နှုန်းနဲ့ အခြားလွတ်လပ်တဲ့အဖွဲ့အစည်း ၃၁ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။ တက္ကသိုလ်ကျောင်းဝန်းအတွင်းက စစ်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ သမ္မတဂျိုးဘိုင်ဒန်နဲ့ သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လပေါင်းများစွာ ပစ်မှတ်ထားဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ အွန်လိုင်းက ကောက်ယူခဲ့တဲ့ ရိုက်တာရဲ့ စစ်တမ်းမှာ မှတ်ပုံတင်ထားတဲ့ မဲပေးသူ 3208 ဦးပါဝင်ခဲ့ပြီး အမေရိကန်နိုင်ငံတဝန်းက အရွယ်ရောက်ပြီး မဲပေးခွင့်ရှိသူ 3934 ဦး အထိ ပါဝင်ခဲ့ကြပါတယ်။ “ ဒီစစ်တမ်းက ဂျိုးဘိုင်ဒန်ဟာ အရှုံးသမားဆိုတာကို ဖော်ပြနေတာပါပဲ။ သူက အခုကတည်းက ဘယ်၊ ညာ နှစ်ဖက်စလုံးက မဲတွေရော အလယ်က မဲတွေပါ ဆုံးရှုံးနေတာပါ”လို့ စစ်တမ်းကို သုံးသပ်တဲ့ မဟာဗျူဟာပညာရှင် ဒေါက်ကလပ်ရှိုးအန်းက ဝေဖန်သုံးသပ်ခဲ့ပါတယ်။ +++++++++++ ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 28 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 39 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “